" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, August 10, 2019

ကုလအချက်အလက် ရှာဖွေရေးအဖွဲ့နှင့် မြန်မာ့စီးပွားရေး

The Voice Journal
Perspective 
by
 Aug 10, 2019

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဖွဲ့ထားသော ရခိုင်အရေး အချက်အလက်ရှာဖွေရေးအဖွဲ့၏ အစီရင်ခံစာတွင် မြန်မာကုမ္ပဏီကြီး အချို့ကို အမည်နာမနှင့်တကွ တပ်အပ်စွပ်စွဲထားသည်။ အချက် အ လက် ရှာဖွေရေးအဖွဲ့သည် သူမြင်သည်ကို သူပြောခြင်းဖြစ်သည်။ အစီရင်ခံစာ ထွက်ထွက်ချင်း မြန်မာ အစိုးရက ခြေမြန်လက်မြန်ကန့်ကွက်လိုက်သည်ကိုလည်း သတိထားမိသည်။

ထိုအဖွဲ့တွင် လုပ်ပိုင်ခွင့်အာဏာအတိုင်းအတာ မည်မျှ ရှိ မရှိ မသေချာသော်လည်း နိုင်ငံတကာဖိအားနှင့် ဆက် စပ် နေသည့် မြန်မာ့စီးပွားရေးရေစီးများကို မျှော်ကြည့်မိသည်။

နိုင်ငံတကာဖိအားများသည် ယေဘုယျသဘောဆောင်ရာမှ ကျယ်ပြန့်နက်ရှိုင်း အသေးစိတ်လာသည်။ အစီ ရင်ခံစာအသစ်အသစ်များသည် ယခင်အစီရင်ခံစာများနှင့် မတူအောင် စဉ်းစားရေးဆွဲလာကြသည်နှင့် အမျှ နယ်ပယ်သစ်များကိုပါ လွှမ်းခြုံလာလိမ့်မည်။ ဖိအားအမျိုးအစားသစ်များ တိုးလာမည်။

အစီရင်ခံစာပါ တိုက်တွန်းချက်များနှင့် အစီရင်ခံစာနှင့် ပတ်သက်ပြီး နိုင်ငံတကာသတင်းမီဒီယာများတွင် ဖော်ပြချက်များသည် ၂၀၁၇ ကတည်းက စတင်ဖြစ်ပေါ်သော ပင်မရေစီးကြောင်းအတိုင်းပင် ဖြစ်သည်။ ၂၀၁၇ တွင်နယ် စပ်တိုက်ပွဲများဖြစ်အပြီး လူသိန်းချီ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ရောက်သွားကတည်းက နိုင်ငံ တကာသည် မြန်မာအစိုးရနှင့် တပ်မတော်ကို တောက်လျှောက်ဖိအားပေးလာသည်မှာ လူတိုင်းသိပြီး ဖြစ် သည်။ ယခုအစီရင်ခံစာအရမူ နိုင်ငံတကာဖိအားပေးမှုများသည် နယ်ပယ်အရ စီးပွားရေးဘက်သို့ လှည့်လာ သည်။ နဂိုဖိအားပေးနေကျ player များဖြစ်သည့် မြန်မာအစိုးရနှင့် တပ်မတော်ကိုသာမက ပြည်တွင်းပုဂ္ဂလိ က စီးပွားရေးလုပ်ငန်းကြီးများဘက်ပါ လှည့်လာသည်။ မြန်မာနိုင်ငံသည် အရင်းအမြစ်ချို့တဲ့သည့်အတွက် စီးပွားရေးတိုးတက်အောင် ပြည် တွင်းရှိ player အားလုံး၏အားကို ယူရမည့်အခြေအနေတွင် ယခုကဲ့သို့ ဖိ အားများ ပြင်းလာခြင်းဖြစ်သည်။ ယခုအစီရင်ခံစာတွင် ပါဝင်သော စီးပွားရေးလုပ်ငန်းအုပ်စုကြီးနှစ်ခုတွင် စီး ပွားရေး၏ အသက်သွေးကြောဖြစ်သည့် ဘဏ်ကြီးများအပါအဝင် စီးပွားရေးနယ်ပယ်အသီးသီးတွင် ဦးဆောင် နေသည့်လုပ်ငန်းများ ပါဝင်ဖွဲ့စည်းထားသည့်အတွက် ယခုထက် တင်းကျပ်လာပါက အသွင်ပြောင်း ရန် ကြိုးစားနေရသည့် မြန်မာ့စီးပွားရေးပေါ် သက်ရောက်မှုကြမ်းနိုင်သည်။ မြန်မာ့ စီးပွားရေးကို ဦးဆောင် နေသော အစိုးရပိုင်းအနေနှင့် ဖြစ်လာနိုင်ချေများအ တွက် ကြိုတင်ခန့်မှန်းပြင်ဆင်ထားရန်လိုမည် ဖြစ်သည်။

မေးခွန်းက စီးပွားရေးအရေးယူပိတ်ဆို့မှုများ ပြန်လာနိုင်သလား။ လာနိုင်ပါသည်။ ဥရောပသမဂ္ဂက မြန်မာကို ပေးထားသော အကောက်ခွန်သက်သာခွင့် ပြန်ရုပ်လျှင် စီးပွားရေးအရ ဒဏ်ခတ်ခြင်းဖြစ်သည်။ အကောက် ခွန် သက်သာခွင့် ပြန်ရုတ်သင့် မသင့် စဉ်းစားနေခြင်းကပင်လျှင် စီးပွားရေးအရ ဒဏ်ခတ်ရာ မြောက်ပြီ။ လာရန်ကြံနေသူများ တွန့်သွားနိုင်သည်မဟုတ်လား။

စီးပွားရေးအရ ဒဏ်ခတ်ခြင်းများသည် မြန်မာနိုင်ငံနှင့် မစိမ်းပါ။ ထိုအရေးယူပိတ်ဆို့မှုများ ဖြုတ်ပြီးသည်မှာ ပင် နှစ်အားဖြင့် မကြာလှသေး။ စီးပွားရေးအရ ဒဏ်ခတ်လျှင် အေးဆေးဟုမြင်သူတို့ မြင်ကြမည်။ သို့သော် ယခင်နှင့် ယခုကွာခြားချက်များ ရှိနေသည်။ ယခင်က မြန်မာ့ စီးပွားရေးသည် အမျိုးအစားမစုံလှပါ။ ယခုစီး ပွားရေးမှာမူ ယခင်ကထက် အမျိုးအစားများလာပြီ။ ယခင်မြန်မာ့စီးပွားရေးသည် အပိတ်ဟု ပြောရ မတတ် ဖြစ်သည်။ ယခုစီးပွားရေးမှာမူ ပွင့်လာပြီ။ ကမ္ဘာနှင့် အဆက်အစပ် များလာပြီ။ စာရင်းမပေါက် အင်းမပေါက် စီးပွားရေး informal economy ကြီးမားနေသေးသော်လည်း formal economy တွင်းသို့ တစ်စ တစ်စဝင်လာ ပြီ။ ယခင်က လိုင်စင်စီးပွားရေးဆန်သည်။ ယခု အပြိုင်အဆိုင်လုပ်လာကြရပြီ။ စီးပွားရေးနယ်ပယ်ကို ဖိအား များသထက် များလာ၊ သို့မဟုတ် မပြောကောင်းမဆိုကောင်း စီးပွားရေးဒဏ်ခတ်မှုများ ပြန်လာလျှင် ယခင် က ထက် ပိုထိမလား၊ ခံနိုင်ရည်ပိုကောင်းလာမလား။ သေချာသည်မှာ မြန်မာ့အသွင်ကူးပြောင်းရေး သုံးရပ် တွင် ပါဝင်သည့် စီးပွား သွင်ကူးပြောင်းရေး အခက်အခဲနှင့် ကြုံရမည်။

မြန်မာ့စီးပွားရေးသည် အသွင်ပြောင်းအောင် နိုင်ငံတကာစံနှင့် ပုံမှန်ဖြစ်အောင် ကြိုးစားနေချိန်တွင် နိုင်ငံရေး ကြောင့် အခက်အခဲကြီးများ ကြုံရခြင်းမှာ ကံမကောင်း အကြောင်းမလှခြင်းဖြစ်သည်။ ဒီမိုကရေစီနိုင်ငံ တည် ဆောက်ရေးတွင် စီးပွားရေးအရေးကြီးသည်။ စီးပွားရေးသည် ဒီမိုကရေစီနိုင်ငံအတွက် လောင်စာဆီသဖွယ် ဖြစ်သည်။ ဒီမိုကရေစီတွင် ဖွံ့ဖြိုးခြင်း ကပ်ပါလာလျှင် ဒီမိုကရေစီကို ပိုကြိုက်ကြမည်။ စီးပွားရေး မဟန်လျှင် ဒီမိုကရေစီတည်ဆောက်ရေးတွင် ပြန်လန်ကျနိုင်သည်။ တံခါးဖွင့်ခြင်း၊ စီးပွားရေးနယ်ပယ်စုံဖွံ့ဖြိုးအောင် ဆောင် ရွက်ခြင်း၊ မြေအောက် စီးပွားရေးများကို မြေပေါ်ဆွဲတင်ခြင်း၊ ယှဉ်ပြိုင်မှုတိုးမြှင့်ခြင်း စသော စီးပွားရေး အသွင် ပြောင်းလဲခြင်းများသည် ပြင်ပစီးပွားရေးဒဏ်ခတ်မှုများ မပါသေးဘဲနှင့်ပင် ခက်ခဲပြီးသား။

တရုတ်

စီးပွားရေးတွင် နိုင်ငံတကာဖိအားများလာလျှင် စီးပွားရေးတွင် တရုတ်ဘက်သို့ မှီသင့်သည်ထက် ပိုမှီရတော့ မည်။ တရုတ်အစိုးရကို နိုင်ငံတကာစင်မြင့်များဖြစ်သည့် ကုလသမဂ္ဂစသည်တို့တွင် မှီရသည့် နည်းတူ တရုတ်ကုမ္ပဏီများ၊ ရင်းနှီးမြှုပ်နှံသူများကို ပြည်တွင်းစီးပွားရေးတွင် ပိုအားကိုးရတော့မည်။ နဂိုတည်းက မြန်မာတွင် တရုတ်ခရီးသွားများကို ဦးတည်ပြီး ကမ္ဘာလှည့်ခရီးသွားဗျူဟာဆွဲနေရပြီးသား။ အမေရိကန်၊ အနောက် ဥရောပစသော အနောက်ကုမ္ပဏီကြီးများသည် နာမည်ဂုဏ်သတင်းထိခိုက်မည်ကို စိုးကြသည်။ တရုတ်တို့ သာ မြွေမကြောက် ကင်းမကြောက် ဝင်ရဲထွက်ရဲသည်။

တရုတ်ပေါ် မှီခိုခြင်းသည်ပင် အဓိပ္ပာယ်ပြောင်းလာပြီ။ တရုတ်နှင့် အမေရိကန်သည် ကုန်သွယ်ရေးစစ် ဖြစ် လုနီးနီး စီးပွားရေးတွင် စောင်နေကြပြီး တစ်ယောက်ခြေလှမ်း တစ်ယောက် ကြည့်နေကြသည်။ စီးပွားရေး စစ်အေးမှ လက်နက်နှင့် စစ်ပူအဖြစ်သို့ ပြောင်းသွားနိုင်သည်ဟုလည်း ပြောသည့် ဂုရုက ပြောနေကြသည်။
ဆူးကြားမှ ဘူးခါး

မြန်မာ့စီးပွားရေး အသွင်ကူးပြောင်းရေးသည် နဂိုပါလာသော အခက်အခဲကြီးများအပြင် ရခိုင်အရေးကြောင့် ပေါ် လာသော အခက်အခဲကြီးများကိုပါ ရင်ဆိုင်နေရသည့်အတွက် ဆူးကြားမှ ဘူးခါးသဖွယ် ဖြစ်နေပြီ။

အချုပ်ပြောရလျှင် မြန်မာတာဝန်ရှိသူများ အမြင်ကျယ်ကျယ် ကြည့်နိုင်မှ။ စီးပွားအသွင်ကူးပြောင်းရေးကို မြန်မြန်လုပ်နိုင်မှ။

ဇေယျသူ
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */