Thursday, January 10, 2019

ဒေါက်တာအေးမောင်တို့အား စွဲချက်အမိန့် ပယ် ဖျက် ပေးရန် လျှောက်လဲချက် ပြည်နယ် တရား လွှတ်တော်က ပယ်ချ

စစ်တွေ၊ ဇန်နဝါရီ ၁ဝ

ဒေါက်တာအေးမောင်နှင့်စာရေးဆရာဝေဟင်အောင်တို့ကိုစွဲချက်တင်ထားသည့်အမိန့်အားပယ်ဖျက်ပေးရန် ‌လျှောက်လဲချက်ကို ရခိုင်ပြည်နယ်တရားလွှတ်တော်က ယနေ့ ပယ်ချလိုက်သည်။
ဇန်နဝါရီလ ၁ဝ ရက်နေ့ နံနက် ၁ဝ နာရီက နှစ်ဘက်ရှေ့နေများကိုခေါ်ယူကာ ပြည်နယ်တရား လွှတ်တော် က ပယ်ချလိုက်ခြင်းဖြစ်သည်ဟု အဆိုပါအမှုအားလိုက်ပါဆောင်ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွန့်မောင်က နိရဉ္စရာသို့ပြောသည်။

"ဒေါက်တာတို့အမှုကို အထက်ရုံးက ပလပ်ပစ်တယ်။ ရှုံးတယ်ပေါ့။ ဒေါက်တာတို့ ရှုံးပါတယ်။ စွဲချက်တင် ထားတဲ့ပုဒ်မ ၁၂၂ တို့၊ ၅ဝ၅ တို့နဲ့ ရင်ဆိုင်ရပါမယ်။ အမှုကို ဆက်စစ်ရပါမယ်"ဟု ရှေ့နေ ဦးကျော်ညွန့်မောင် က ပြောသည်။

လက်ရှိတွင် ဒေါက်တာအေးမောင်ဘက်က သက်သေနှစ်ဦးအား ဆက်လက်စစ်ဆေးရန်ကျန်ရှိနေသေးပြီး ယင်းသက်သေနှစ်ဦးအားစစ်ဆေးပြီးပါက အပြီးသတ်အမိန့်ချလာနိုင်မည်ဟုလည်း စာရေးဆရာဝေဟင် အောင်၏ အစ်ကိုဖြစ်သူ ဦးသိန်းဝင်းက နိရဉ္စရာသို့ပြောသည်။

"အဲဒီသက်သေနှစ်ယောက်ကို စစ်ပြီးရင် ဒီဘက်က အပြီးသတ်လျှောက်လဲချက်ပေးမယ်။ အဲဒီဘက်က အပြီး သတ်အမိန့်ချရင် ကျရင်လည်း ကျမယ်လေ။ အဲလောက်အဆင့်ပဲကျန်တော့တယ်"ဟု ဦးသိန်းဝင်းက ဆို သည်။

ဒေါက်တာအေးမောင်တို့အမှုကို လာမည့်တနင်္လာနေ့ ဇန်နဝါရီ ၁၄ ရက်တွင် ဆက်လက်စစ်ဆေးသွားရန် ထပ်မံ ရုံးချိန်းလိုက်ကြောင်းလည်း သိရသည်။

မာန်ယုကျော် (ရွှေဝမြေ)
Narinjara
https://www.facebook.com/Narinjara

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */