ဇန်နဝါရီ ၂၃ ရက်နေ့က မြန်မာ-ဂမ်ဘီယာအမှု ကြားနာ
ICJ နိုင်ငံတကာတရားရုံးမှာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲထားတဲ့ အမှုအတွက် ၂ ဖက် ကနဦးလျှောက်ထားချက်တွေပေးဖို့ ICJ တရားရုံးက သတ်မှတ်လိုက်ပါတယ်။
ဂမ်ဘီယာဘက်က အမှုအတွက် အခုနှစ် ဂျူလိုင် ၂၃ ရက်နေ့မှာ စတင်လျှောက်ထားရမှာဖြစ်ပြီး မြန်မာနိုင် ငံဘက်က ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၅ ရက်နေ့မှာ ချေပလျှောက်ထားချက်ပေးရမယ်လို့ တရားရုံးထုတ် ပြန် ချက်မှာဖော်ပြထားပါတယ်။
ကုလသမဂ္ဂရဲ့ လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားတဲ့ မြန်မာနိုင် ငံက ဒီသဘောတူချက်ကို ဖောက်ဖျက်ကာ ရိုဟင်ဂျာမူဆလင်တွေကို လူမျိုးတုံးသတ်ဖြတ် မှုကျူးလွန်နေ တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံက တရားစွဲထားတာဖြစ်ပါတယ်။
ဒီအမှုအတွက် ကြားနာမှု မစတင်ခင်မှာ လူမျိုးတုန်းသတ်ဖြတ်မှုအခြေအနေ တားဆီးရေး ကြားဖြတ်အစီအ မံတွေကို ICJ တရားရုံးက ဇန်နဝါရီလ ၂၃ ရက်နေ့က ချမှတ်ခဲ့ပါတယ်။ အရေးပေါ်ကြားဖြတ်ဆောင် ရွက်ရ မယ့် အချက် ၄ ချက်ကို တရားရုံးက ဆုံးဖြတ်ချမှတ်ခဲ့တာပါ။

အဲဒီထဲမှာ မြန်မာစစ်တပ်အပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ နောက်ထပ်ကျူးလွန်မှုတွေ မလုပ်အောင် တားဆီးရေး၊ လူ့အခွင့်အရေးချိုးဖောက်တဲ့ အထောက်အထားတွေ ထိန်းသိမ်းထားရေး၊ မြန်မာဘက်က တိုးတက်မှုအခြေအနေကို အစီရင်ခံစာတင်ရေး စတဲ့အချက်တွေပါဝင်ပါတယ်။ ရိုဟင်ဂျာဆိုတာကို လက်မခံတဲ့ မြန်မာနိုင်ငံကတော့ ဒီဆုံးဖြတ်ချက်တွေကို မှတ်သားထားမယ်လို့ တုံ့ပြန်ထားပါတယ်။
Link : Here
No comments:
Post a Comment