Monday, June 10, 2019

စစ်တွေမြို့ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်း၌ အာဏာပိုင် များက အတင်းအဓမ္မ စစ်ဆေးလျက်ရှိ

အောင်ဇံဝေ
Jun 09, 2019
Rohingya Today
စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် အုန်းတောကျယ် (ပလောင်ပြင်) ရိုဟင်ဂျာဒုက္ခသည်စခန်းသို့ အာ ဏာပိုင်များ ဝင်ရောက်၍ အတင်းအဓမ္မ စစ်ဆေးလျက်ရှိသည်။

ဇွန်လ (၇) ရက်နေ့ နံနက် (၈) နာရီအချိန်တွင် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၊ လ.ဝ.က၊ ရဲတပ်ဖွဲ့၊ စစ်တပ်၊နယ်ခြား စောင့်ရဲတပ်ဖွဲ့၊ စ.ရ.ဖ နှင့် စစစ တို့ပါဝင်သည့်အာဏာပိုင်အဖွဲ့သည်စစ်တွေမြို့နယ်၊ အုန်းတောကျယ်(ပလောင်ပြင်) ရိုဟင်ဂျာဒုက္ခသည်စခန်းသို့ ကား (၇) စီးဖြင့် ရောက်ရှိလာပြီး ဒုက္ခသည်စခန်း ကော်မတီဝင် များနှင့်တွေ့ဆုံ ခဲ့သည်။ အာဏာပိုင်များက ဒုက္ခသည်စခန်းရှိ ဒုက္ခသည်များကို ဆွဲ၊တင်၊စစ် သဖွယ် စစ် ဆေး၍ မိသားစု ဓါတ်ပုံရိုက်မည်ဟု ပြောကြားပြီး၊ မိသားစုတစ်စုစီအတွက် ပုံစံတစ်စောင်စီ ပေး၍ ဖြည့်ခိုင်း ခဲ့သည်။ ပုံစံတွင် “ဘင်္ဂလီ” လူမျိုးဟု ရေးသားထားသောကြောင့် ဒုက္ခသည်များက စစ်ဆေးခံ၍ ဆန္ဒမရှိကြောင်း တင်ပြသော်လည်း အာ ဏာပိုင်များကစစ်ဆေးမခံပါကစခန်းမှအပြင်သို့သွားလာခွင့် ပိတ်ပင်ခံရမည် ဖြစ်ကြောင်း၊ စားဝတ်နေရေ အခက် အခဲ ကြုံတွေ့ရမည် ဖြစ်ကြောင်း၊ စစ်ဆေးခံပြီးပါက စားဝတ်နေ ရေး၊ သွားလာရေး၊ ပညာရေး စသည့် လိုအပ်ချက်များကို နိုင်ငံတော်မှ ဖြည့်ဆည်း ဆောင်ရွက်ပေးမည်ဟု ပြောဆိုခဲ့သည်။

အာဏာပိုင်များက ပြောသည့်အတိုင်း မည်သည့်အခါကမှ ဆောင်ရွက်ခဲ့ခြင်း မရှိသောကြောင့် ၎င်းတို့၏ ပြောဆိုချက်များကို ဒုက္ခသည်များက ယုံကြည်လက်ခံခြင်း မရှိပေ။ ဒုက္ခသည်စခန်း ကော်မတီဝင်များမှာ ရှောင်ရှားနိုင်ရန် နည်းလမ်းမရှိသောကြောင့် ၎င်းတို့၏ မိသားစုများ စစ်ဆေးခံခဲ့သည်။ စစ်ဆေးစဉ် မိသားစု ဝင် များကို တစ်ဦးချင်းစီ အမည်ခေါ်၍ အိမ်ရှေ့တွင် တန်းစီခိုင်းကာ အိမ်ထောင်ဦးစီး၏ လည်ပင်းတွင် ကတ် ပြားတစ်ခု ချိတ်ပေးပြီး ဓါတ်ပုံရိုက်ယူခဲ့သည်ဟု လွန်ခဲ့သည့် (၇) နှစ်က ဒုက္ခသည်ဘဝ ရောက်ရှိခဲ့သူတစ်ဦးက Rohingya Today သို့ ပြောသည်။

ထို့နောက် အာဏာပိုင်များက ဒုက္ခသည်များကို “ဒီတစ်ည ကောင်းကောင်း စဉ်းစားထား၊ ငါတို့ နောက်နေ့ ပြန်လာမယ်”ဟု ပြောဆိုပြီး ယင်းနေ့ နေ့လည် (၂) နာရီခန့်တွင် ပလောင်ပြင် ဒုက္ခသည်စခန်းမှထွက်ခွာသွားခဲ့သည်။

အာဏာပိုင်များသည် အပြန်လမ်းတွင် မန်စီ (၂) ဒုက္ခသည်စခန်းသို့ ဝင်ရောက်၍ ဒုက္ခသည်အချို့နှင့် တွေ့ ဆုံကာ စစ်ဆေးမှုနှင့် ပတ်သက်၍ ပြောပြရာ ဒုက္ခသည်များက မိမိတို့တောင်းဆိုသည့် အချက်များကို ဖြည့်ဆည်း ဆောင် ရွက်ပေးနိုင်လျှင် တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်ပြီး၊ တောင်းဆိုချက်များ ဖြည့်ဆည်းပေးခြင်း မရှိပါက တွေ့ဆုံဆွေးနွေးရန် ဆန္ဒမရှိကြောင်း ပြတ်ပြတ်သားသား ပြန်လည် ပြောဆိုခဲ့ကြသည်။

သို့သော်လည်း အာဏာပိုင်များက “ခင်ဗျားတို့ ကောင်းကောင်း စဉ်းစားထား၊ ကျုပ်တို့ မနက်ဖြန် ပြန်လာ မယ်” ဟု ပြောဆိုပြီး ပြန်လည် ထွက်ခွာသွားခဲ့သည်။

အာဏာပိုင်များသည် ဇွန်လ (၈) ရက်နေ့ နံနက် (၈) နာရီအချိန်တွင် ကား (၁၅) စီးဖြင့် ပလောင်ပြင် ဒုက္ခ သည် စခန်းသို့ ထပ်မံရောက်ရှိလာပြီး တစ်အိမ်တက်ဆင်း စစ်ဆေးရာ ဒုက္ခသည်အများစုက စစ်ဆေးခံရန် ဆန္ဒမရှိသောကြောင့် တိမ်းရှောင်သွားခဲ့ကြသည်။ ဒုက္ခသည်စခန်း ကော်မတီဝင်များက ဒုက္ခသည် အနည်းငယ်ကို ဖြောင်း ဖြ၍ စစ်ဆေးခံခိုင်းခဲ့သည်ဟု ဒုက္ခသည်များက ပြောပါသည်။ အာဏာပိုင်များက ဇွန်လ (၁၀) ရက်နေ့တွင် ထပ်မံ၍ လာရောက်မည်ဟု ပြောဆို၍ ညနေ (၄) နာရီအချိန်တွင် ပြန်လည် ထွက်ခွာသွားခဲ့သည်။

ပလောင်ပြင်ဒုက္ခသည်စခန်းတွင် စစ်တွေမြို့မှ ဒုက္ခသည်များနှင့် ပေါက်တောမြို့နယ်မှ ဒုက္ခသည်များဟူ၍ မြို့ နယ်နှစ်ခုမှ ဒုက္ခသည်များရှိပြီး၊ မိသားစု ၅၀၀ ကျော်ရှိသည့်အနက် မိသားစု ၅၀ ကျော်သာ စစ်ဆေးခံခဲ့သည်။

ဇွန်လ (၈) ရက်နေ့တွင် ပလောင်ပြင်ဒုက္ခသည်စခန်း၌ စစ်ဆေးနေစဉ် အမျိုးသမီးနှစ်ဦးက မိမိတို့အား ရိုဟင်ဂျာတိုင်းရင်းသား ဟု သတ်မှတ်နိုင်မှသာ စစ်ဆေးခံမည်ဟု ပြောဆိုရာ အာဏာပိုင်များက ၎င်းတို့နှစ်ဦး၏ အမည်များကို ရေးမှတ်ယူပြီး “ထောင်ချခံရမယ်၊ အရေးယူမယ်” ဟု အမျိုးမျိုး ခြိမ်းခြောက်ပြီးနောက် စခန်း ကော် မတီဝင်များကိုလည်း အဆိုပါ အမျိုးသမီးနှစ်ဦးကို အရေးယူနိုင်ရန် သက်ဆိုင်ရာသို့ တိုင်စာရေးပို့ရန် တိုက်တွန်းခဲ့သည်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */