Thursday, February 28, 2019

ပုဏ္ဍားကျွန်းမြို့နယ်တွင် လုံခြုံရေးရဲကားတစ်စီး မိုင်းခွဲ တိုက်ခိုက်ခံရ

DVB
 By ဒီဗွီဘီ 
28 February 2019 
ရခိုင်ပြည်နယ်၊ ပုဏ္ဍားကျွန်းမြို့နယ် ပန်းနီလာနဲ့ ကြံခင်းကျေးရွာအကြားမှာ ဖေဖော်ဝါရီ ၂၇ ရက် ည ၇ နာရီ ကျော်က မိုင်းခွဲတိုက်ခိုက်ခံရတဲ့အတွက် ရဲကားတစီးနဲ့ အိမ်စီးကားတစီးတို့ မီးလောင် ပျက်စီးခဲ့ပါတယ်။

ဒီပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ပုဏ္ဍားကျွန်းမြို့နယ် အုပ်ချုပ်ရေးမှူးက “ဖြစ်စဉ်တွေကတော့ မှန်ကန်ပါတယ်။ အတိcအကျသိချင်ရင် ရဲစခန်းကိုမေးပါ။ အခုအစည်းအဝေး လုပ်နေပါတယ်”လို့ ဖြေကြားပါတယ်။ဒီတိုက်ခိုက်မှု မှာ ရဲတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးတယ်လို့ သတင်းတွေ ထွက်နေပေမယ့် ဒီဗွီဘီက သီးခြား အတည် ပြုချက်ရယူနိုင်ခြင်း မရှိသေးပါဘူး။

ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကြည်လင်က “တိုက်ခိုက်ခံရတာ ဖြစ်တယ်။ မိုင်းခွဲ တိုက်ခိုက်ခံရတာ ထိ ခိုက် နစ်နာမှုကတော့ အတည်မပြုနိုင်သေးဘူး။ အတိအကျသိချင်ရင် လာခဲ့ပါ ပြောပြပေးမယ်” လို့ပြောပါ တယ်။
သတင်း – ဗညား၊ ဓာတ်ပုံ – Naing Minn Thet

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */