" သင့်၏ မိုဘိုင်းဖုံး ဘရော်စာတွင် www.rohingyanewsbank.com ကို ရိုက်၍ အလွယ်တကူ ဖတ်ရှု နိုင်ပါသည် "
Showing posts with label စစ်အာဏာသိမ်းမှု. Show all posts
Showing posts with label စစ်အာဏာသိမ်းမှု. Show all posts

Saturday, September 4, 2021

၁၉၈၈ တတိယ စစ်အာဏာသိမ်းမှု

B B C

ဘီဘီစီမြန်မာပိုင်း             ( For Reference Only )
ဆောင်းပါးရှင်
ဦးမျိုးသစ်
၁၇ စက်တင်ဘာ ၂၀၁၇

ကြေညာချက်အမှတ် ၁/၈၈ ဖြင့် နိုင်ငံတော်အာဏာအရပ်ရပ်ကို ထိန်းသိမ်း၊ ဓာတ်ပုံ ရင်းမြစ်, AFP

၁၉၈၈ ခုနှစ် စက်တင်ဘာ (၁၈)ရက်နေ့ဟာ မြန်မာ့နိုင်ငံရေး လှုပ်ရှားမှုသမိုင်းမှာ တတိယ အကြိမ် စစ်အာဏာ သိမ်းမှုကြီး လို့ သတ်မှတ် ခေါ်ဆို လို့ ရတဲ့ တပ်မတော် အာဏာ သိမ်းမှု ကြီး ဖြစ်ပွားခဲ့တာ အခုဆိုရင် အနှစ် ၃ဝ ရှိခဲ့ပြီဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် စစ်အာဏာသိမ်းမှု ကြီးက ၁၉၅၈ခုနှစ် စက်တင်ဘာ မှာ ပေါ်ပေါက်ခဲ့ပြီး ရ လဒ်အဖြစ် အိမ်စောင့် အစိုးရ ဆိုတာ ပေါ်ပေါက် ခဲ့ပါတယ်။

အိမ်စောင့် အစိုးရ အနေနဲ့ ၁၉၆ဝခုနှစ် ဧပြီလ အထိ (၁၈) လတာ တိုင်းပြည် အာဏာ ကို ထိန်းသိမ်း ခဲ့ပါ တယ်။

Monday, March 22, 2021

စစ်အာဏာသိမ်းမှုနဲ့ ရိုဟင်ဂျာတွေရဲ့ အကျပ်အတည်း

VOA
ကိုခင်မောင်စိုးမင်း
22 မတ်၊ 2021
 
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေကို နေရပ်ပြန်လည်လက်ခံရေး ပူးပေါင်းဆောင်ရွက်သွားမယ်လို့ စစ်အုပ်ချုပ်ရေးကောင်စီက ပြောထားပါတယ်။ရိုဟင်ဂျာဒုက္ခသည်တွေကလည်း သူတို့ ရှေ့ရေးဟာ စစ်တပ်အုပ်ချုပ်မှုအောက်မှာ ပိုပြီး စိုးရိမ်စရာဖြစ်မယ်လို့ ပြောဆိုနေပါတယ်။ ကိုခင်မောင်စိုးမင်း ပြောပြပါလိမ့်မယ်။ Link: Here

Wednesday, February 3, 2021

စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့အနေနဲ့ ရန်ကုန်မြို့နယ် ပြည်သူတွေ သံပုံးတီးကမ်ပိန်း ပြုလုပ်

မဇၹ်ိမ

By AFP
03 February 2021
 မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးလို့ ဒုတိယရက်မြောက် ညမှာ ရန်ကုန်မြို့နေ ပြည်သူတွေဟာ အာဏာသိမ်း မှုကို ဆန့်ကျင်တဲ့အနေနဲ့ သံပုံးတွေနဲ့ မီးဖိုချောင်သုံး ဒန်အိုး ဒန်ခွက် ပစ္စည်းတွေကို တီးပြီး ဆန္ဒပြခဲ့ကြပါတယ်။

အဲဒီလို ဆန္ဒဖော်ထုတ်ဖို့အတွက် လူမှုမီဒီယာကနေတစ်ဆင့် အချင်းချင်း ဆော်ဩခဲ့ကြတာဖြစ်ပြီး ည ၈ နာရီ ထိုးမှာ သံပုံးတွေ စတင်တီးခဲ့ကြတာဖြစ်ပါတယ်။ တချို့က လမ်းမပေါ်ထွက်တီးကြသလို တချို့က နေအိမ်ထဲ ကနေ သံပုံးတီးကမ်ပိန်းမှာ ပါဝင်ဆင်နွှဲခဲ့ပြီး ၁၅ မိနစ်ကနေ မိနစ် ၃၀ လောက်အထိ ကြာမြင့်ခဲ့ပါတယ်။  

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */