B B C
ဘီဘီစီ မြန်မာပိုင်း
2020.02.12
၂၀၁၉ နိုဝင်ဘာ တိုက်ပွဲနောက်ပိုင်း သရက်ပြင်ရွာအနီး ရွာသားတွေ သွားလာရခက်ခဲ
ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်မြို့နယ် သရက်ပြင်ကျေးရွာအုပ်စု ရေချမ်းပြင်ရွာသစ် (မွတ်ဆ လင်) ကျေးရွာမှာ ဖေဖော်ဝါရီ ၁၂ ရက် ညနေ ၃ နာရီလောက်က နေအိမ်ပေါ် လက်နက်ကြီးကျည်တစ်လုံး ကျရောက် ပေါက်ကွဲခဲ့လို့ သုံးဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။
လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့တဲ့နေအိမ်ဟာ ဦးဆီရော်ဒိန်ရဲ့နေအိမ်ဖြစ်ပါတယ်။ သူ့ရဲ့ဇနီး၊သားနဲ့ မြေးတစ်ဦးတို့ သေဆုံးသွားခဲ့ပြီး နောက်ထပ်သားနှစ်ဦးလည်း ထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့အမည်မဖော် လို တဲ့ ကျေးရွာသားတစ်ဦးက ပြောပါတယ်။
ဦးဆီရော်ဒိန်ရဲ့ ဇနီး အသက် ၄၇ နှစ်အရွယ် အမျိုးသမီးနဲ့ အသက် ၁၇ နှစ်အရွယ် သားဖြစ်သူတို့ နေရာမှာ သေဆုံးသွားခဲ့ပြီး မြေးဖြစ်သူ အသက် ၁ နှစ်အရွယ် မိန်းကလေး ဟာ ဘူးသီးတောင်ဆေးရုံမှာ သေဆုံးသွား ခဲ့ တယ်လို့ ဆိုပါတယ်။
ဒဏ်ရာရရှိသူတွေကတော့ အသက် ၂၂ နှစ်အရွယ် သမီးဖြစ်သူ နဲ့ အသက် ၂၅ နှစ်အရွယ် သားဖြစ်သူ မောင်တို့ဖြစ်ပြီး လက်ရှိမှာ ဘူးသီးတောင်မြို့ဆေးရုံးကို ပို့ဆောင်ထားတာဖြစ်ပါတယ်။
အဲဒီ လက်နက်ကြီးကျည်ကျတာနဲ့ ပတ်သက်လို့ "လက်နက်ကြီးကျတာလည်း မရှိဘူး။ အဲ့ဒီမှာ တိုက်ပွဲဖြစ် တာလည်း မရှိဘူးနော်။ အဲ့ဒီနားမှာ သောင်းကျန်းသူက မိုင်းထောင်သွားလို့ မိုင်းတွေထကွဲတာလည်း မဖြစ် နိုင်ဘူးလား။"လို့ ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောဆိုသွားပါတယ်။

ဘူးသီးတောင်မြို့နယ်အတွင်းမှာ ဒီကနေ့က တိုက်ပွဲဖြစ်ပွားတာတွေ မရှိတဲ့အတွက် လက်နက်ကြီး ပစ်ခတ် တာတွေလည်း မရှိကြောင်းနဲ့ ဒေသခံတွေကို မေးမြန်းကြည့်ရာမှာလည်း ဒေသခံတွေကလက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲတယ်ဆိုတာကို ဂဃနဏမသိကြဘူးလို့ ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောပါတယ်။
အဲ့ဒီပေါက်ကွဲမှုဟာ အေအေဘက်က ထောင်ထားတဲ့မိုင်း ပေါက်ကွဲတာ ဖြစ်နိုင်တယ်လို့ တပ်မတော်ဘက် က ပြောဆိုတဲ့အတွက် အေအေရဲ့ပြောခွင့်ရသူ ခိုင်သုခကို မေးမြန်းခဲ့ရာမှာတော့ အဆက်အသွယ်မရ ရှိသေးပါဘူး။
၂၀၁၉ ခုနှစ် နိုဝင်ဘာလအတွင်းက သရက်ပြင် ရခိုင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း အနီးဝန်းကျင်မှာ တိုက်ပွဲတစ်ကြိမ် ဖြစ်ပွားခဲ့ဖူးပြီး နောက်ပိုင်းမှာ အနီးဝန်းကျင်က တောတောင်တွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာတွေကြောင့် ကျေးရွာသားတွေဟာ တောတောင်တွေကို သစ်ခုတ်၊ ဝါးခုတ်တောင်မသွားရဲကြ တဲ့အပြင် တခြားစီးပွား ရေးလုပ်ငန်းတွေကိုလည်း မလုပ်ကိုင်နိုင်ကြတော့ဘူးလို့ ကင်းတောင်ကျေးရွာသား တစ်ဦးက ပြောပါတယ်။
သရက်ပြင်အုပ်စုနဲ့ ကင်းတောင်ကျေးရွာအုပ်စုအတွင်းမှာရှိတဲ့ ရခိုင်လူမျိုးတွေနေထိုင်တဲ့ ကျေးရွာတွေမှာ အခုလိုမျိုးဖြစ်စဉ်တွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးသွားကြပြီဖြစ်တဲ့အတွက် နေထိုင်သူတွေမရှိတာ ကြာ နေပြီလို့ မွတ်ဆလင်ကျေးရွာသားတွေက ပြောပါတယ်။
Link : Here

No comments:
Post a Comment