ချစ်အိလှိုင်
ဖဖေော်ဝါရီ ၁၉/ ၂ဝ၂ဝ
လူကယ်ပြန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်တို့စီးနင်း လိုက် ပါလာသည့် ရဟတ်ယာဉ်သည် စစ်တွေမြို့မှ ဘူးသီးတောင်အကြားတွင် သေနတ်ဖြင့် ပစ်ခတ် တိုက်ခိုက်ခံ ခဲ့ရကြောင်း သတင်း ရရှိသည်။
ယေန့ နံနက် ၁ဝ နာရီ ၄၅ မိနစ်ခန့် က ရဟတ်ယာဉ်ဖြင့် သွားရောက်စဉ် ထိုသို့ ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း တပ်မေတာ် သတင်းမွန်ပြန်ကြားရေး အဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးျခုပ်ဇော်မင်းထွန်းက နိရဉ္စရာသို့ အတည်ပြု ပြောကြားသည်။
“၉ နာရီကနေ ၁ဝ နာရီ ၄၅ လောက်မှာ ကျနော်တို့ဒီ စစ်တွေကနေ ဘူးသီတောင်ကို သွားတဲ့ ခရီးစဉ်မှာ အောက်ကနေ ပစ်ခတ်ခံရတာဖြစ်ပါတယ်။ ရဟတ်ယာဉ် ဝမ်းဗိုက်ကိုတော့ ၂ ချက်ထိပါတယ်။ ထိခိုက် ဒဏ် ရာရရှိသူတော့ မရှိပါ။ ဘူးသီးတောင်ကိုတော့ အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ပါတယ် ” ဟု ဗိုလ်မှူးချုပ်ဇော် မင်းထွန်းက ပြော သည်။
ညနေ ၃ နာရီခန့်တွင် ဘူးသီးတောင်ကနေ စစ်တွေသို့ ပြန်လည်ရောက်ရှိလာကြောင်း၊ ထိခိုက်ဒဏ်ရာ ရရှိ မှုမရှိကြောင်း၊ အားလုံး အန္တာရာယ်ကင်းကင်း ပြန်လည်ရောက်ရှိလာကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဆက်ပြော သည်။
“ဘယ်သူတွေကပစ်တာလည်းဆိုတော့ ကျနော်တို့ အဲဒီမှာရွာထဲက ပစ်တယ်လို့ဘဲသိရပါတယ်။ အဲဒီမှာ တပ်ရဟတ်ယာဉ်ပစ်တာဆိုလို့ အေအေလည်း ဖြစ်နိုင်ပါတယ်ဗျ။ အဲဒီမှာတော့ ရွာကိုတော့ အတိအကျမ သိဘူး။ ဘူးသီးတောင်နဲ့ ရသေ့တောင်ကြားထဲကပါ” ဟု ၎င်းကပြောသည်။
ရက္ခိုင့်တပ်တော်(AA)မွ ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခထံသို့ နိရဉ္စရာသတင်းဌာနမွ ဆက်သွယ်မေးမြန်း ခဲ့ရာ ၎င်းအနေဖြင့်ထိုသတင်း အားမသိရေသးကြောင်း ပြန်လည်ဖြေကြားသည်။
“စစ်ဖြစ်နေတဲ့နေရာမှာ ကျနော်တို့ တပ်ဖွဲ့တွေက မြန်မာစစ်တပ် ဆီမှာနေ့တိုင်းနေပြီးတော့ ဒီရဟတ်ယာဉ် တွေ နဲ့ ပစ်ခတ်ခံနေရတာရှိတယ်။ ဂျက်ဖိုင်တာတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခံနေရတာတွေ ရှိတယ်။ ဆိုတော့ အဲဒါကြောင့်မို့လို စစ်ဖြစ်နေတဲ့နေရာမှာ သူတို့ တည့်တည့်ဒီအပေါ်က နေပြီးတော့ ဖြတ်ပြီးပျံလို့ရှိရင်တော့ လိုက်ပစ်တာတွေတော့ ရှိကောင်းရှိနိုင်တာပေါ့နော်။ ဒါပေမဲ့ ဒီနေ့ အဲဒီဖြစ်စဉ်မှာ ပစ်ခတ်မှုရှိ/မရှိ ကျနော်တို့ ဘက်က ပစ်တာဟုတ်/မဟုတ်ဆိုတာကိုတော့ ကျနော်အသေအချာပြန်မေးပြီးမှဘဲ ပြောလို့ရမဲ့ကိစ္စဖြစ် တယ်ဗျ။ လောလော ဆယ်တော့ အဲဒီဖြစ်စဉ်နှင့် ပတ်သက်ပြီ ကျနော့်ဆီကိုဘာသတင်းမှ ရောက်လာတာမ ရှိသေးဘူး” ဟု ဦးခိုင်သုခက ပြောသည်။
ယနေ့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုတို့သည် ဘူးသီး တောင်တွင် တိုက်ပွဲကြောင့် ထိခိုက်ဒဏ်ရာရရှိသူများကို သွားရောက်တွေ့ဆုံသည့် ခရီးစဉ်ဖြစ်ကြောင်း သိရ သည်။
Link : Here
No comments:
Post a Comment