DVB
By ပြည့်ဘုန်းအောင်
28 April 2019
ရက္ခိုင့်တပ်မတော် (အေအေ) အဖွဲ့ကနေ စစ်ထောက်လှမ်းရေးဆိုပြီး ဖမ်းဆီးထားတဲ့ လမ်းလုပ်သားဝန် ထမ်း တွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ ဆောင်ရွက်နေပြီး လွှတ်မယ့် အချိန်ကိုတော့ အတိအကျ မပြောနိုင်သေး ဘူးလို့ အေအေအဖွ့ဲ တာဝန်ရှိသူက ပြောပါတယ်။
By ပြည့်ဘုန်းအောင်
28 April 2019
ရက္ခိုင့်တပ်မတော် (အေအေ) အဖွဲ့ကနေ စစ်ထောက်လှမ်းရေးဆိုပြီး ဖမ်းဆီးထားတဲ့ လမ်းလုပ်သားဝန် ထမ်း တွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ ဆောင်ရွက်နေပြီး လွှတ်မယ့် အချိန်ကိုတော့ အတိအကျ မပြောနိုင်သေး ဘူးလို့ အေအေအဖွ့ဲ တာဝန်ရှိသူက ပြောပါတယ်။
ချင်းပြည်နယ် ပလက်ဝလမ်းဖောက်လုပ်နေတဲ့ ဆုထူးစံကုမ္ပဏီက လမ်းလုပ်သား ၈ ဦးနဲ့ တခြား ဝန်ထမ်း ၄ ဦး စုစုပေါင်း ၁၂ ဦးကို စစ်ထောက်လှမ်းရေးဆိုပြီး အေအေဖွဲ့က ဖမ်းဆီးထားတာ ၁ လကျော် ကြာမြင့်နေ ပါပြီ။
ဒီကိစ္စနဲ့ပတ်သက်ပြီး အေအေအဖွဲ့ကို ဒီဗွီဘီက ဧပြီ ၂၈ ရက်နေ့မှာ ဆက်သွယ်မေးမြန်းရာမှာ ဖမ်းဆီးထားတဲ့ လူတွေရဲ့ အသက်အန္တာရာယ်စိုးရိမ်စရာ မရှိပေမယ့် ဘယ်အချိန်ပြန်လွှတ်ပေးမယ်ဆိုတာကတော့ အတိအ ကျမပြောနီုင်သေးဘူးလို့ အေအေအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောပါတယ်။
ဖမ်းဆီးထားတဲ့သူတွေဟာ စစ်ထောက်လှမ်းရေးက လူတွေဖြစ်လို့ ဖမ်းထားတာဖြစ်ကြောင်း အေအေအဖွဲ့ ဘက်ကနေ ပြောဆိုထားပေမယ့် မိသားစုဝင်တွေကတော့ ဒီလူူတွေဟာ အေအေပြောသလို ထောက်လှမ်း ရေး မဟုတ်ဘဲ သာမာန်အရပ်သားတွေ ဝန်ထမ်းတွေသာ ဖြစ်တယ်လို့ ပြောပါတယ်။
ဆုထူးစံ ကုမ္ပဏီက ဝန်ထမ်း ၈ ဦးကိုတော့ ပြီးခဲ့တဲ့မတ်လ ၃၀ ရက်နေ့ကတည်းက ဖမ်း ထားတာဖြစ်ပြီး ကျန် ၄ ဦးကိုတော့ မတ် ၉ ရက်နေ့က ဖမ်းဆီးထားတာပါ။ ဒီ ၁၂ ဦးကို လက်ရှိအချိန်မှာ အေအေအဖွဲ့ရဲ့ စစ်ခုံရုံးမှာ စစ်ဆေးနေဆဲ ဖြစ်တယ်လို့ ဖမ်းဆီးခံထားရသူတဦးရဲ့ ဖခင်က ပြောပါတယ်။
ဧပြီ ၂ ရက်နေ့က ကာကွယ်ရေးဦးစီးချုပ်ရုံး ထုတ်ပြန်ချက်မှာ ဆုထူးစံ ကုမ္ပဏီက ဝန်ထမ်းတွေဟာ ပလက် ဝမြို့နယ်၊ တွင်းကင်းအလောင်းကျေးရွာမှာ အခြေပြုပြီး လမ်းလုပ်ငန်း ဆောင်ရွက်နေချိန် မတ် ၃၀ ရက်မှာ အေအေတပ်ဖွဲ့ဝင် ၁၇၀ လောက် ရောက်ရှိလာပြီး လမ်းလုပ်နေသူ ၁၃ ဦးကို ခေါ်ဆောင်သွားတယ်လို့ ထုတ်ပြန်ပါတယ်။
ဒါ့အပြင် အေအေအဖွဲ့က စက်ယန္တားတချို့ကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါ တယ်။
ဆုထူးစံကုမ္ပဏီဟာ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်လောက်ကတည်းက ကုလားတန်မြစ် စီမံကိန်း အတွက် လုပ်ငန်း တွကို တာဝန်ယူဆောင်လုပ်ခွင့်ရထားတဲ့ ကုမ္ပဏီတခုပါ။
Link : Here
No comments:
Post a Comment