ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးကို အနှောင့်အယှက် ပြုနေသည့် ရခိုင် သောင်းကျန်းသူ များအား တပ်မ တော် စစ်ကြောင်းများ က ထက်ကြပ် လိုက်လံ ရှင်းလင်းလျက် ရှိရာ ဧပြီ ၂၁ ရက် နံနက် ၇ နာရီခွဲခန့် တွင် ပိန္နဲချောင်းရွာ အနောက် မြောက်ဘက် ၁ မိုင်ခွဲခန့် အကွာ၌ ရခိုင် သောင်းကျန်းသူ အင်အားအချို့နှင့် ထိတွေ့ တိုက်ပွဲထပ်မံ ဖြစ်ပွားပြီး သောင်းကျန်းသူ များ မြောက်ဘက်သို့ ဆုတ်ခွာ ထွက်ပြေးသွား ခဲ့သည်။
ဖြစ်စဉ်တွင် ရခိုင် သောင်းကျန်းသူ တပ်သားအဆင့် ရှိ ကျော်နိုင် ၃၅ နှစ်နှင့် မောင်ဘအေး ၂၆ နှစ်တို့အား အမ် (၂၂) နှစ်လက်၊ ကျည်အိမ် လေးခု၊ ကျည် ၅ဝ တောင့်၊ လက်ပစ်ဗုံး သုံးလုံး၊ အီကွေးမန့် နှစ်စုံ၊ ပြောက်ကျား ကျောပိုးအိတ် နှစ်လုံး၊ Sony ကင်မရာ တစ်လုံးတို့နှင့် အတူ ဖမ်းဆီးရမိ ခဲ့သည်။
ထို့အတူ တပ်မတော် စစ်ကြောင်းများက ရခိုင် သောင်းကျန်းသူ များ ခိုအောင်း နိုင်သော နေရာများအား ရှင်းလင်း ဆောင်ရွက်ရာ ညနေပိုင်းတွင် ပိန္နဲချောင်းရွာ ၏ အနောက် မြောက်ဘက် ၂ မိုင်ခွဲခန့် အကွာ၌ ရခိုင် သောင်းကျန်းသူများ ခိုအောင်း နေထိုင်ခဲ့သည့် တဲ ၁၆ လုံးကို တွေ့ရှိရပြီး ၎င်းတဲများမှ TNT ယမ်း ၆ဝ ထုပ်၊ Laptop Computer တစ်လုံး၊ လေးလုံးပါ ဓာတ်ခဲအသေး ၃၆ဝ ကတ်၊ အိုင်ကွန် အားသွင်းစက် လေးလုံး၊ တရုတ် စစ်ကျောပိုးအိတ် ၃၄ လုံး၊ တရုတ် ဘေးလွယ်အိတ် ၃ဝ လုံး၊ ချိတ်ခါးပတ် ၃ဝဝ ချောင်း၊ စစ်ခြေအိတ် ၂ဝဝ စုံ၊ ချွေးသုတ်ပဝါ ၁၂ဝ ထည်၊ ဟန်းကော ခြောက်လုံး၊ မြေကျင်းတူး မြှုပ်ထားသည့် ဆန်ခြောက်အိတ်၊ စားအုန်းဆီ ငါးပိဿာ၊ ဆား ၁ဝ ပိဿာ၊ ငါးနီတူခြောက် ငါးပိဿာနှင့် စာရွက်စာတမ်း များကို လည်းကောင်း၊ ပိန္နဲချောင်းရွာ ၏ အရှေ့ဘက် မီတာ ၁ဝဝဝ ခန့်အကွာ၌ မီးရှို့ ဖျက်ဆီးထားသည့် ရိက္ခာဂိုဒေါင် တဲတစ်လုံးအား တွေ့ရှိရပြီး အနီး ပတ်ဝန်းကျင်မှ အီကွေးမန့် ၁ဝ၇ စုံ၊ လည်တို ဖိနပ် ၇ဝ ရန်၊ မိုးကာစ တစ်လိပ်၊ ဆန် ၁ဝ၅ အိတ်၊ ဆား တစ်အိတ် နှင့် ငါးပိ လေးအိတ် တို့ကို လည်းကောင်း ရှာဖွေ သိမ်းဆည်းရမိ ခဲ့သည်။
တပ်မတော် အနေဖြင့် ဖမ်းဆီး ရမိသော ရခိုင် သောင်းကျန်းသူ များထံမှ သတင်းဆက် ဖော်ထုတ်၍ ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေး အတွက် ရခိုင် သောင်းကျန်းသူ များအား ဒေသခံပြည်သူ များနှင့် ပူးပေါင်းပြီး အမြစ်ပြတ် ချေမှုန်းနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။ (၁၀၀)
#Themyawadydaily
Link :Here

No comments:
Post a Comment