RFA
လွတ်လပ်တဲ့ အာရှအသံ
2019-08-10
ချင်းပြည်နယ် ပလက်ဝမြို့နဲ့ ၁၀ မိုင်ခန့်ဝေးတဲ့ နမ္မတာကျေးရွာမှာ တပ်မတော်နဲ့ AA အဖွဲ့တို့ ပြီးခဲ့တဲ့ ရက် ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံ ၂၅၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရကြောင်း ဒုက္ခသည်တွေကို ကူ ညီပေးနေသူတွေက ပြောပါတယ်။
လွတ်လပ်တဲ့ အာရှအသံ
2019-08-10
ပလက်ဝမြို့အဝင်ဆိုင်းဘုတ်ကို တွေ့ရစဉ်
ချင်းပြည်နယ် ပလက်ဝမြို့နဲ့ ၁၀ မိုင်ခန့်ဝေးတဲ့ နမ္မတာကျေးရွာမှာ တပ်မတော်နဲ့ AA အဖွဲ့တို့ ပြီးခဲ့တဲ့ ရက် ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံ ၂၅၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရကြောင်း ဒုက္ခသည်တွေကို ကူ ညီပေးနေသူတွေက ပြောပါတယ်။
ပလက်ဝမြို့နယ် ကျောက်ဖြာရွာနဲ့ မောင်ဝ (ခေါ်) သဲမချောင်းထဲရွာသားတွေက ကျေးရွာသား ၂၅၀ ကျော် ဟာ အောက်သဲမဝ ကျေးရွာဘက်ကို ထွက်ပြေးလာတာ ဖြစ်ကြောင်း ပလက်ဝမြို့နယ် လူမှုကူညီရေး ပရ ဟိတအဖွဲ့ ဥက္ကဋ္ဌ ဦးဝေတန်က RFA ကို ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၈ ရက်နဲ့ ၉ ရက်နေ့တွေမှာ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး နှစ်ဘက်ထိ ခိုက်ဒဏ်ရာရှိမှုတော့ မရှိကြောင်း တပ်မတော်ဘက်က ပြောပေမယ့် ဒုက္ခသည်တွေ ထွက်ပြေးသွားကြတာဟာ တိုက်ပွဲကြောင့် မဟုတ်ဘဲ AA အဖွဲ့ကို ကြောက်ပြီး ထွက် ပြေးသွားတာဖြစ်ကြောင်း အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်း ဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။
တပ်မတော်ဘက်က စွပ်စွဲပြောဆိုချက်နဲ့ ပတ်သက်ပြီး ထွက်ပြေးသွားတဲ့ ကျေးရွာ သားတွေနဲ့ AA ပြောရေး ဆိုခွင့်ရှိသူ ခိုင်သုခကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုး စားခဲ့ပေမယ့် အဆက်အသွယ် မရရှိခဲ့ပါဘူး။ ဒေသခံကျေးရွာ သားတွေ ဘာကြောင့် နေရပ်စွန့်ခွာထွက်ပြေးသွားတယ်ဆိုတာကိုတော့ RFA က သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
တပ်မတော်နဲ့ AA အဖွဲ့တို့ တိုက်ပွဲတွေကြောင့် ပလက်ဝမြို့နယ် အတွင်းမှာ နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ဒုက္ခသည် ၂၅၀၀ ကျော်ရှိနေပါတယ်။
Link : Here
No comments:
Post a Comment