Friday, January 17, 2020

တရုတ်သမ္မတနဲ့ မြန်မာတပ်ချုပ် ၂ နိုင်ငံ လုံခြုံရေးဆွေးနွေး မည်

VOA  
ဗွီအိုအေ (မြန်မာဌာန) 
နိုင်ကွန်းအိန်
17 ဇန္နဝါရီ၊ 2020 
၂၀၁၆ နိုဝင်ဘလတုန်းက မြန်မာတပ်ချုပ် နဲ့ တရုတ်သမ္မတ တွေ့ဆုံစဉ် 

တရုတ်နိုင်ငံသမ္မတ Xi Jinping ဒီကနေ့မြန်မာနိုင်ငံကို လာရောက်တဲ့ခရီးစဉ်ဟာ နှစ်နိုင်ငံ ဆက်ဆံရေး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ဖွံ့ဖြိုးရေးအတွက် ကောင်းမွန်တိုးတက်လာလိမ့်မယ်လို့ တပ်မတော်ဘက် ကပြောပါတယ်။

မနက်ဖြန်မှာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့တွေ့ဆုံရာမှာ နှစ်နိုင်ငံစစ်ရေးလုံခြုံရေး ကိစ္စရပ်တွေ ဆွေးနွေးဖို့ ရှိတယ်လို့ တပ်မတော်တာဝန်ရှိသူတွေက ပြောပါတယ်။ ဗွီအိုအေမြန်မာပိုင်း သ တင်းထောက် နိုင်ကွန်းအိန်ကနေ ဆက်သွယ်မေးမြန်း သတင်းပေးပို့ထားပါတယ်။

တရုတ်သမ္မတရဲ့မြန်မာ နိုင်ငံခရီးစဉ်မှာ ငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးရေးအတွက် အလားလာကောင်းမွန် လာလိမ့် မယ်လို့ မျှော်လင့်ကြောင်း တပ်မတော်ပြောရေးဆို ခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်း ကအခုလိုပြော ပါ တယ်။ 

“ကျွန်တော်တို့တရုတ်နဲ့မြန်မာနိုင်ငံဟာ ရှေးနှစ်ပေါင်းများစွာကတည်းက ဆက်သွယ်ဆက်ဆံမှုရှိတဲ့ နိုင် ငံတွေဖြစ်တယ်။ တရုတ်တပ်မတော်နဲ့မြန်မာ့တပ်မတော်ရဲ့ ဆက်ဆံမှုဆိုတာကလဲ ရှေးနှစ်ပေါင်းများစွာ ကတည်းကရှိတယ်။ (၁၉၈၈)မှာ တော့ ပိုမိုသိသာ တိုးတက်ထင်ရှားလာတာပေါ့။ မဟာဗျူဟာမိတ်ဖက် ဆက် ဆံရေးကနေ ဆွေမျိုးပေါက်ဖေါ်အဆင့် ချစ်ကြည်ရင်နှီးရေးအဆင့်ထိ ကျွန်တော်တို့ကဆောင် ရွက်နေ တဲ့ နိုင်ငံဖြစ်တယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ကတော့ ဒီခရီးစဉ်အပေါ်မှာ မြန်မာနိုင်ငံရဲ့ငြိမ်း ချမ်းရေး အလားလာတွေ ဖွံ့ဖြိုးတိုးတက်ရေး အလားအလာတွေ ပိုမိုတိုးတက်လာ လိမ့်မယ်လို့မျှော်လင့် ပါ တယ်။” 

ဒီကနေ့မွန်းလွှဲပိုင်းမှာ မြန်မာနိုင်ငံကိုလာရောက်တဲ့ တရုတ်သမ္မတ ရှီကျင်ဖျင်ဟာ သမ္မတ ဦးဝင်းမြင့်နဲ့ နိုင် ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့တွေ့ဆုံ ပြီး မနက်ဖြန်မှာ တော့ ကာကွယ်ရေး ဦးစီးချုပ်နဲ့ တွေ့ဆုံ မှာ ဖြစ်ပြီး အခုလို တရုတ်မြန်မာနှစ်နိုင်ငံ ခေါင်းဆောင်တွေရဲ့ တွေ့ ဆုံမှုကနေ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး အတွက်အထောက် အကူပြု လိမ့်မယ် လို့မျှော်လင့်ကြောင်း လည်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်း ကပြောပါတယ်။ 

“တရုတ်နိုင်ငံက သူတို့သဘောထားက ဘယ်လိုရှိတယ်ဆိုတာ နှုတ်ထုတ်ခဲ့ပြီးဖြစ်တယ်။ မြန်မာနို်င်ငံ ရဲ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ပါဝင်ကူညီမယ်ဆိုပြီးတော့က နှုတ်ထုတ် ထားပြီးဖြစ်တယ်။ ဒါ ကြောင့်  မို့တရုတ်ရဲ့ သမ္မတတယောက် အနေနဲ့မြန်မာနိုင်ငံကို လာရာက် လည်ပတ်ခြင်းဟာ ခုနပြော တဲ့ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်တွေ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စဉ်တွေမှာ အကောင်းဘက်က နေပြီးတော့ က သက်ရောက်မှု ပိုမိုများပြား လာလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်။” 

တရုတ်သမ္မတအနေနဲ့ မနက်ဖြန်မှာတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ တွေ့ဆုံရာမှာ နှစ်နိုင်ငံ စစ်ရေး လုံခြုံရေး ကိစ္စရပ်တွေေ ဆွေးနွေးဖို့ ရှိတယ်လို့လဲ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ပြောပါတယ်။ 

“တရုတ်သမ္မတနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ကကျွန်တော်တို့ စတင်တွေ့ဆုံ ခဲ့တာက (၂၀၁၁) ခုနှစ်က စတင် တွေ့ ဆုံခဲ့တာဖြစ်တယ်။ ကျွန်တော်တို့ဆွေးနွေးတဲ့ အချိန်မှာလဲ လုံခြုံရေး ဆိုင်ရာ ကိစ္စရပ် တွေ နယ်စပ်တည်ငြိမ်အေးချမ်း ရေး ကိစ္စရပ်တွေ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆိုင်ရာ ကိစ္စရပ်တွေနဲ့ပက် သက်ပြီးတော့ဆွေးနွေးနိုင်မယ်။ ဆွေးနွေးနိုင်လိမ့်မယ်လို့ ကျွန်တော် သုံးသပ် လိုပါတယ်။” 
 
တရုတ်သမ္မတရဲ့ မြန်မာနိုင်ငံခရီးစဉ်မတိုင်မှီ တရုတ်နိုင်ငံခြားရေးဝန် ကြီးဌာန အာရှရေးရာအထူးကိုယ် စားလှယ် မစ္စတာဆွန်ကော်ရှန်ကနေ မြန်မာ -တရုတ် နယ်စပ်အခြေပြု‘ဝ’အဖွဲ့ (UWSA)၊ မိုင်းလားအဖွဲ့ (NDAA)၊ ကချင်အဖွဲ့ (KIA)၊ ရခိုင်အဖွဲ့(AA) စတဲ့တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့တွေ့ဆုံခဲ့ပါ တယ်။

အခုလို တရုတ်အထူးကိုယ်စားလှယ်အဖွဲ့ရဲ့ မြန်မာနိုင်ငံက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ ဆုံ မှု  အပေါ် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အခုလိုမြင်ပါတယ်။

“မစ္စတာဆွန်ကော်ရှန်းအနေနဲ့လဲ သူတို့ ဒီအဖွဲ့အနေနဲ့က သူက မကြာ ခဏတွေ့ဆုံပြီးသား ဖြစ်ပါတယ်။ အဓိက သူတွေ့ဆုံ တာ ကတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေအတွက် တွေ့ဆုံတာ ဖြစ်ပါတယ်။ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်တွေ အတွက် တွေ့ ဆုံတာဖြစ်တဲ့ကျ ကျွန်တော်တို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေအတွက် ယခင်ကထက် ပိုမိုပြီးတော့က ကောင်းတဲ့ဘက်ကနေ သက်ရောက် လာနိုင်လိမ့်မယ်လို့ ကျွန်တော်ထင်ပါ တယ်။”

မြန်မာ-တရုတ် နယ်စပ် အခြေပြု လက်နက်ကိုင်အဖွဲ့တွေအနက်က ဝတပ်ဖွဲ့UWSA၊ မိုင်းလားအဖွဲ့ NDAA နဲ့ KIA ကချင်လွတ်လပ်ရေးအဖွဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့တို့ကနေ တရုတ်သမ္မတရဲ့ မြန်မာနိုင်ငံခရီး စဉ်ကိုကြိုဆိုကြောင်း ကြေညာချက်အသီးသီးထုတ်ပြန် ထားတာပါ။

တရုတ်သမ္မတ ရှီကျင်ဖျင်ဟာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်း စုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ ကာ ကွယ်ရေး ဦးစီးချုပ်တို့အပြင် နေပြည်တော်မှာ နိုင်ငံရေးပါတီ ၂၀ က ခေါင်းဆောင်တွေနဲ့ လည်း တွေ့ဆုံ ဆွေးနွေးဖို့ရှိပါတယ်။ 
 Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */