" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, July 21, 2023

ရခိုင်တွင် မုန်တိုင်းကာလ ၂ လကျော်ပြီ ဖြစ်သော်လည်း အမိုးအကာအောက် မရောက်သေးသူများ ရှိနေ

MPA
Myanmar Pressphoto Agency
MPA CJ012
Jul 16, 2023

ရခိုင်ပြည်နယ်တွင် မိုခါဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခဲ့သည်မှာ ၂ လကျော် ကာလရှိပြီ ဖြစ်သော်လည်း ရခိုင် ပြည်နယ်အတွင်းရှိ ဒေသခံတစ်ချို့နှင့် ရိုဟင်ဂျာဒုက္ခသည်များမှာ ယခုချိန်ထိ အမိုးအကာအောက်သို့ မရောက် ကြသေးကြောင်း ဒေသခံများနှင့် ဒေသတွင်း ပရဟိတလုပ်ဆောင်ပေးနေသူများထံမှ သိရသည်။

“ကျွန်တော်တို့ ကူညီကယ်ဆယ်ရေးတွေ လုပ်ပေးနေတဲ့ မုန်တိုင်းဒဏ်သင့်တဲ့ ရိုဟင်ဂျာဒုက္ခသည်တွေဆိုရင် အခု ထိ အမိုးအကာတွေနဲ့ လုံခြုံတဲ့ အိမ်နဲ့ မနေရသေးဘူး။ စစ်ကောင်စီက ထောက်ပံ့တဲ့ ပစ္စည်းတွေဆိုတာကလည်း အကူအညီလိုအပ်တဲ့သူတွေအတွက်က မလုံလောက်ဘူးပေါ့။ မိသားစုဝင်များတဲ့ သူတွေဆိုရင် သူတို့ပေးတဲ့ တာ လပတ်နဲ့က အမိုးတခုအတွက်တောင် မလုံလောက်ဘူး။ တချို့ကလည်း အပြိုအပျက်တွေကြားထဲကနေအ ကောင်း တိုင်းရှိနေသေးတဲ့ ဟာတွေနဲ့ ဖြည့်ရတာပေါ့။ ရိုဟင်ဂျာဒုက္ခသည်တွေမှာက အကူအညီတွေ အများကြီး လိုအပ်နေ သေး တယ်”ဟု စစ်တွေမြို့ ရှိ ရိုဟင်ဂျာများအား ကူညီကယ်ဆယ်ရေး လုပ်ပေးနေသူ ပရဟိတ လူငယ်တစ်ဦးက ပြောသည်။

ရခိုင်ပြည်နယ်ရှိ မိုခါဒဏ်သင့်ခဲ့သော ဒေသခံများနှင့် မုန်တိုင်းမတိုက်ခင် အချိန်မီ မပြောင်းရွေ့နိုင်ခဲ့သော ရိုဟင် ဂျာ ဒုက္ခသည်များမှာ နိုင်ငံတကာ၏ အကူအညီများအား မရကြသလို စစ်ကောင်စီမှ မုန်တိုင်းဒဏ်သင့် အိမ်ထောင် စုတစ်စုလျှင် တာပေါ်လင်စ တစ်ခုနှင့် ဆန်ရိက္ခာ အနည်းငယ်သာ ထောက်ပံ့ပေးထားကြောင်းလည်း သိရသည်။

“သူတို့က အကူအညီလိုတဲ့ ပြည်သူတွေကို ထောက်ပံ့တယ်ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ကယ်ဆယ်ရေးပစ္စည်း တွေကို ရောင်းစားနေတာလေ။ ဈေးတော့ မကြီးပါဘူး။ သူတို့ပေးတဲ့ သွပ်မိုးကလည်း စက္ကူလိုပဲ ပျော့ပြီးလက် နဲ့ ဖြဲရင်တောင် ပြဲတယ်။ ဘယ်လိုလုပ် လေဒဏ်မိုးဒဏ် ခံနိုင်မလဲ။ သူတို့ပေးတဲ့ အမိုးနဲ့ လေထဲမပါသွားတဲ့ အ ဟောင်း တွေကိုပဲ ပြန်ပြီး မိုးထားရတာပေါ့။ ကျန်တဲ့ လိုအပ်ချက်တွေကတော့ ဘက်ပေါင်းစုံ လိုအပ်နေ တုန်း ပဲ”ဟု စစ်တွေ မြို့ သဲချောင်းအုန်းတောရွာမှ ဒေသခံတစ်ဦးက ပြောသည်။

ရခိုင်ပြည်နယ်တွင် မုန်တိုင်းသင့် ပြည်သူများအတွက် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ၏ လူ သားချင်းစာနာမှု အကူအညီထောက်ပံ့ရေးနှင့် ခရီးသွားလာခွင့်များအား ပြီးခဲ့သည့် ဇွန်လ ၇ ရက်နေ့မှ စတင်ကာ ပိတ်ပင်ထားသည်မှာ ယနေ့ချိန်ထိဖြစ်သည်။

ယင်းကဲ့သို့ ပိတ်ပင်ထားခြင်းကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်ခံရသည့် ပြည်သူများအား ကူညီရေး လုပ်ငန်းများ ထိခိုက်နေကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး UNOCHA မှ ဇွန်လ ၂၂ ရက်နေ့က ထုတ်ပြန်ထားသည်။

“ကယ်ဆယ်ရေးသမားတွေကိုတော့ သွားခိုင်တယ်။ လှူခိုင်းတယ်။ ဒါပေမယ့် လွတ်လွတ်လပ်လပ်မှ မဟုတ်တာ။ စစ်ဆေးတာတွေရှိနေတုန်းပဲ။ အဲ့ဒီတော့ ကယ်ဆယ်ရေးသမားတွေကို ခရီးသွားခွင့် ပိတ်ထားတုန်းပဲလို့ ပြောရမှာ ပဲလေ။ ဒီကူညီကယ်ဆယ်တဲ့သူတွေမှာ ဒုက္ခရောက်နေတဲ့ ဒေသခံတွေဆီကို အချိန်မီ မသွားနိုင်ရင် သူတို့ကိုဘယ် သူတွေက ကူညီပေးမှာလဲ။ အခုဆို ၂ လတောင်ပြည့်နေပြီ အဆင်ပြေနေတဲ့ မိသားစုက မရှိသေးဘူး။ အမိုးအကာ အောက်တွေကိုလည်း မရောက်သေးတဲ့ သူတွေက အများကြီးပဲ။ ဒါကို စစ်ကောင်စီကလည်း မထောက်ပံ့ဘူး။နိုင်ငံ တကာ ထောက်ပံ့တော့လည်း သူတို့က လက်မခံဘူး။ ကြားထဲက ပြည်သူပဲ ဒုက္ခရောက်နေတာပေါ့”ဟု ဒေ သတွင်း ကယ်ဆယ်ရေးလုပ်ပေးနေသည့် ပရဟိတလုပ်ဆောင်ပေးနေသူ တစ်ဦးက ရှင်းပြသည်။

စစ်ကောင်စီအနေဖြင့် မိုခါမုန်တိုင်းဒဏ်သင့်သည့် ရခိုင်ဒေသနှင့် ဒေသခံ ပြည်သူများထံ နေ့စဉ်ကူညီကယ်ဆယ် ရေးများ ပြုလုပ်ပေးနေကြောင်း စစ်ကောင်စီပိုင်မီဒီယာများနှင့် စစ်တပ်ထောက်ခံမီဒီယာများတွင် နေ့စဉ်ဖော်ပြ နေ သော်လည်း လုံလောက်သည့် အကူအညီများ မရရှိကြောင်း ဒေသခံများထံမှ သိရသည်။




Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */