အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ ကို တွေ့ရစဉ် Photo: Win Ko Ko Latt/RFA
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရခိုင်တပ်မတော် AA နဲ့ မြန်မာတပ်မတော်တို့တိုက်ပွဲကြောင့် ဘင်္ဂလားဒေ့ရှ် ရောက် ဒုက္ခသည်တွေ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်ကို ထိခိုက်မှုမရှိကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ က ပြောလိုက်ပါတယ်။
နေပြည်တော်မှာ ဒီနေ့ကျင်းပတဲ့ အလုပ်ရှင်၊ အလုပ်သမား ပဋိပက္ခဖြေရှင်းရေး အလုပ်ရုံဆွေးနွေးပွဲ တက် ရောက်လာချိန်မှာ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောလိုက်တာဖြစ်ပါတယ်။