Thursday, January 10, 2019

တိုက်ပွဲကြောင့် ဒုက္ခသည်တွေ ပြန်လည် လက်ခံ ရေး လုပ်ငန်းစဉ် ထိခိုက်မှုမရှိ

RFA 
2019.01.10
             အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ ကို တွေ့ရစဉ် Photo: Win Ko Ko Latt/RFA
 
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရခိုင်တပ်မတော် AA နဲ့ မြန်မာတပ်မတော်တို့တိုက်ပွဲကြောင့် ဘင်္ဂလားဒေ့ရှ် ရောက် ဒုက္ခသည်တွေ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်ကို ထိခိုက်မှုမရှိကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ က ပြောလိုက်ပါတယ်။


နေပြည်တော်မှာ ဒီနေ့ကျင်းပတဲ့ အလုပ်ရှင်၊ အလုပ်သမား ပဋိပက္ခဖြေရှင်းရေး အလုပ်ရုံဆွေးနွေးပွဲ တက် ရောက်လာချိန်မှာ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောလိုက်တာဖြစ်ပါတယ်။

ပြန်လည်လက်ခံရေးလုပ်ငန်းနဲ့ ပတ်သက်ပြီး မြန်မာအစိုးရနဲ့ ဘင်္ဂလားဒေရှ့်အစိုးရကြား သဘောတူညီ ထားတဲ့ စာချုပ်အတိုင်း ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပြီး ပြန်လည်လက်ခံရေးလုပ်ငန်း စတင်မယ့် အချိန်ကိုတော့ ပြောဆိုခဲ့တာမရှိပါဘူး။

ဒီသတင်းကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ပေးပို့တာပါ။ 


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */