Myanmar Online News
2019/11/25
2019/11/25
ရခိုင်ပြည်နယ်မှာရှိတဲ့ ရိုဟင်ဂျာ တွေကို နိုင်ငံတော်အဆင့်မူဝါဒထားပြီး တိုက်ခိုက်ကောင်းတိုက်ခိုက်နိုင် တယ်လို့ နိုင်ငံတကာရာဇဝတ်မှုဆိုင်ရာတရားရုံး (ICC) တရားသူကြီးတွေက စိုးရိမ်နေတယ်ဆိုပြီး ICCရှေ့ နေဖာတူ ဘန်ဆူဒါက သောကြာနေ့မှာပြောပါတယ်။
တရားသူကြီးတွေရဲ့လေ့လာတွေ့ရှိချက်တွေအရ မြန်မာအစိုးရတပ်ဖွဲ့တွေ၊ တခြားနိုင်ငံ့ဝန်ထမ်းတွေနဲ့ တပ် မတော် သားတွေဟာ မြေပြင်မှာ လူသားမျိုးနွယ်ကို ဆန့်ကျင်တယ်လို့ပြောလို့ ရတဲ့မှုခင်းတွေကို ကျူးလွန်ရာ မှာ သိသိသာသာပါဝင်ခဲ့တယ်လို့ပြောနိုင်တဲ့ သတင်းရင်းမြစ်တွေရှိနေတယ်လို့ ရှေ့နေက ပြောတာပါ။
“အဲဒီအတင်းအကြပ်လုပ်ရပ်တွေက နှင်ထုတ်ပြီး လူမျိုးနဲ့ဘာသာကြောင့် ရိုဟင်ဂျာတွေကို ရက်စက် ကြမ်း ကြုတ်တဲ့ဖြစ်ရပ်တွေကျူးလွန်ခဲ့တယ်ဆိုတဲ့ လူသားမျိုးနွယ်ကိုဆန့်ကျင်ကြောင်း အရည်အချင်း ပြည့်မီနေ တယ်။”လို့လည်း ပြောပါတယ်။
ကျယ်ပြန်တဲ့နယ်ပယ်တွေမှာ စစ်ဆေးဖို့ တရားသူကြီးတွေကခွင့်ပြုထားတယ်လို့ပြောရင်း ဒါဟာ မြန်မာနိုင်ငံ က ရက်စက်မှုတွေအတွက် သိသာထင်ရှားတဲ့တိုးတက်မှုတစ်ခုဖြစ်လာတယ်လို့လည်း ဘန်ဆူဒါက ပြောပါ တယ်။
နိုဝင်ဘာ ၁၄ ရက်မှာ Pre-Trial Chamber III က ICC တရားသူကြီးတွေက မြန်မာ-ဘင်္ဂလားဒေ့ရှ်က အခြေ အ နေတွေကို စုံစမ်းစစ်ဆေးဖို့ ရှေ့နေရုံးက အခွင့်ပေးလိုက်ပါတယ်။
မြန်မာနိုင်ငံက ICCအဖွဲ့ဝင်မဟုတ်ပေမဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက အဖွဲ့ဝင်ဖြစ်လို့ အဲဒီဆုံးဖြတ်ချက်ကို ကြိုဆို ကြောင်း ICCရှေ့နေကပြောပါတယ်။
Ref ;The Daily Star
Link : Here
No comments:
Post a Comment