Friday, October 25, 2019

တရားရုံးထုတ်အချုပ်ယာဉ်နှင့် လုံခြုံရေးယာဉ်တန်းအား အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ

တရားရုံးထုတ်အချုပ်ယာဉ်နှင့် လုံခြုံရေးယာဉ်တန်းအား အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ
 

နေပြည်တော်
အောက်တိုဘာ ၂၄ 

ဘူးသီးတောင်မြို့နယ်၌ တရားရုံးထုတ်အချုပ်ယာဉ်နှင့် လုံခြုံရေးယာဉ်တန်းအားAA အဖွဲ့က  အဝေး ထိန်း မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်၍ ရဲတပ်ဖွဲ့ဝင်နှစ်ဦး ကျဆုံး

ဘူးသီးတောင်မြို့နယ် ဘူးသီးတောင်−မောင်တော ကားလမ်း၌ တရားရုံး ထုတ် အချုပ်ယာဉ်နှင့် လုံခြုံ ရေးယာဉ်တန်းတို့အား AA အဖွဲ့က အဝေးထိန်း မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်သဖြင့် ရဲတပ်ဖွဲ့ဝင်နှစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။


လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်

 
ဖြစ်စဉ်မှာ ဘူးသီးတောင်မြို့နယ် ဘူးသီးတောင်−မောင်တောကားလမ်း မိုင်တိုင်(၅/၂) အနီး၌ ညနေ ၄ နာရီ ၂၅ မိနစ်ခန့်က မောင်တောမြို့နယ် တရားရုံးမှ ဘူးသီးတောင်အကျဉ်းစခန်းသို့ ထွက်ခွာလာသည့် လုံခြုံရေး တပ်ဖွဲ့ဝင် ၁၄ ဦးလိုက်ပါပြီး အချုပ်တရားခံ အမျိုးသား ၂၀ ပါ တရားရုံးထုတ် အချုပ်ယာဉ်နှင့် အချုပ်တရားခံ အမျိုးသား ၈ ဦး၊ အမျိုးသမီး ၂ ဦး ပေါင်း ၁၀ ဦးပါဝင်သည့် ယာဉ်တို့ အား AA အဖွဲ့ အင်အား ၁၀ ဦးခန့်က အဝေးထိန်း မိုင်း နှစ်လုံးဖောက်ခွဲကာ လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့သဖြင့် လုံခြုံရေးအဖွဲ့ ဝင်များ က ပြန်လည်ပစ်ခတ်ခဲ့ကြောင်း၊ ညနေ ၄ နာရီ ၄၅ မိနစ်ခန့်တွင် AA အဖွဲ့ ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။
 

ဒဏ်ရာများရရှိ


 
အဆိုပါဖြစ်စဉ်ကြောင့် လုံခြုံရေးအဖွဲ့မှ ရဲတပ်ဖွဲ့ဝင်ငါးဦး ဒဏ်ရာများ ရရှိပြီး အချုပ်တရားခံ အမျိုးသမီး နှစ်ဦးတွင် ဒဏ်ရာများ ရရှိခဲ့သည်။

ဒဏ်ရာရရှိသူများကို ဘူးသီးတောင်မြို့ရှိ တပ်မတော်စစ်ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများအနက် ရဲတပ်သား ထွန်းအောင်ကျော်နှင့် ရဲတပ်ကြပ် ဟိန်းဇော်တို့နှစ်ဦးမှာ ညနေ ၅ နာရီခွဲခန့် တွင် ရရှိသော ဒဏ်ရာများဖြင့် ဆေးရုံ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

နယ်မြေရှင်းလင်းဆောင်ရွက်လျက်ရှိ
 

ကျန်အချုပ်တရားခံများအား ဘူးသီးတောင်အကျဉ်းစခန်းသို့ ပို့ဆောင် ခဲ့ပြီး ထိတွေ့မှုဖြစ်ပွားသည့်နေရာ အား လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေ ရှင်းလင်းဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သ တင်းရရှိ သည်။

သတင်းစဉ်

 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */