" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, August 27, 2017

အာဆာအဖွဲ့မှာ လေးဖွဲ့ထိကွဲနေပြီး အကြမ်းဖက်မှုတွေဆက်လက်ပြုလုပ်နေ

BNA
Border News Agency
ဒါကာ၊သြဂုတ်၂၇။
ဟာရာကာအယ်လ်ရာကင် Harakahal-Yaqinအမည်နဲ့စတင်လှုပ်ရှားခဲ့ပြီး အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ် မတော်(Arakan Rohingya Salvation Army)လို့ နာမည်တပ်လှုပ်ရှားခဲ့တဲ့အဖွဲ့ဟာ လေးဖွဲ့ထိကွဲသွားကာ အ ကြမ်းဖက်လှုပ်ရှားမှုတွေ ဆက်လက်ပြုလုပ်နေကြတယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့မောင်တောဒေသခံတွေက ဆိုကြပါတယ်။

အဲဒီဟာရာကာအယ်လ်ရာကင် (Harakah al-Yaqin) ဆိုတာက အာရပ်စကားနဲ့ယုံကြည်ချက်အခြေခံလှုပ်ရှားမှုလို့ အဓိပ္ပါယ်ရတယ်လို့ ဆိုကြပါတယ်။

အဲဒီအာဆာအဖွဲ့ဟာ လွန်ခဲ့တဲ့၂၀၁၇ ခုနှစ်၊သြဂုတ်လက မောင်တောဒေသမှာအကြမ်းဖက်မှုတွေပြု လုပ်ခဲ့ပြီးနောက် အာဆာထောက်ခံသူတွေရဲ့လူမှုကွန်ရက်စာမျက်နှာတွေမှာ နာမည်ရလာခဲ့ပါတယ်။

အဲဒီနောက်မြန်မာစစ်တပ်ရဲ့နယ်မြေရှင်းလင်းရေးစစ်ဆင်မှုကြောင့်ပျောက်ကွယ်နေခဲ့ပြီးဒီနှစ်ပိုင်းမှာပြန်လည်လှုပ်ရှားလာတာလို ဆိုကြပါတယ်။

” အာဆာကခုလေးဖွဲ့ကွဲသွားပါပြီ။အာတာအုလ္လာက တော့ခုထိမောင်တောမှာပါ။ခုကဘူးသီးတောင်အဖွဲ့ကအင် အားအများဆုံးပါ။ဘင်္ဂလားဒေ့ရှ်ကမ့်ထဲမှာကနေ့စဥ်လိုလိုအကြမ်းဖက်မှုတွေလုပ်နေကြပါတယ်။” လို့ အာဆာအဖွဲ့ဝင်ဟောင်းတစ်ဦးက ပြောပါတယ်။

အဲဒီလိုကွဲသွားကြတာမှာ မောင်တောမြို့နယ်မြောက်ပိုင်း၊မြောတောင်နဲ့ဇင်ပိုင်ညာအနီးမှာလှုပ်ရှားနေတဲ့ အာဆာအဖွဲ့(မောင်တော)မှာ(၁)အာတာအုလ္လာ (ခ)အာဘူအုမောရ်ဂျိုနိုနီ(ခေါင်းဆော င် )၊(၂) မလဝီမုစ္စတာကာခ်(နာယက/ဓမ္မသတ်မှူး)၊(၃)လာလ်မာမတ် (ပြောခွင့်ရပုဂ္ဂိုလ်)၊(၅)မလဝီအီနုစ်(သဘ်ော့ကွေ့) ဓမ္မသတ်မှူး/လူသတ်ဦးဆောင်သူ(၆) မာမတ်ရှော်ဖီ(ဘ)ဂူရာမျာ။ဒုဓမ္မသတ်မှူး၊(၇)အာဘူဘောက္ကောရ်(သဲချော င်း)တပ်မှူး၊(၈)အေရှားဒူလ္လာမလဝီ။တ ပ်မှူး၊(၉)မလဝီတော်ယုပ်(တပ်မှူး)(၁၀) ဟာဖဲစ်အိုမောရ်အပါအ၀င် ၆၀ ဦးရှိတယ်လို့ Border News Agencyက စုံစမ်းသိရှိရပါတယ်။

အဲဒီအာဆာအဖွဲ့ရဲ့ခေါင်းဆောင်ကို ၂၀၁၆ ခုနှစ်၊ဒီဇင်ဘာလက(International CrisisGroup-ICG) အစီရင်ခံစာမှာ ပါကစ္စတန်နိုင်ငံမှာမွေးဖွားခဲ့ပြီး ဆော်ဒီအာရေဗျနိုင်ငံ၊မက္ကာမှာကြီးပြင်းခဲ့တဲ့ ရိုဟင်ဂျာလူမျိုး Ataullah abu Ammar Jununi ဖြစ်တယ်လို့ ဖော်ပြပါတယ်။

မောင်တောဒေသအကြမ်းဖက်တိုက် ခိုက်မှုပြုလုပ်ခဲ့တဲ့ အာဆာအဖွဲ့ကို ဦး ဆောင်သူတွေဟာ ဆော်ဒီအာရေဗျမှာ ခိုလှုံနေထိုင်ကြတဲ့ ရိုဟင်ဂျာကော်မတီတစ်ခုလည်းပါဝင်တယ်လို့ ရခိုင်အရေးစောင့်ကြည့်လေ့လာသူတွေက ဆိုကြပါတယ်။

အဲဒီအပြင်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာလှုပ် ရှားနေတဲ့အာဆာအဖွဲ့ဟာ(၁)ဆော်မီအိုဒ္ဒိန်(ခ)နုရ်ကာမာလ် (ခေါင်းဆောင်)စခန်း(၇)၊(၂)MV Ataullah(ဘ)နော်ဇိရ်အမတ်(ဒုခေါင်းဆောင်)စခန်း(၉)၊(၃) Hafes Nur Mohammed-ဒုခေါင်း ဆောင်စခန်း(၈-အရှေ့)၊(၄)MV Akis (ခ)အော်လီအမတ်(ဒုခေါင်းဆောင်)

စခန်း(၅)၊(၅)MV ရော်ဖိက်(ဘ)မာမတ်ဒုလ်ဟာဆောန်(ဒုခေါင်းဆောင်)စခန်း (၇)၊(၆)မလဝီဇူဘိုင်ရ်(ဘ) အဒူဆလာမ်(ဒုခေါင်းဆောင်)စခန်း(၇)၊(၇)ဟာဖဲစ် ဆော်နာအုလ္လာ(ဘ)တိုဖိုင်လ်အမတ်(ဒုခေါင်းဆောင်) စခန်း(၁၄)တို့ဖြစ်တယ်လို့ Border News Agencyက စုံစမ်းသိရှိရပါတယ်။

” ဆော်မီအိုဒ္ဒိန်နဲ့အုစ္စတာသ်ခါလဒ်တို့ကအဆက်အ သွယ်ရှိကြပါတယ်။တစ်ဖွဲ့ကဘင်္ဂလားကမ့်ထဲမှာအကြမ်းဖက်လုပ်ရပ်တွေကိုနေ့စဥ်လုပ်နေကြပါတယ်။တစ်ဖွဲ့ကတော့ ဘူးသီးတောင်မြို့နယ်မှာအ ဓိကလှုပ်ရှားကြပါတယ်။ဒီမှာလည်း ၂ ဖွဲ့ကွဲတေကြပါတယ်။” လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ အာဆာအဖွဲ့ဝင်ဟောင်းတစ်ဦးက ပြောပါတယ်။

ဘူးသီးတောင်မြို့နယ်မှာအခြေစိုက်လှုပ်ရှားနေတဲ့အာဆာအဖွဲ့ကွဲမှာ(၁)အုစ္စတာသ်ခါလဒ်(ခ)ခါလဒ် (ခ)နတလဒုဦးစီးချုပ်(၂)ကာရီမိုဟိတ်ဘုလ္လာ(ဒိုးတန်း၊မောင်တော)တပ်မှူး၊(၃)အဒူရော်ဟိမ်(ခ)နော်ယုမ်-တပ်မှူး၊(၄)လာလူး(သက်ကိုင်ညှာ၊မောင်တော)တပ်မှူး(၅) နုရ်မာမတ်(ဘ)လာလ်မျာ၊တပ်မှူးစုစု ပေါင်း ၁၀၀ခန့်ပါ၀င်တယ်လို့လည်းBorder News Agencyက စုံစမ်းသိရှိရပါတယ်။

အဲဒီဘူးသီးတောင်အဖွဲ့ဟာ စစ်ကောင်စီရဲ့စစ်တပ်အရာရှိတွေ၊နယ်ခြားစောင့်တွေနဲ့လည်းဆက်သွယ်လှုပ်ရှားနေကြတာလို့ ဒေသခံတွေက ဆိုကြပါတ ယ်။

အဲဒီအပြင်အရင်ကတည်းက မြန်မာ- ဘင်္ဂလားဒေရှ့်နယ်စပ်မှာရှိခဲ့တဲ့လက် နက်ကိုင်ဖြစ်တဲ့ RSO (rohingya solidarity organization)အဖွဲ့နဲ့ပါ ထိတွေ့တိုက်ခိုက်မှုတွေရှိလာနေပြီး ဘင်္ဂလားဒေ့ရှ်လုံခြုံ ရေးအဖွဲ့ ၊အာဆာနဲ့ RSO တို့ကြားက အားပြိုင်မှုဟာ ၂၀၂၁ နှစ်ကုန်ပိုင်းကတည်းက ပြင်းထန်လာခဲ့တာဖြစ်ပါတယ်။

အာဆာအဖွဲ့ဟာ ၂၀၁၇ ခုနှစ်က၊မောင်တော၊ဘူးသီးတောင်၊ရသေ့တောင်မြို့နယ်တွေမှာအကြမ်းဖက်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။

အဲဒီအကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် မြန်မာ နိုင် ငံအကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုကော်မတီကအာ ဆာအဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရသတ်မှတ်ထားပါတယ်။

နောက်ပြီး အာဆာအဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် မလေးရှားနိုင်ငံကလည်းသတ်မှတ်ထားသလို ဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်း ရှာဖွေဖမ်းဆီးတာတွေကိုမကြာခဏပြုလုပ်နေကြပါတယ်။

(ဓာတ်ပုံ-မောင်တောမြို့နယ်မြောက်ပိုင်းမှာ၂၀၁၇ ခုနှစ်ကအာဆာအဖွဲ့ခေါင်းဆောင်သင်တန်းပေးနေပုံ)
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */