" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, May 13, 2019

ကုလ ကူညီရေးအရာရှိ စစ်တွေ ဒုက္ခသည်စခန်းသွား ရောက်

VOA
ဗွီအိုအေ (မြန်မာဌာန)
13 မေ၊ 2019 ၊ မေခ
ကုလသမဂ္ဂ လက်ထောက် အတွင်းရေးမှူးချုပ် Ursula Mueller ရဲ့ ရခိုင်ခရီးစဉ် (United Nations OCHA Myanmar)
 
လူသားချင်းစာနာမှုဆိုင်ရာ ကုလသမဂ္ဂ လက်ထောက် အတွင်းရေးမှူးချုပ်လည်းဖြစ် အရေးပေါ်ကယ်ဆယ် တုံ့ပြန်ရေးဆိုင်ရာ ဒုတိယ ညှိနှိုင်းရေးမှူးလည်းဖြစ်တဲ့ Ursula Mueller ဟာ မနေ့ကနဲ့ ဒီကနေ့ နှစ်ရက်မှာ ရခိုင် ပြည်နယ်ကို သွားရောက်ခဲ့ပြီး သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံသလို ဒုက္ခသည်စခန်းတချို့ကိုလည်း သွားရောက်ခဲ့ပါတယ်။ ရခိုင်လက်နက်ကိုင်အဖွဲ့ အေအေနဲ့ မြန်မာအစိုးရကြား မကြာသေးခင် ကတိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေနဲ့ တွေ့ဆုံခွင့်ရဖို့ ကြိုးစားခဲ့ပေမဲ့ သူတို့နဲ့တော့ တွေ့ ခွင့်မရခဲ့ကြောင်း ပြောပါတယ်။ မစ္စစ်မူလာ ရဲ့ ရခိုင်ခရီးစဉ်အကြောင်း အပြည့်စုံကို မမေခက တင်ပြပေး ပါမယ်။
မေလ ၉ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ သီတင်းတပတ်ကြာ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ လူသားချင်း စာနာမှုဆိုင်ရာ ကုလသမဂ္ဂလက်ထောက် အတွင်းရေးမှူးချုပ် အာဆူလာ မူလာ ဟာ မနေ့ကနဲ့ ဒီကနေ့ ၂ ရက်မှာတော့ လက်နက်ကိုင် ပဋိပက္ခတွေ ရှိနေတဲ့ ရခိုင်ပြည်နယ်ကို သွားရောက်ခဲ့ပါတယ်။ ပြည်နယ်အစိုးရ တာဝန်ရှိသူတွေ၊ လူသားချင်းစာနာမှု ကူညီပေးရေးအဖွဲ့တွေနဲ့ ဒေသခံတွေကို တွေ့ဆုံခဲ့သလို၊ စစ်တွေမြို့က ဒုက္ခသည်စခန်းတချို့ကိုလည်း သွားရောက်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ပြီးခဲ့တဲ့လပိုင်းတွေကစလို့ မြန်မာစစ် တပ်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့ကြားက တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရတဲ့ ဒုက္ခ သည်တွေနဲ့ တွေ့ဆုံခွင့် မရခဲ့ဘူးလို့ UN OCHA ရဲ့ မြန်မာပြည် ဌာနေ လူထုဆက်သွယ်ရေးနှင့် ပြန်ကြားရေး အရာရှိ နန်စီမက်နယ်လီက ပြောပါတယ်။

“သူ့ခရီးစဉ်ရဲ့ အဓိက ရည်ရွယ်ချက်ထဲက တခုက ရခိုင်တပ်မတော် AA နဲ့ မြန်မာအစိုးရ တပ်မတော်အကြား မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူတွေနဲ့ တွေ့ဆုံခွင့်ရဖို့ပါ။ ဒါပေမဲ့ အဲ့ဒီလိုနေရာတွေကို သွားရောက်ခွင့်မရခဲ့ပါဘူး။ အစိုးရက ကျမတို့ကို အကြောင်းပြန်တာကတော့ လုံခြုံရေးအရ စိုးရိမ်ရတဲ့အတွက်လို့ ပြောပါတယ်။”

သူမ ခရီးစဉ်ဟာ လူသားချင်းစာနာမှု အကူအညီတွေနဲ့ ပဋိပက္ခတွေ အခြေအနေတွေအတွက် ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေသွားဖို့ ရည်ရွယ်ထားတဲ့ ခရီးစဉ်တခုဖြစ်တယ်လို့ သူမရဲ့ ပြောရေးဆိုခွင့် ရှိသူ ကဆိုပါတယ်။ ဒုက္ခသည်တွေအတွက် လှုပ်ရှားသွားလာခွင့် ခက်ခဲတာနဲ့ ပညာရေးဆိုင်ရာ အခက်အခဲ နည်း ပါးမှုတွေနဲ့ပတ်သက်လို့လည်း အထူးစိုးရိမ်တဲ့အကြောင်းလည်း ပြောခွင့်ရက ပြောပါတယ်။

“ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်လို့ အဓိက စိုးရိမ်ချက်တွေထဲမှာ တခုက လွတ်လပ်စွာ လှုပ်ရှားသွားလာ ခွင့်ပါ။ ဒီမှာက လွတ်လပ်စွာ သွားလာခွင့်၊ အလုပ်လုပ်ကိုင်ခွင့် ကန့်သတ်ခံရတာရှိသလို ဈေးသွားဖို့တောင် မလွယ်တာတွေ ရှိနေပါတယ်။ အရေးပေါ် ကျန်းမာရေး စောက်ရှောက်မှု ခံယူဖို့ လိုအပ်တဲ့ အချိန်မျိုးမှာတော့ သွားဖို့ခက်ခဲနေတာတွေ ရှိပါတယ်။ လုံခြုံရေးအရ သွားလာခွင့်မရတာအပြင် ဆင်းရဲနွမ်းပါးတဲ့အတွက် ဆေးဝါးစောင့်ရှောက်မှု မရတာတွေလည်း ရှိပါတယ်။

ပညာရေးနဲ့ ပတ်သက်လို့လည်း ဒုက္ခသည် စခန်းအတော်များများမှာ အခွင့်အလမ်း မရှိသလောက်ပါပဲ။ မူလ တန်းကျောင်းတချို့ ရှိပေမဲ့ ရှေ့ဆက် ပညာသင်ကြားခွင့် မရကြပါဘူး။ တချို့ဆိုရင် အသက် ၁၀ နှစ် ရောက် တဲ့အထိ ပညာသင်ကြားခွင့် မရကြပါဘူး။ ဆိုတော့ သူတို့တွေဆိုရင် အလုပ်အကိုင်မရှိ အနာဂတ် ပျောက် ကြရပါတယ်။ မြန်မာစာ သင်ကြားခွင့်မရ၊ ပညာသင်ယူခွင့်မရတဲ့အခါကျတော့ ကွဲပြားမှုတွေ၊ ခွဲခြား ဆက်ဆံ မှုတွေလည်း ပိုပြီးတော့ များလာပါတယ်။”

အခု ရခိုင်ခရီးစဉ်အပြီး နေပြည်တော်မှာတော့ မစ္စစ် မူလာအနေနဲ့ မြန်မာအစိုးရ ထိပ်အပိုင်း တာဝန်ရှိသူတွေ ရော၊ အကူအညီပေးရေးအဖွဲ့ တွေနဲ့ပါ တွေ့ဆုံသွားဖို့လည်း ရှိတယ်လို့လည်း ပြောခွင့်ရက ပြောပါတယ်။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး UNOCHA အနေနဲ့ လတ်တလော ရခိုင်ဒေသ မှာဖြစ် ပွားနေတဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး အထူးစောင့်ကြည့် လေ့လာနေတာလည်း ဖြစ်ပါတယ်။ UNOCHA အနေနဲ့ ၂၀၁၈ မှာ မြန်မာနိုင်ငံ လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်ရေးစီမံကိန်းအတွက် ရခိုင်၊ ကချင်၊ ကရင်နဲ့ ရှမ်းမှာရှိတဲ့ လူဦးရေ ၈သိန်းကျော်အတွက် အမေရိကန်ဒေါ်လာ ၁၈၃ သန်းကိုလည်း တောင်းခံခဲ့ပါတယ်။

ရခိုင်ပြည်နယ်စစ်တွေမြို့နယ်၊ ဒါးပိုင်ကျေးရွာရှိ ရော်ဘာခြံ ဒုက္ခသည်ကယ်ဆယ်ရေးစခန်း သွားရောက်လေ့ လာခဲ့တာမှာ စခန်းမှာနေထိုင်တဲ့ ၇နှစ်တာ ကာလအတွင်း အခက်အခဲတွေကိုလွတ် လွတ်လပ်လပ် တင်ပြင် နိုင်ခဲ့တယ်လို့ ဆိုလာသူကတော့ စခန်းတာဝန်ခံ ဦးသိန်းမောင်ပါ။

“ကျနော်တို့တင်ပြတာပဲ ရှိပါတယ်။ ဘယ်လိုတွေလုပ်ပေးနိုင်တယ်ဆိုတာကို မပြောပါဘူး။ ကျနော်တို့ ပြော တာတွေကို မှတ်သွားတာဘဲရှိပါတယ်။ ကျနော်တို့ ခေတ္တခဏဆိုပြီး ၇နှစ် နေပြီးပြီ။ ကြုံနေရတဲ့ဒုက္ခ သုခတွေ ကိုတင်ပြတယ်။ နည်းပေါင်းစုံတင်ပြတယ်။ အဲမှာ အဓိကကတော့ လမ်း ပန်းဆက်သွယ်ရေးကိစ္စ ခက်ခဲတာ ပြောဖြစ်ပါတယ်။”

လူသားချင်းစာနာမှုဆိုင်ရာ ကုလသမဂ္ဂ လက်ထောက် အတွင်းရေးမှူးချုပ်လည်းဖြစ်၊ အရေးပေါ်ကယ်ဆယ် တုံ့ပြန်ရေးဆိုင်ရာ ဒုတိယ ညှိနှိုင်းရေးမှူးလည်းဖြစ်တဲ့ အာရ်ဆူလာမူလာဟာ မကြာခင် လပိုင်းကပဲ ကုလအမြဲတမ်း ကိုယ်စားလှယ်တွေနဲ့ စီမံခန့်ခွဲမှုဆိုင်ရာ အမြဲတမ်းအတွင်းဝန် ကော်မတီကကျင်းပတဲ့ ထိပ်သီး အစည်းအဝေးကို တက်ရောက်ခဲ့ပြီးတဲ့နောက် မြန်မာနိုင်ငံကို ရောက်ရှိလာတာဖြစ်ပါတယ်။

ခရီးစဉ်အတွင်း ပဋိပက္ခတွေ ရှိနေတဲ့ ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေကို သွားရောက်ခဲ့သလို အဲ့ဒီမှာရှိ တဲ့ ဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့တာပါ။ ဒါဟာသူ့ရဲ့ ဒုတိယမြောက် မြန်မာပြည်ခရီးစဉ် ဖြစ်ပြီး ၂၀၁၈ ဧပြီလ ပထမ ခရီးစဉ်တုန်းကလည်း ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မိုင်းနား KBC စစ်ရှောင်စခန်း ကိုသွားခဲ့ပြီး ဒေသတွင်းက ပြဿနာတွေကို ဆွေးနွေးခဲ့ပါတယ်ရှင်။ 
--
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */