RFA
လွတ်လပ်တဲ့ အာရှအသံ
လွတ်လပ်တဲ့ အာရှအသံ
2019-07-04
BROUK အဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းခင် ကို တွေ့ရစဉ် Photo: RFA

အရှေ့တောင်အာရှရေးရာ ညွန်ကြားရေးမှူး Josh Cartin ဂျော့ရှ် ကာတင် က အမေရိကန်ဘက်က ကိုယ်စား လှယ်တစ်ဖွဲ့စေလွှတ်ပြီး မြန်မာနိုင်ငံ အစိုးရနဲ့ တပ်မတော်တာဝန်ရှိသူတွေကို တွေ့ဆုံဖို့ရှိတဲ့ အကြာင်း၊ ပြန် ဖြေခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ဦးအောင်ကျော်ဇံ ကို RFA ကဆက်သွယ်မေးမြန်းတဲ့အခါမှာအမေရိကန်နိုင်ငံ အမျိုးသား လုံခြုံရေးကောင်စီနဲ့ ပတ်သက်ပြီး အကြောင်းကြား ထားတော့ လတ်တလော မရှိသေးဘူးလို့ ပြောပါတယ်။
မနေ့ကတွေ့ဆုံတုန်းက ရခိုင်ပြည်က မွတ်စလင်တွေ အသတ် ခံရတာ၊ အိမ်တွေ၊ လယ်တွေ ဖျက်ဆီးခံ ရတာတွေအတွက် မြန်မာအစိုးရက လျော်ကြေးပေးဖို့အပြင် နိုင်ငံတကာတရား ရုံးချုပ်မှာ တရားစွဲဆိုဖို့ အမေရိကန်နိုင်ငံကနေ တခြားနိုင်ငံတွေကို တိုက်တွန်းပေးစေချင်တယ်လို့လည်း ဦးထွန်းခင်က အမျိုး သားလုံခြုံရေးကောင်စီ ညွှန်ကြားရေးမှူးကို ပြောခဲ့တယ်လို့ သိရပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က အခုလိုပြောပါတယ်။
"လူ့အခွင့်အရေး ချိုးဖောက်တာတွေကို သက်သေအထင်ရှားပြဖို့ တောင်းဆိုပါတယ်။ တရားဥပဒေစိုး မိုးရေးဆိုတာ အထောက် ထားပေါ်မူတည်ပြီးမှ ဆုံးဖြတ်ရပါတယ်။ ခံစားမှုနဲ့မရပါဘူး။ ဒါ ကြောင့် သက် သေထင်ရှားတဲ့အခါ တိတိကျကျ အရေးယူပါ့ မယ် လို့ပဲ ပြောနိုင်ပါတယ်။"
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တွေမှာ အင်တာနက်လိုင်းတွေ ဖြတ် တောက်တာဟာ တပ်မတော်ကနေ AA တပ်တော်ကို ထိုးစစ် ဆင် တာ၊ ရခိုင်နဲ့ မွတ်စလင်တွေကို ဖိနှိပ်သတ်ဖြတ်တာတွေကို ဖုံး ကွယ်ထားချင်တာ ဖြစ်တဲ့အတွက် ဒါကိုလည်း အမြန်ဆုံး ဖိအား ပေး ဖို့တောင်းဆိုခဲ့တယ်လို့လည်း ပြောပါတယ်။ ဒီစွပ်စွဲချက်တွေနဲ ပတ်သက်ပြီးတော့ တပ်မ တော်သတင်း မှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အခုလိုပြောပါတယ်။
"အင်တာနက်ဖြတ်တောက်တာကို အားလုံးကချင့်ချိန်ပြီး လုပ် သင့် လုပ်ထိုက်လို့လုပ်တာလို့ ပြောခဲ့ပြီး ဖြစ် ပါတယ်။ ဒီခေတ်မှာ ဖုံးကွယ်လို့ရတာ တစ်ခုမှမရှိပါဘူး။ အင်တာနက်ဖြတ်တောက် တာလည်း သ တင်းအချက် အလက်နဲ့ ပတ်သက်ပြီး ဖုံးဖိ ထားနိုင် စရာ အကြောင်းမရှိပါဘူး။နောက် ရည်ရွယ်ပြီး လုပ်ခဲ့တာမဟုတ် ဘူး။ တခြားအကြောင်းတွေကြောင့်လုပ်ခဲ့တာဖြစ်ပါတယ်။ တပ် မတော်အနေနဲ့ စစ်ဆင်ရေး ဆောင် ရွက်တဲ့အခါ အင်တာ နက် ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ဆောင်ရွက်လို့ရပါတယ်။"
ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့လည်း အဲဒီနိုင်ငံမှာ ရောက်နေ တဲ့ မွတ်စလင်ဒုက္ခသည်တွေကို နိုင်ငံအတွင်း သွားလာခွင့်မရှိတာ၊ ကျောင်းတက်ခွင့်မပေးတာ၊ ဆေးကု သခွင့်မပေးဘဲ ပိတ်လှောင်ထား တာတွေကို ရပ်ဖို့တိုက်တွန်းစေချင်တဲ့အကြောင်း ဆွေးနွေးခဲ့တယ်လို့ လည်း သိရပါတယ်။
(RFA သတင်းထောက် မဇာဏီထွဏ်း စုစည်းတင်ပြသည်)
Link: Here
No comments:
Post a Comment