ရခိုင်ပြည်နယ်အရေးဆွေးနွေးမှုမှအဖြေရှာ- ကောက်နှုတ်ထုတ်လွှင့်ခြင်း
Aye Chan
Aye Chan
ELEVEN
15 August 2017
မြန်မာနိုင်ငံတွင် ရိုဟင်ဂျာအမည်ဖြင့် တိုင်းရင်းသားမရှိကြောင်းကမ္ဘာသိ တရားဝင်ထုတ်ပြန်ရေး နှင့် အကြမ်းဖက် ကျူးလွန်ခဲ့သူများအား အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေနှင့်အညီ အရေးယူရန် ပြည်ခိုင်ဖြိုးပါတီ အပါအဝင် နိုင်ငံရေးပါတီ ၂၀ ထုတ်ပြန်
ပြည်သူလူထု၏ လိုလားချက်ဖြစ်သော မြန်မာနိုင်ငံတွင် ရိုဟင်ဂျာအမည်ဖြင့် တိုင်းရင်းသားမရှိကြောင်း ကမ္ဘာသိ တရားဝင်ထုတ်ပြန်ရေးနှင့် အကြမ်းဖက်ကျူးလွန်ခဲ့သူများအား အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေနှင့်အညီ အ ရေးယူရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အပါအဝင် နိုင်ငံရေးပါတီ ၂၀ က သြဂုတ် ၁၄ ရက်တွင် ကြေညာချက် ထုတ်ပြန်သည်။
နိုင်ငံသားဖြစ်မှု ပြဿနာတွင် လက်ရှိကြုံနေရသည့် ပြဿနာမှာ လူမျိုးအမည် ပြဿနာ ဖြစ်သည်။ ဘင်္ဂါလီ မွတ်စလင် များက ၎င်းတို့ကိုယ် ၎င်းတို့ ရိုဟင်ဂျာလူမျိုးများ ခေါ်ဝေါ် သတ်မှတ်ထားကြသည်။၎င်းရိုဟင်ဂျာလူမျိုး ဆိုသည်နှင့်ပတ်သက်၍ လွန်ခဲ့သည့် နှစ် ၆၀ ကျော်မှစ၍ အငြင်းပွားမှု ဖြစ်ခဲ့သည်ဟုဆိုရ မည်။
အထူးသဖြင့်၂၀၁၂ မှစ၍ ဘင်္ဂါလီများကို လုံခြုံရေးအရ နယ်မြေကန့်သတ်၍ သွားလာခွင့်ပြုခြင်းနှင့် IDP စခန်းများတွင် ထားခြင်းသည် ၅ နှစ်ခန့် ရှိသွားပေပြီ။
ဤပြဿနာသည် ဖြေရှင်းရန် လိုအပ်သည့် ပြဿနာဆိုသည်မှာ ငြင်းပယ်ရန် မရှိပေ။ မည်သို့ ဖြေရှင်းကြမည်နည်း ဆိုသည်ကသာ အရေးကြီးပေသည်။
ရခိုင်ပြည်နယ်အရေးကို ကိုင်တွယ် ဖြေရှင်းမည်ဆိုပါက ဘင်္ဂါလီအရေးကို ဖယ်ထုတ်စဉ်းစား၍ မရနိုင်ပေ။
ဘင်္ဂါလီ ပြဿနာ နှင့် ပတ်သက်၍ နိုင်ငံတကာ၏ ပါဝင်ပတ်သက်မှု ဖိအားပေးမှုတို့ကလည်း ယနေ့အချိန် တွင် သောသော ညံနေသည်ဟု ဆိုရပါမည်။
နိုင်ငံတကာရပ်ဝန်းကတော့ လူ့အခွင့်အရေးဆိုသည့် အမြင်ဘက်က ရပ်တည်၍ ကြည့်ရှုသည်။ သို့သော် ဤသို့ ကြည့်ရှု ခြင်းသည် လုံလောက်မှုမရှိပေ။
စစ်သားများက ကျေးရွာများကို မီးရှို့ဖျက်ဆီး၍ ပစ္စည်းယူလူသတ်သည့် အကြမ်းဖက်မှုများ ကျူးလွန်ရာတွင် စစ်တပ်အကြီးအကဲများက အလောင်းများမှစ၍ အရာရာတိုင်းတွင် သဲလွန်စမကျန်စေရန် စနစ်တကျ ဖျောက်ဖျက်ခိုင်းကြောင်းလည်း သိရသည်။