Saturday, February 22, 2020

နိုင်ငံတော် အကြီးအကဲများနှင့် အရပ်ဘက် အစိုးရအဖွဲ့ဝင် များ အသုံးပြုနိုင်ရန်အတွက် ယူရို ၁၃ သန်းကျော်တန်ဖိုး ရှိ ရဟတ်ယာဉ်တစ်စီး ဝယ်ယူထားပြီး မြန်မာနိုင်ငံသို့ ဧပြီ တွင် ရောက်ရှိမည်

ELEVEN 
22 February 2020
နေရိုင်း၊ ဇေယျာထွန်း
AW 139 လေယာဉ် အမျိုးအစားအား တွေ့ရစဉ် (Photo: military.wikia.org)
 
 နိုင်ငံတော်အကြီးအကဲများနှင့် အရပ်ဘက်အစိုးရအဖွဲ့ဝင်များအသုံးပြုနိုင်ရန် အတွက် ယူရို ၁၃ ဒသမ ၂၇၂ သန်းတန်ဖိုးရှိ သည့် ရဟတ်ယာဉ်တစ်စီးအား နိုင်ငံတော် အစိုးရအနေဖြင့် ဝယ်ယူထားပြီး ယခုနှစ် ဧပြီလ တွင် မြန်မာ နိုင်ငံသို့ ရောက်ရှိမည်ဖြစ် ကြောင်း သိရသည်။

လက်ရှိတွင် အရပ်ဘက်နိုင်ငံတော်အကြီးအကဲများနှင့်အစိုးရအဖွဲ့ဝင်များအနေဖြင့် စစ်ဘက် ရဟတ်ယာဉ် များကိုသာ သုံးစွဲ နေရသည့်အပြင် အခြားလေကြောင်းလိုင်းကုမ္ပဏီအချို့ထံအကူအညီတောင်းကာ ငွေကြေးပေး၍ ရဟတ်ယာဉ်သုံးစွဲနေရကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဆိုသည်။

လက်ရှိဝယ်ယူထားသည့် ရဟတ်ယာဉ် သည် အီတလီနိုင်ငံ လီယိုနာဒိုကုမ္ပဏီမှ AW 139 အမျိုးအစားဖြစ်ပြီး လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ သွားရောက်စစ် ဆေး ထားကြောင်း သိရသည်။

“အဲဒီရဟတ်ယာဉ်က အီတလီရေတပ် မှာ သုံးတယ်။ UAE ရေတပ်မှာသုံးတယ်။ အဲဒီရဟတ်ယာဉ်ပေါ့နော်။ အထူးသဖြင့် ဘယ်အတွက်လဲဆိုတော့ ဒေါက်တာဝင်းမြတ်အေးတို့ ဝန်ကြီးဌာနအတွက် သဘာဝဘေး အရ အရေးပေါ် အခြေအနေတွေဖြစ်လာပြီ ပေါ့နော်။ ချက်ရှင်းဖြေရှင်းရမယ့်ကိစ္စတွေကျရင် ရဟတ်ယာဉ်နဲ့သွား ရမယ်။ အကူ အညီပေးတာတွေလုပ်ရမယ်။ အဲဒီအတွက် လည်း လိုအပ်ချက်အရ လွှတ်တော်ကလည်း ခွင့်ပြုထားပြီးဖြစ်တယ်” ဟု ဦးဇော်ဌေးကပြောကြားသည်။

လက်ရှိဝယ်ယူထားသည့် ရဟတ်ယာဉ် အား အီတလီနိုင်ငံမှတစ်ဆင့် ကုမ္ပဏီ Service ရှိသည့် မလေးရှားနိုင် ငံသို့ ရောက်ရှိမည်ဖြစ်ပြီး ထိုမှတစ်ဆင့် မြန်မာနိုင်ငံသို့ မောင်းနှင်ပျံသန်းလာမည်ဖြစ်ကြောင်း သိရ သည်။

“မောင်းယူလာမယ့်အချိန်က ဘယ်အ ချိန်လဲဆိုရင် ကျွန်တော်တို့မှန်းတာက ဧပြီလ နောက်ဆုံးအ ပတ် ပေါ့နော်။ ဧပြီလနောက်ဆုံးအပတ်လောက်ရောက်ဖို့မှန်းတယ်။ အဲဒီ ရဟတ်ယာဉ်ရောက်လာရင်တော့ စစ် ဘက် ရဟတ် ယာဉ်သုံးတာ နည်းသွားမယ့်သဘော တော့ရှိပါတယ်” ဟု ဦးဇော်ဌေးကဆိုသည်။

ယခုဝယ်ယူထားသည့် AW-139 အမျိုး အစားရဟတ်ယာဉ်အား လိုအပ်ချက်ပေါ်မူ တည်၍ နိုင်ငံတော်၏ ဘတ်ဂျက်အနေအထား အရ တစ်စီးသာဝယ်ယူနိုင်သည့်အနေအထား ရှိပြီး အဆိုပါရဟတ်ယာဉ်သည် လေယာဉ် မောင်းအပါအဝင် လူဦးရေ ၁၅ ဦး လိုက်ပါ စီးနင်းနိုင်ကြောင်း ဦးဇော်ဌေးက ဆိုသည်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */