Friday, April 24, 2015

အောင်လံချောင်းကျေးရွာ အနီး တပ်မတော်စစ် ကြောင်းနှင့် ရခိုင်သောင်းကျန်းသူများ ထိတွေ့ တိုက်ပွဲဖြစ်ပွား၊ ရခိုင် သောင်းကျန်းသူ သုံးဦးအား လက်နက်၊ ခဲယမ်းများနှင့်အတူ ထပ်မံဖမ်းဆီးရမိ

The Myawady Daily
နေပြည်တော် ၊ 
၂၄-၄-၂ဝ၁၅
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 တပ်မတော် စစ်ကြောင်းများက ရခိုင် သောင်း ကျန်း သူ များ အား ထက်ကြပ် လိုက် လံ ရှင်း လင်း လျက် ရှိရာ ဧပြီ ၂၂ ရက် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့်တွင် အောင်လံချောင်း ကျေးရွာ အနောက် မြောက် ဘက် မီတာ ၅ဝဝ ခန့် အကွာ ၌ ရခိုင် သောင်းကျန်းသူ အင် အား အ ချို့နှင့် ထိတွေ့တိုက်ပွဲ ထပ်မံ ဖြစ် ပွားပြီး သောင်းကျန်းသူ များ ဆုတ်ခွာ ထွက်ပြေး သွားခဲ့သည်။

ဖြစ် စဉ် တွင် ရခိုင် သောင်းကျန်းသူ တပ်သား အဆင့်ရှိ မောင်ကျော်သိန်း ၂၅ နှစ် (ဘ) ဦးထွန်းစိန်အား အမ် (၂၂) တစ်လက်၊ ကျည်အိမ် နှစ်ခု၊ ကျည် ၅ဝ တောင့်၊ လက်ပစ်ဗုံး နှစ်လုံး၊ အီကွေးမန့် တစ်စုံ တို့နှင့်အတူ ဖမ်းဆီးရမိပြီး ပတ်ဝန်းကျင်အား ဆက်လက် ရှင်းလင်းရာ အမ်(၂၂) တစ်လက်၊ ကျည်အိမ် တစ်ခု နှင့် ကျည် ၅ဝ တောင့်အား သိမ်းဆည်း ရမိခဲ့သည်။
ဆက်လက်၍ တပ်မတော် စစ်ကြောင်းက ရခိုင် သောင်းကျန်းသူများဆုတ် ခွာရာ နောက်သို့ လိုက်လံ ရှင်းလင်းရာ ညနေပိုင်းတွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားသည့် နေရာ၏ အရှေ့မြောက် ဘက် မီတာ ၅ဝဝ ခန့်အကွာရှိ တဲတစ်လုံး အား ရှင်းလင်းစဉ် ရခိုင် သောင်းကျန်းသူ တပ်သား အဆင့်ရှိ မောင်သန်းဝေ ၂၆ နှစ် (ဘ) ဦးသာထွန်းဦး နှင့် ထွန်းစိုးနိုင် ၂၃ နှစ် (ဘ) ဦးထွန်းဦးဖြူ တို့ နှစ် ဦး အား ထပ်မံ ဖမ်းဆီးရမိပြီး ၎င်းတို့နှင့်အတူ အမ်(၂၂) တစ်လက်၊ စက်ကလေး တစ်လက်၊ ကျည်အိမ် ခြောက်ခု၊ ကျည် ၁၆ဝ တောင့်၊ လက်ပစ်ဗုံး လေးလုံး နှင့် အီကွေးမန့် နှစ်စုံ တို့အား သိမ်းဆည်း ရမိခဲ့သည်။

ရခိုင်ပြည်နယ် ပလက်ဝဒေသ အတွင်း တပ်မတော် စစ်ကြောင်း များက ရခိုင် သောင်းကျန်းသူများ ခိုအောင်း လှုပ်ရှားလျက် ရှိသည့် နေရာများအား ဆက်လက် နယ်မြေရှင်းလင်း ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။ (၁ဝဝ)
#
 
 
 
 
Link: Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */