Wednesday, December 11, 2019

လူမျိုးတုံးသတ်ဖြတ်မှုမမြောက် အတိုင်ပင်ခံ ICJ ကို လျှောက်လဲ

VOA
 ဗွီအိုအေ (မြန်မာပိုင်း)
11 ဒီဇင်ဘာ၊ 2019 
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်တွေဟာ လူမျိုးတုံး သတ်ဖြတ်မှု မ မြောက်ကြောင်း ICJ နိုင်ငံတကာ တရားရုံးမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ပဲ ပြောဆိုလိုက်ပါတယ်။

“မြန်မာလုံခြုံရေး တပ်ဖွဲ့ဝင်တွေ အနေနဲ့ စစ်ဆင်ရေးတွေအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန် ခဲ့တယ်ဆိုတာ ထင်ရှားရင် လူသားချင်းစာနာမှုဆိုင်ရာ နိုင်ငံတကာ ဥပဒေ၊ လူ့အခွင့်အရေးသဘော တူညီ ချက်တွေအရ အရေးယူနိုင်ပေမဲ့ ၁၉၄၈ ခုနှစ် လူမျိုးတုန်း သတ်ဖြတ်မှု တားဆီးရေး သဘောတူညီချက်အရ အရေးယူလို့ မရကြောင်း” ဒေါ်အောင်ဆန်းစုကြည် ပြောဆိုခဲ့တာပါ။

မြန်မာစစ်တပ် အနေနဲ့ စစ်ရာဇဝတ်မှုမြောက်တဲ့ လုပ်ရပ်တွေ ကျုးလွန်ခဲ့ရင်လည်း လက်ရှိမြန်မာနိုင်ငံရဲ့ ဥပ ဒေတွေနဲ့အညီ အရေးယူမှာ ဖြစ်ကြောင်းလည်း ပြောဆိုသွားပါတယ်။ ၂၀၁၇ ခုနှစ်မှာ ARSA ရိုဟင်ဂျာ အ စွန်းရောက်အဖွဲ့က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ ရဲကင်းစခန်းတွေကို ဝင်ရောက် တိုက်ခိုက်တာကို မြန် မာ စစ်တပ်က တုံ့ပြန်ရာမှာ ရိုဟင်ဂျာမွတ်ဆလင် အများအပြား သေဆုံးပြီး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကို သိန်းနဲ့ချီ ထွက်ပြေးခဲ့ကြရတဲ့အပေါ် တာဝန်ရှိသူတွေကို ဖော်ထုတ် အရေးယူဖို့ ကုလသမဂ္ဂ တာဝန်ရှိ သူတွေ အပါအဝင် နိုင်ငံတကာ အသိုင်းအ ဝန်းနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက တိုက်တွန်းနေကြတာပါ။

အခုနောက်ဆုံးမှာလည်း ICJ အပါအဝင် နိုင်ငံတကာ တရားရုံးတွေမှာ အရေးယူနိုင်ဖို့ ကြိုးပမ်းမှုတွေနဲ့လည်း မြန်မာနိုင်ငံ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာအစိုးရကတော့ လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ စုံစမ်းဖော်ထုတ်ခဲ့တာတွေ၊ ဖော်ထုတ်ဖို့ ကြိုးစားနေတာတွေ ရှိနေပြီး အရေးယူခဲ့တာတွေ ရှိခဲ့ကြောင်းလည်း ပြောဆိုထားတာပါ။

ICJ မှာ တရားလိုလုပ် တရားစွဲဆိုခဲ့တဲ့ ဂမ်ဘီယာနိုင်ငံက တရားရေးဝန်ကြီး Aboubacarr Tambadou က တော့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ပကတိအခြေအနေတွေကို လက်ခံဖို့ လိုအပ်ကြောင်း မနေ့တုန်းက ကြားနာမှု ပထမနေ့မှာပဲ ပြောဆိုထားပါတယ်။

 
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */