Wednesday, January 29, 2020

အိုင်စီဂျေ - မြန်မာ ပြန်လှန်လျှောက်လဲချက် တင်ရမယ့်ရက် ကြေညာ


B B C
ဘီဘီစီ မြန်မာပိုင်း
2020.01.29
နိုင်ငံတကာ တရားရုံးမှာ မြန်မာဘက်က ချေပခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်

ဂျီနိုဆိုက် ကွန်ဗန်းရှင်း ချိုးဖောက်တယ်ဆိုပြီး ဂမ်ဘီယာက မြန်မာကို စွပ်စွဲထားတဲ့အမှုအတွက် နှစ်ဖက် အပြန် အလှန် ကနဦး လျှောက်လဲချက်တွေ တင်ရမယ့်ရက်ကို ICJ က ဇန်နဝါရီ ၂၈ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
မြန်မာနိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေး သဘောတူညီချက်ကို ချိုးဖောက်တယ်ဆိုပြီး ဂမ်ဘီယာ က နိုင်ငံတကာတရားရုံး အိုင်စီဂျေမှာ တရားစွဲဆိုထားတဲ့ အမှုအတွက် ဂမ်ဘီယာက လျှောက်လဲချက် တင် ရမယ့်ရက်အဖြစ် အခုနှစ် ဇူလိုင် ၂၃ ရက်ကို သတ်မှတ်ထားပြီး မြန်မာနိုင်ငံက ပြန်လှန်လျှောက်လဲချက်ကို အချိန် ခြောက်လ ခွာထားပြီး ၂၀၂၁ ဇန်နဝါရီ ၂၅ ရက်မှာ တင်ရမှာ ဖြစ်ပါတယ်။ဂျီနိုဆိုက် ကွန်ဗန်းရှင်းချိုးဖောက်တယ်ဆိုပြီး ဂမ်ဘီယာက တရားစွဲဆိုထားတဲ့ အမှုအတွက် ကြားဖြတ်အစီ အမံ ချ မှတ်ပေးဖို့ ဂမ်ဘီယာက တောင်းဆိုထားတာကို ဇန်နဝါရီ ၂၃ မှာ ICJ က ရိုဟင်ဂျာတွေကို လူမျိုးတုံး သတ်ဖြတ်မှုက အကာအကွယ်ပေးဖို့ အပါအဝင် ကြားဖြတ်အစီအမံလေးချက် ချမှတ်ခဲ့ပါတယ်။

အဲဒီနောက် လူမျိုးတုံးသတ်ဖြတ်မှု သဘောတူညီချက်ကို ချိုးဖောက်မှု ရှိမရှိ အမှုကြီးအတွက် စတင်မှာဖြစ်လို့ ကန ဦး လျှောက်လဲချက်တွေကို နှစ်ဖက် လျှောက်တင်ရမှာ ဖြစ်တဲ့အတွက်ICJ က ရက်တွေ ကြေညာ တာ ဖြစ်ပါတယ်။

အဲဒီအဆင့်မှာ လုပ်ဆောင်ရမှာတွေနဲ့ ပတ်သက်လို့ Harvard Law School မှာ နိုင်ငံတကာ ဥပဒေတွေကို သင် ကြားပေးနေတဲ့ ကထိက ဒေါ်ရည်မွန်ထွန်းက အမှုကြီးအတွက် ဂမ်ဘီယာက စာရွက်စာတမ်းတွေကို ပြင်ပြီးတဲ့အချိန် ကျရင် သူတို့ပြင်တဲ့ စာရွက်စာတမ်းတွေကို မြန်မာနိုင်ငံရဲ့ ရှေ့နေတွေကို ပေးကြည့်မယ်။

မြန်မာနိုင်ငံက ရှေ့နေ့ကလည်း သူတို့ရဲ့ Case ကို ပြန်တင်ပြမယ်။ အဲဒီနှစ်ခုစလုံးပြီးတော့မှ ခုံရုံးထဲရောက် မယ်။ ခုံရုံးမှာ စစ်ဆေးဖို့ ငါးနှစ်ကနေ ခုနစ်နှစ်လောက်ကြာနိုင်တယ်လို့ ဘီဘီစီကို ပြောထားပါတယ်။

ဒါ့အပြင် ကြားဖြတ်အစီအမံတွေ အမိန့်ချမှတ်တဲ့နေ့က စပြီး လေးလအတွင်း မြန်မာရဲ့ဆောင်ရွက်မှုတွေကို အစီ ရင်ခံစာတင်ဖို့နဲ့ အဲဒီနောက်ပိုင်းမှာ လူမျိုးတုံးသတ်ဖြတ်မှု အမှုကြီးအတွက် အပြီးသတ် အမိန့်မချမချင်း ခြောက်လတစ်ကြိမ် အစီရင်ခံစာတင်သွင်းဖို့တို့ကို မြန်မာအနေနဲ့ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

Link : Here 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */