" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, August 30, 2017

၂၀၁၇ ရခိုင်မြောက်ပိုင်း နယ်မြေရှင်းလင်းရေး

7DAY DAILY Wednesday, August 30, 2017
 အောင်ခိုင်  


ရခိုင်လုံခြုံရေးအတွက် ဆောင်ရွက်သင့်သည်များကို အစိုးရနှင့်လွှတ်တော်သို့ တင်ပြခဲ့သော်လည်း အ ကောင်အထည်ဖော်ခဲ့ခြင်းမရှိဟု ဒုတိယတပ်မတော်စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်ပြောကာလုံအစည်း အဝေးခေါ်ယူ၍ လိုအပ်သလို ညှိနှိုင်းဆောင်ရွက်ရမည်ဟုဆို

 ရခိုင်လုံခြုံရေးအ ခြေအနေနှင့်ပတ်သက်၍ ဆောင် ရွက်သင့်သည်များကို အစိုးရနှင့် လွှတ်တော်တွင် သုံး သပ်တင်ပြခဲ့သော်လည်း အကောင်အထည် ဖော်ဆောင်ရွက်နိုင်ခြင်း မရှိ ကြောင်းနှင့် နိုင်ငံ၏အနောက် ဘက်လုံခြုံရေးတံခါးမကျိုးပေါက် စေရန် ကာလုံအစည်းအဝေးခေါ် ယူ၍ လိုအပ်သလို ညှိနှိုင်းဆောင် ရွက် ရမည်ဖြစ်ကြောင်း ဒုတိယ တပ်မတော်စစ်ဘက်ရေးရာလုံခြုံ ရေးအရာရှိချုပ် ဗိုလ်ချုပ်သန်းထွဋ် သိန်းက ပြောသည်။

သြဂုတ် ၂၉ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် ရခိုင် ပြည်နယ်အတွင်း အစွန်းရောက် ဘင်္ဂါလီများ၏ အကြမ်းဖက်ဖြစ် စဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပွဲ၌ ၎င်းကနိုင်ငံတကာ စစ်သံအရာ ရှိများနှင့် မီဒီယာများ အား ပြော ကြားသည်။

၂၀၁၂ အတွင်းက ရခိုင်ပြည် နယ်အတွင်း ဖြစ်ပွားခဲ့သည့်အ ကြမ်းဖက်မှုများတွင် ရဲတပ်ဖွဲ့က ကိုင်တွယ်ဖြေ ရှင်းနိုင်ခြင်း မရှိ တော့သဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ၄၁၃(က) အရ နိုင်ငံတော် သမ္မတက အရေးပေါ် အခြေ အနေ ကြေညာ၍ တပ်မတော်အကူအညီရယူကာ ဆောင်ရွက်ခဲ့သည်။

၂၀၁၆ အောက်တိုဘာတွင် ဖြစ်ပွားသည့် နယ်ခြားစောင့်ရဲ စခန်းများအကြမ်းဖက်ခံရမှုအပြီး မောင်တောဒေ သကို အစိုးရက စစ်ဆင်ရေးနယ်မြေအဖြစ် သတ်မှတ်၍ တပ်မတော်က နယ်မြေတည် ငြိမ်ရေးအတွက် ၂၀၁၇ ဖေဖော် ဝါရီအထိ နယ်မြေရှင်းလင်းမှု ဆောင်ရွက်ခဲ့သည်။

ပြီးခဲ့သည့် သြဂုတ် ၂၅ ရက်တွင်မူ မောင်တောဒေသရှိ တောင်ဘဇာတပ်ရင်း၊ ရဲစခန်းများအပါအဝင် နေရာ ၃၀ ကို အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်များက အင်အားသုံး၍ တစ်ပြိုင်နက် ဝင်ရောက် တိုက်ခိုက်ခဲ့သည်။

 ယင်းဒေသတွင် အစွန်း ရောက်များ၏အကြမ်းဖက်တိုက် ခိုက်မှုအရှိန် ပိုမိုမြင့်လာနိုင်သည် ဟု သုံးသပ် ကြောင်း ဗိုလ်ချုပ်သန်း ထွဋ်သိန်းက ပြောသည်။

ထို့အပြင် ၂၀၁၆ ဒီဇင်ဘာ ၂ ရက်တွင် ပြည်ထောင်စုလွှတ် တော်၌ ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ် ချုပ်ရေး ဥပဒေပြင် ဆင်သည့် ဥပဒေကို အတည်ပြုခဲ့ သည်။

‘‘ဒီလိုဥပဒေပြဋ္ဌာန်းမှုကြောင့် ရပ်ကွက်ကျေးရွာအတွင်းမှာ ဧည့် စာရင်းတိုင်ကြားခြင်း၊ စစ်ဆေး ခြင်းများ ပြု လုပ် နိုင်ခြင်းမရှိတော့ တဲ့အတွက် ယခုကဲ့သို့ အစွန်း ရောက်ဘင်္ဂါလီအကြမ်းဖက်အဖွဲ့ များ အလွယ်တကူနဲ့ အများအ ပြား စိမ့်ဝင်ခိုအောင်းလာနိုင်ခြင်း ဖြစ်ကြောင်း တွေ့ရှိရပါတယ်’’ဟု ဗိုလ်ချုပ်သန်းထွဋ်သိန်းက ရှင်း လင်းပြောကြားသည်။

လက်ရှိတွင် တပ်မတော်အနေဖြင့် အစိုးရနှင့်ပူးပေါင်း၍ ရခိုင်ဒေသ လုံခြုံရေး ဆောင်ရွက်နေကြောင်း ၎င်းက ဆိုသည်။

‘‘သို့သော်လည်း အကြမ်း ဖက်တိုက်ခိုက်မှု၊ သတ်ဖြတ်မှု၊ မီး ရှို့ဖျက်ဆီးမှု ဖြစ်စဉ်များ ယခုထက်ပိုမိုပြင်းထန် လာပါက လွတ် မြောက်နယ်မြေဖြစ်သွားနိုင်သော ကြောင့် နိုင်ငံတော် လုံခြုံရေး ဆောင်ရွက်မှုတွင် အဆင့် အမြင့် ဆုံးဖြစ်သည့် အမျိုးသားကာကွယ် ရေးနှင့် လုံခြုံရေးကောင်စီအ စည်းအဝေးခေါ်ယူ၍ လိုအပ်သလို ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ပါ တယ်’’ဟု ဒုတိယတပ်မတော် စစ် ဘက်ရေးရာ တပ်မတော်အရာရှိ ချုပ်က ဆက်လက်ပြောကြား သည်။

ထို့အပြင် တပ်မတော်ပြော ရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်အောင်ရဲ ဝင်းက လုံခြုံရေးဆိုင်ရာ အကြံပြု ချက်များကို တပ်မတော်အနေဖြင့် တင်ပြထားပြီးဖြစ်၍ ကာလုံခေါ် ခြင်း၊ မခေါ်ခြင်းသည် အစိုးရပေါ် တွင်မူတည်ကြောင်း ဖြည့်စွက် ရှင်းလင်းသည်။

ရှင်းလင်းပွဲတွင် ဘင်္ဂလား ဒေ့ရှ် စစ်သံအရာရှိကလည်း နယ် စပ်လုံခြုံရေးအတွက် ပူးပေါင်း ဆောင်ရွက် မည်ဖြစ်ပြီး သတင်း အချက်အလက်များကို မျှဝေရန် ပြောကြားသည်။

‘‘ရခိုင်မှာ ပကတိဖြစ်နေခဲ့တဲ့ အခြေအနေတွေက အကြမ်းဖက် မှုတွေ ပေါ်ပေါက်နေတာက သူ့ အခြေခံအ ကြောင်း ချက်တွေအရ ဖြစ်နေတာလေ။ အခုလက်ရှိ ရှိ နေတဲ့ အစိုးရရော၊ တပ်မတော် ရော ဒါနဲ့ပတ်သက် လို့ ထိထိ ရောက်ရောက် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိတယ်ဆို ရင် နောက်ထပ်အစိုးရကို ထပ် ပြီး တော့ တိုက်တွန်းစရာအထိ မလို ဘူးဆိုရင် ဒီအဆိုကို မှတ်တမ်း တင်ခြင်းတွေပဲ လုပ်ကြတာလေ။ လွှတ် တော်ထဲက ဆောင်ရွက် ချက်တွေကြောင့်  ရခိုင်အရေး အခင်းတွေဖြစ်နေတာ မဟုတ် ဘူး။  ရခိုင်အရေး အ ခင်းတွေ ကြောင့် လွှတ်တော်ထဲကို ရောက် လာတာ’’ ဟု အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဦးအောင် ကြည်ညွန့်က မှတ်ချက်ပြုသည်။

ယမန်နှစ် အောက်တိုဘာ တိုက်ခိုက်မှုအပြီးတွင် တပ်မတော် အနေဖြင့် လုံခြုံရေးအရ ဆောင် ရွက်သင့်သည် များကို လွှတ်တော် နှင့် အစိုးရအဖွဲ့သို့ အကြံပြုတင် ပြချက်များ ဆက်တိုက်ပြုလုပ်ခဲ့ ကြောင်း ၎င်းက ရှင်း လင်းပြော ကြားခဲ့သည်။

 ‘‘၂၀၁၆ အောက်တိုဘာ ရခိုင်ပြည်နယ်အတွင်း အကြမ်း ဖက်မှုဖြစ်စဉ်များ စတင်ဖြစ်ပွား ပြီးတဲ့နောက် နိုဝင် ဘာ ၂၁ ရက် မှာ ပြည်သူ့လွှတ်တော်နဲ့ ဒီဇင်ဘာ ၈ ရက်မှာ အမျိုးသားလွှတ်တော် က တပ်မတော်သား လွှတ် တော် ကိုယ်စားလှယ်များက ဘင်္ဂါလီအ ကြမ်းဖက်သမားများ ဆက်လက် ကျူးလွန်နေတဲ့ အကြမ်းဖက်မှု များ ဟာ အမျိုးသားလုံခြုံရေးနဲ့ နိုင်ငံတော်အချုပ်အခြာအာဏာကို ခြိမ်းခြောက်နေတဲ့အတွက် အ ကြမ်းဖက် သမားများ၊ ကျူးကျော် သူများ နောက်ထပ် မကျူးကျော် ဖို့အတွက် အကြမ်းဖက်လုပ်ရပ် များ လုံးဝချုပ်ငြိမ်း အမြစ်ပြတ်ချေ မှုန်းရေးအတွက် လိုအပ်တဲ့အစီအ မံများ ချမှတ်ပေးရန် နိုင်ငံတော် အစိုးရကို တိုက်တွန်း ကြောင်းအ ဆို နှစ်ရပ်ကို တင်သွင်းခဲ့ပေမယ့် ဆွေးနွေးခွင့်မရဘဲ လွှတ်တော်မှာ ပယ်ချခြင်းခံခဲ့ပါတယ်’’ဟု ဗိုလ် ချုပ်သန်းထွဋ်သိန်းက ပြောကြားသည်။

ထို့ပြင် ပြီးခဲ့သည့် သြဂုတ် အတွင်းက ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တွင် တစ် ဖက်နိုင်ငံမှ တရားမဝင် ဝင်ရောက်လာသူများကို ဘင်္ဂါလီအဖြစ် သတ်မှတ်ရေး၊ အကြမ်းဖက်သ မားကို အကြမ်းဖက် တိုက်ဖျက် ရေးဥပဒေအရ အကြမ်းဖက်အဖွဲ့ အဖြစ် သတ်မှတ်ကြေညာရေး၊ ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေ ကို တိကျစွာ အကောင်အထည်ဖော် ရေးတို့ကို တပ်မတော်သားကိုယ် စားလှယ်များက ဆွေးနွေးတင်ပြ ခဲ့သည်။

ယင်းနောက် ၂၀၁၆ နိုဝင်ဘာနှင့် ၂၀၁၇ သြဂုတ်တွင် ကျင်းပခဲ့ သည့် ရခိုင်ပြည်နယ်လုံခြုံရေးဆိုင် ရာအ စည်း အဝေးများတွင် ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ နယ် စပ်ရေးရာ ဝန် ကြီး တို့က ရခိုင်ပြည် နယ်လုံခြုံရေးဆိုင်ရာများကို အ ကြံပြုခဲ့ကြောင်း ဗိုလ်ချုပ်သန်း ထွဋ်သိန်းက ဆို သည်။

ထို့အပြင် ၂၀၁၇ ဩဂုတ် အတွင်းက ကျင်းပခဲ့သည့် ရခိုင် ပြည်နယ်လုံခြုံရေးဆိုင်ရာ အစည်းအဝေးတွင် ယ ခင်ဖြစ်ပွားခဲ့သည့် စစ်တွေ၊ မိတ္ထီလာနှင့် လောက် ကိုင်ဖြစ်စဉ်များတွင် ဖွဲ့စည်းပုံ ပုဒ်မ ၄၁၂ အရ အ ရေး ပေါ် အခြေ အနေ ကြေညာဆောင်ရွက်ခဲ့ သလို လက်ရှိကာလတွင်လည်း မောင်တောဒေသကို အချိန် ကာ လ တစ်ခုအထိ သတ်မှတ်ကျင့်သုံး သင့်ကြောင်း အကြံပြုခဲ့သည်ဟု ၎င်းက ပြောသည်။

‘‘တပ်မတော်အနေနဲ့ လွှတ် တော်မှာလည်းကောင်း၊ အစိုးရ အဖွဲ့မှာသော်လည်းကောင်း အ ထက်ဖော်ပြပါ အချက်များကို သုံးသပ်တင်ပြခဲ့သော်လည်း အ ကောင်အထည်ဖော်ဆောင်ရွက် နိုင်ခြင်းမရှိဘဲ ယခုအစွန်း ရောက် ဘင်္ဂါလီအကြမ်းဖက်ဖြစ်စဉ် ထပ် မံပေါ်ပေါက်လာမှသာ အချို့အ ချက်များအား ထုတ်ပြန်ပေးခဲ့ ကြောင်း သိရှိရပါတယ်’’ဟု ဗိုလ် ချုပ်သန်းထွဋ်သိန်းက ပြောကြားသည်။

လင့်၊

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */