Tuesday, May 14, 2019

ရခိုင်မှာအရပ်သားတွေအပေါ် မြန်မာစစ်တပ်အကြမ်း ဖက်မှု အရေးယူပေးဖို့ ဝါရှင်တန်မြန်မာသံရုံးရှေ့ ဆန္ဒ ပြတောင်းဆို

VOA  
ဗွီအိုအေ (မြန်မာဌာန) 
14 မေ၊ 2019
ကိုဉာဏ်ဝင်းအောင်
ရခိုင်ပြည်နယ်မှာ မြန်မာ့တပ်မတော်က ဖမ်းဆီးစစ်ဆေးနေစဉ်သေဆုံးသွားတဲ့ ရခိုင်တိုင်းရင်းသား အရပ် သားပြည်သူတွေအမှုကို လွတ်လပ်တဲ့ စုံစမ်းရေးကော်မရှင်တရပ် ဖွဲ့စည်းစစ်ဆေးပေးဖို့နဲ့ အပြစ်ရှိသူတွေကို ဖေါ်ထုတ်အရေးယူပေးဖို့ အမေရိကန်ရခိုင် လူမှုအဖွဲ့အစည်းက ဝါရှင်တန် မြန်မာသံရုံးရှေ့ ဆန္ဒပြတောင်း ဆိုလိုက်ကြပါတယ်။ မြန်မာအစိုးရအနေနဲ့ ရခိုင်ပြည်နယ်အရေးကို အလေးထား ဆောင်ရွက်နေတယ်လို့ မြန်မာ သံအမတ်ကြီးက တုန့်ပြန်ပြောဆိုပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က ပြော ပြမှာပါ။


ရခိုင်ပြည်နယ် မြောက်ဦးမြို့ လက္ကာရွာနဲ့ ရသေ့တောင်မြို့ ကျောက်တန်းရွာတွေမှာ မြန်မာစစ်တပ်က ဖမ်းဆီး စစ်ဆေးနေစဉ် ရခိုင်တိုင်းရင်းသား အရပ်သားပြည်သူ (၉)ဦး သေဆုံးသွားမှုဟာ စစ်တပ်က ဥပဒေမဲ့ သတ် ဖြတ်ခြင်းသာဖြစ်တယ်ဆိုပြီး အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ အမေရိကန်-ရခိုင် လူမှုအဖွဲ့အစည်းက စွပ်စွဲ ပြောဆိုလိုက်တာပါ။ ဒါကြောင့် သေဆုံးသွားသူတွေအမှုကို လွတ်လပ်တဲ့ ကော်မရှင်တရပ် ဖွဲ့စည်း စစ်ဆေး ပေးဖို့နဲ့ အဲဒီသေဆုံးမှုအတွက် အပြစ်ရှိသူတွေကို အရေးယူပေးဖို့ အမေရိကန်ရခိုင် လူမှုအဖွဲ့အစည်းက မေ လ ၁၃ ရက်နေ့လည်ပိုင်း ဝါရှင်တန် မြန်မာသံရုံးရှေ့ ဆန္ဒပြတောင်းဆို လိုက်ကြပါတယ်။

“ ကျနော်တို့ရဲ့ နံပတ်၁ တောင်းဆိုချက်ကတော့ ရခိုင်ပြည်နယ်မှာ အရပ်သားတွေကို မြန်မာစစ်တပ် ကနေ ပြီးတော့ သတ်ဖြတ်နေတာကို ချက်ချင်းရပ်ပေးဖို့ပေါ့နော် ။ နောက်ပြီးတော့ အရပ်သားတွေကို ဖမ်းဆီး ထား တာတွေ ဖမ်းဆီးနေတာတွေရှိတယ်။ ဒီကိစ္စတွေကိုလည်း ချွင်းချက်မရှိ ရပ်ပေးဖို့ပါ။ နောက်တခုက မြန်မာ စစ် တပ်က သတ်လိုက်လို့သေသွားတဲ့ အဲဒီအရပ်သားတွေအတွက်လည်း တရားစီရင်ပေးဖို့ ဒီ အပြစ်ရှိတဲ့ သူတွေကို အပြစ်ပေးဖို့ မြန်မာအစိုးရ စစ်တပ်မပါပဲနဲ့ နိုင်ငံတကာအဖွဲ့အစည်းကနေပြီးတော့ စုံစမ်းစစ်ဆေး မှုမျိုးတွေ ပြုလုပ်ပေးဖို့ ဒါတွေကို တောင်းဆိုထားပါတယ်။

လက်နက်ကိုင်မဟုတ်တဲ့ အရပ်သားတွေကို ရွာထဲမှာ ဝင်ပြီးဖမ်းတယ်။ အဲဒါက ဘယ်နည်းနဲ့မှ လက်ခံနိုင် စရာအကြောင်းမရှိဘူး။ ဘယ်နိုင်ငံရဲ့ တရားဥပဒေ ၊ နိုင်ငံတကာ ဥပဒေတွေနဲ့လည်း မကိုက်ညီဘူးလို့ ကျနော်တို့အား လုံးခံယူပါတယ်။ ဒါက murder ပေါ့နော် လူသတ်မှုမြောက်တယ်လို့ လုံး၀ ယူဆပါတယ်။”

အမေရိကန်ရခိုင် လူမှုအဖွဲ့အစည်း (Arakan American Community) ဒုဥက္ကဌ ဦးသိန်းထွန်းဇံ ပြောသွား တာပါ။ သူတို့ရဲ့တောင်းဆိုချက်တွေကို မြန်မာသံရုံးထံ ပေးပို့သွားမယ် လို့လည်း ပြောပါတယ်။ အခုလို ဆန္ဒပြတောင်းဆိုမှုနဲ့ပတ်သက်လို့ ဝါရှင်တန်ဒီစီ မြန်မာသံအမတ်ကြီး ဦးအောင်လင်း ပြောတာကတော့

“ရခိုင်ပြည်နယ်ဟာ ကျနော်တို့ ပြည်ထောင်စုရဲ့ အစိတ်အပိုင်းတခုဖြစ်တယ်။ ရခိုင်ပြည်တည်ငြိမ်အေး ချမ်းရေးအတွက်ကို ကျနော်တို့ အစိုးရက ဘယ်လောက်အလေးထားနေသလဲဆိုတာကိုလည်း အများကို အသိပေးပြီးဖြစ်ပါတယ်။ ဒါကြောင့် ရခိုင်ပြည် တည်ငြိမ်အေးချမ်းရေးအတွက်ကို အစွမ်းကုန်ဆောင် ရွက်နေ တယ်ဆိုတာကိုတော့ ကျနော်ပြောပါရစေ။”

ဒါ့အပြင် ရခိုင်ဒေသတွင်း တိုက်ပွဲတွေကြောင့် တိမ်းရှောင်နေရတဲ့ စစ်ပြေးဒုက္ခသည်တွေကို အကူအညီ ပေးရေးကိစ္စမှာ ဟန့်တားနေတာကို ဖယ်ရှားခွင့်ပြုပေးဖို့ အမေရိကန်ရခိုင် လူမှုအဖွဲ့အစည်းက တောင်းဆို ကြောင်း ဦးသိန်းထွန်းဇံက ပြောပါတယ်။

“စစ်ပြေးဒုက္ခသည် သုံးသောင်းခွဲကျော်ကို မြန်မာအစိုးရကိုယ်တိုင် စောင့်ရှောက်ပေးဖို့ ပြီးတော့ ၊ ကူညီ စောင့် ရှောက်ပေးနေတဲ့ အဖွဲ့အစည်းတွေ၊စောင့်ရှောက်ပေးချင်တဲ့ အရပ်သား ပြည်တွင်းပြည်ပ အဖွဲ့အစည်း အားလုံးကို လုပ်ဆောင်ခွင့်ပေးဖို့ အဲဒီဟာတွေကို တောင်းဆိုထားပါတယ်။”

အဲဒီလို အဟန့်အတားတွေဟာ လုံခြုံရေး လိုအပ်ချက်ကြောင့် လုပ်ဆောင်ခြင်းမျိုးသာ ဖြစ်နိုင်ကြောင်း သံ အမတ်ကြီး ဦးအောင်လင်းက ရှင်းပြပါတယ်။

“မြေပြင်အခြေအနေကို အတိအကျ ကျနော်မသိပါဘူး။ ဒါပေမယ့် ကျနော်ပြောပြလို့ရတာကတော့ မြန်မာ ပြည် ပြည်တွင်းရေးအခြေအနေကို နိုင်ငံတော်ရဲ့ အစိုးရက အသိဆုံးဖြစ်ပါတယ်။ လုံခြုံရေးအခြေအနေကို အခြေခံပြီးတော့ပဲ လူမှုရေးအဖွဲ့အစည်းတွေက သွားမယ်ဆိုတာကို ကန့်သတ်ထားတာလို့ ကျနော်ယူ ဆပါတယ်။”

AA ရခိုင့်လက်နက်ကိုင်တပ်နဲ့ ဆက်နွှယ်တယ်ဆိုပြီး ပြီးခဲ့တဲ့ ဧပြီလထဲမှာ လက္ကာရွာသား ၂၇ ဦးကို မြန်မာ့ တပ်မ တော်က ဖမ်းဆီးထားချိန်မှာ ရွာသား ၃ဦးသေဆုံးခဲ့သလို၊ ကျောက်တန်းရွာမှာလည်း လူ ၂၈၀ နီးပါး ဖမ်းဆီးစစ် ဆေးနေစဉ် စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် မေလ ၂ ရက်နေ့က ၆ ဦးသေဆုံးပြီး၊ လူတချို့ဒဏ်ရာ ရသွားပါတယ်။ အဲဒီလိုသေဆုံးသူ ၉ ဦးအတွက် ဝါရှင်တန် မြန်မာသံရုံးရှေ့မှာ အခေါင်း ၉ ခုပြင်ပြီး မေတ္တာပို့ အမျှဝေ ခဲ့ကြပါတယ်။ သံရုံးရှေ့ဆန္ဒပြပွဲမှာတော့ ရခိုင်တိုင်းရင်းသားအများစုနဲ့ ကရင်၊ ချင်း၊ ကချင် တိုင်းရင်သားတွေပါ စုစုပေါင်း ၈၀ နီးပါး လာရောက်ကြပါတယ်။

 

Link : Here 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */