Thursday, February 13, 2020

ဘူးသီးတောင်တွင် မူလတန်းကျောင်းအတွင်း လက်နက် ကြီး ကျ၊ ကျောင်းသား၊ ကျောင်းသူ ၂၁ ဦးဒဏ်ရာရ

TheVoiceWeekly Journal

13-Feb-2020
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃


ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်၊ ခမွေချောင်းကျေးရွာအတွင်းရှိ မူလတန်းလွန်ကျောင်းအတွင်းသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ ၂၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဘူးသီးတောင်မြို့နယ် လူမှုအဖွဲ့အစည်းများထံမှ သိရသည်။

အဆိုပါ ခမွေချောင်းကျေးရွာသည် ခမီတိုင်းရင်းသား အများဆုံးနေထိုင်သည့် ကျေးရွာတစ်ခုဖြစ်ကာ အဆိုပါ လက်နက်ကြီး ကျရောက်ခဲ့သည့် မူလတန်းလွန်ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ ၆၀ ခန့် ပညာသင် ကြားနေကြောင်း သိရသည်။

အဆိုပါ လက်နက်ကြီးကျည်ကျရောက်ခဲ့မှုနှင့် ပတ်သက်၍ တပ်မတော်နှင့် AA လက်နက်ကိုင်အဖွဲ့ နှစ်ခုလုံး က တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားခြင်း မရှိသေးပေ။

လက်ရှိတွင် အဆိုပါထိခိုက်ဒဏ်ရာရရှိခဲ့သည့် ကျောင်းသားကျောင်းသူများကို ဘူးသီးတောင်မြို့နယ်ဆေးရုံ သို့ ပို့ဆောင်ထားကြောင်းလည်း သိရသည်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နံနက်ပိုင်းက စာသင်နေသည့်အချိန်တွင် လက်နက်ကြီးကျည်မှာ ကျောင်းအ လယ် သို့ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ကူညီနေသည့် လူမှုအဖွဲ့ထံမှ သိရသည်။

“နံနက်ပိုင်းလောက်ကစပြီး ခမွေချောင်းနဲ့နီးတဲ့နေရာမှာ တိုက်ပွဲတွေ၊ ပစ်ခတ်တာတွေ ဆက်တိုက်ဖြစ်ပွားခဲ့ တယ်။ တစ်နာရီလောက် တိုက်ပွဲဖြစ်ပွားတာ။ အဲဒီကနေ လက်နက်ကြီးက ကျလာတာ။ ဘယ်အဖွဲ့က ပစ် တယ်ဆိုတာတော့ ပြောလို့မရသေးဘူးခင်ဗျ” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

အလားတူ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ညနေပိုင်းကလည်း ကျောက်တော်မြို့နယ် တင်းမကြီးကျေးရွာတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိမှု ဖြစ်ပွားထားခဲ့ပြီး ဘူးသီးတောင်မြို့နယ်တွင်လည်း နေအိမ်တစ်လုံး လက်နက်ကြီးကျည်ပေါက်ကွဲမှုကြောင့် ဘင်္ဂါလီ( ရိုဟင်ဂျာ) ၃ ဦးသေဆုံးခဲ့ကာ ၂ ဦး ဒဏ်ရာရရှိခဲ့သည်။


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */