လွတ်လပ်တဲ့အာရှအသံ
2021-12-16 ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ မလေးရှားနိုင်ငံကို လှေနဲ့ထွက်ခွာစဉ် ရခိုင်ပြည်နယ်မှာ ဖမ်းဆီးခံခဲ့ရတဲ့ ရိုဟင်ဂျာ ၁၉၀ ကျော်ထဲက ၁၀၉ ဦးကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၄ ရက်နေ့က မောင်တောမြို့နယ် တရားရုံးကနေ အလုပ် ကြမ်းနဲ့ ထောင်ဒဏ် ငါးနှစ်စီချမှတ်ပြီး ဘူးသီးတောင်အကျဉ်းထောင်ကို ပို့ဆောင်လိုက်တယ်လို့ အကျိုးဆောင် ရှေ့နေက RFA ကို ဒီနေ့ပြောပါတယ်။
2021-12-16
စစ်တွေမြို့အနောက်မြောက်ဘက်မှာ ရိုဟင်ဂျာ လှေတစ်စီးကို စစ်တပ်က ဖမ်းဆီးရမိကြောင်း ၂၀၂၁ နိုဝင်ဘာ ၂၉ ရက်နေ့က တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားစဉ်ဓါတ်ပုံ - တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့
ကျန်တဲ့ လူ ၉၀ ကတော့ အသက် ၁၈ နှစ် မပြည့်သေးတာကြောင့် တရားရုံးကနေ သတိပေးပြီး ပြန်လွှတ်ပေး လိုက်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၉ ရက်နေ့က ရခိုင်ပြည်နယ် စစ်တွေမြို့အနီး မေယုကျွန်းနဲ့ အနောက်မြောက် ၁၇ မိုင် အကွာ ပင်လယ်ပြင်မှာ လူပေါင်း ၂၂၈ ဦးကို စက်လှေတစ်စင်းနဲ့အတူ စစ်တပ်က ဖမ်းဆီးခဲ့တာပါ။
အဲဒီအထဲက အသက် ၁၀ နှစ်အောက် ကလေး ၃၅ ဦးကို အဲဒီနေ့ကပဲ လွှတ်ပေးခဲ့ပြီး ကျန်တဲ့လူတွေကို မောင် တောခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနက တရားစွဲဆိုခဲ့တာလည်းဖြစ်ပါတယ်။
သူတို့တွေဟာ ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းမှာ ခိုလှုံနေကြသူတွေဖြစ်ပြီး ၁၉၄၇ လူဝင်မှုကြီးကြပ်ရေး လတ်တလောပြဌာန်းချက် ဥပဒေပုဒ်မ - ၁၃(၁)နဲ့ အမြင့်ဆုံးထောင်ဒဏ်ချမှတ်ခံလိုက် ရ တာလို့ အမှုကိုလိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးတင်လှိုင်ဦးက RFA ကို ပြောပါတယ်။
“သူတို့ကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ မလေးရှားကို ခိုးဝင်ဖို့ သွားတာပေါ့နော်။ သူတို့ကတော့ ၂၀၁၇ ခုနှစ် အရေးအခင်းကာလတုန်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ခိုလှုံသွားတဲ့သူတွေများတယ်။ ပြီးတော့ တနင်္သာရီ က ဗမာ လူမျိုး ငါးယောက်ပါတယ်။ ပြီးတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား နှစ်ယောက်ပါတယ်။ ၁၉၄၇ လူဝင်မှု ကြီးကြပ်ရေး လတ်တလောပြဌာန်းချက် ဥပဒေပုဒ်မ - ၁၃(၁)နဲ့ အမြင့်ဆုံးထောင်ဒဏ် ငါးနှစ်ကို ချမှတ်တာ ပေါ့နော်။ ကျွန် တော်တို့ သဇင်အဖွဲ့ကို အပ်လာတဲ့အမှုသည်တွေရှိတယ်။ အဲဒါကြောင့် သူတို့ကို အယူခံ တက်ပေးသွားမယ် ပေါ့”
ဖမ်းဆီးထောင်ချခံရသူတွေအထဲမှာ ဗမာလူမျိုး ငါးဦးကတော့ စက်လှေသမားတွေဖြစ်တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းမှာ အခက်အခဲနဲ့ ရင်ဆိုင်နေရတာကြောင့် မလေးရှားနိုင်ငံကို ထွက်သွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ထောင်ချခံလိုက်ရသူရဲ့ မိသားစုဝင် တစ်ဦး က RFA ကို ပြောပါတယ်။
“ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းမှာ အခက်အခဲတွေ၊ အကြမ်းဖက်မှုတွေနဲ့ နေလို့မရလို့ ဒုက္ခသည်စခန်းမှာ မနေ ချင်တော့လို့ မလေးရှားကိုသွားနေတာပါ။ မလေးရှားမှာ မိသားစုရှိတဲ့သူတချို့က မိသားစုဆီသွား တယ်။ တချို့ က အိမ်ထောင်ပြုဖို့သွားတယ်။ တချို့က အကိုတွေခေါ်လို့သွားတယ်။ အဲဒီကိုသွားရင် မြန်မာ ငွေက တစ် ယောက်ကို သိန်း ၁၂၀ လောက်ကုန်တယ်။ တချို့က သိန်း ၁၁၀၊ တချို့မှာ သိန်း ၁၀၀၊ တချို့မှာ သိန်း ၉၀ အဲဒီ လိုကုန်တယ်”
သူတို့တွေဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ပဋိပက္ခအတွင်း ဘူးသီးတောင်၊ မောင်တောမြို့နယ်ကနေ ဘင်္ဂလားဒေ့ရှ် ဒုက္ခ သည်စခန်းကို ထွက်ပြေးခဲ့ရတာဖြစ်ပြီး ဒုက္ခသည်စခန်းမှာလည်း အလုပ်အကိုင်မရှိသလို တခြားအခက် အခဲဖြစ်နေတာကြောင့် လွတ်မြောက်ရာ အဆင်ပြေမယ့်နေရာကို ထွက်ခွာတာကို အခုလိုဖမ်းဆီးထောင်ချတာ စိတ်မကောင်းဖြစ်ရတယ်လို့လည်း ဆိုပါတယ်။
အဲဒီလိုပဲ အခုလက်ရှိ ရခိုင်ပြည်နယ်မှာ နေထိုင်နေတဲ့ မွတ်စလင်တွေဟာလည်း ခရီးသွားလာမှုတွေ ကန့်သတ် ခံထားရတယ်လို့ ဘူးသီးတောင်မြို့နယ်က လုံခြုံရေးအရအမည်မဖော်လိုတဲ့ မွတ်စလင်ကျေးရွာ လူကြီးတစ်ဦး က RFA ကို ပြောပါတယ်။
"မြန်မာနိုင်ငံမှာ ကျွန်တော်တို့လူမျိုးတွေကို ဘယ်အရပ်မှာတွေ့တွေ့ ဖမ်းဆီးပြီး အခုလို ထောင်ဒဏ်ပြစ်ဒဏ်ချ တာက လူမဆန်တဲ့အလုပ်တွေပါပဲ"
သူတို့ရဲ့အခက်အခဲတွေကို သတင်းဌာနတွေဆီ သတင်းပို့ရင် စစ်ဆေးမေးမြန်းခံရတာတွေရှိတာကြောင့် လုံခြုံ ရေးအရ အမည်မဖော်လိုကြတာပါ။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၅ ရက်နေ့ကလည်း ဘူးသီးတောင်မြို့နယ်မှာရှိတဲ့ မွတ်စလင်တွေကို ခရီးသွားလာခွင့် ထောက်ခံချက် ပုံစံ (၄)နဲ့မှ သွားလာရမယ်ဆိုပြီးတော့ မြို့နယ်အုပ်ချုပ်ရေးမှူးက ဒေသန္တရအမိန့်ထုတ်ပြီး အချိန် သုံးလအထိ ကန့်သတ်ထားတယ်လို့လည်း ဆိုပါတယ်။
အခုလို ရိုဟင်ဂျာမွတ်စလင်တွေကို နယ်ကျော်သွားလာခွင့် ပိတ်ပင်ထားပြီး တဘက်မှာလည်း ဖမ်းဆီး ထောင် ချ တာတွေဟာ လူသားမဆန်တဲ့လုပ်ရပ်ဖြစ်တယ်လည်း အဲဒီ မွတ်ဆလင်ရပ်မိရပ်ဖက ပြောပါတယ်။
“မြန်မာနိုင်ငံအတွင်းမှာ ကျွန်တော်တို့လူမျိုးတွေကို ဘယ်အရပ်မှာတွေ့တွေ့ ဖမ်းဆီးပြီး အခုလို ထောင် ဒဏ် နှစ်နှစ်၊ သုံးနှစ်၊ ငါးနှစ် ပြစ်ဒဏ်ချတာက လူမဆန်တဲ့အလုပ်တွေပါပဲ။ အဲဒီလိုမလုပ်သင့် ပါဘူး။ အခု ကျွန်တော် တို့နေတဲ့ ရခိုင်ပြည်နယ်မှာ တစ်နေရာကတစ်နေရာသွားလို့မရဘူး။ ဥပမာ ရသေ့တောင်တို့၊ မောင်တောတို့ စစ်တွေတို့ဖြစ်ဖြစ် ကျန်းမာရေးမကောင်းတာတွေပဲဖြစ်ဖြစ်၊ တစ်ခုခု အခက်အခဲရှိရင်ပဲဖြစ် ဖြစ် မသွားရပါဘူး။ ဖမ်းဆီးစစ်ဆေးတယ်။ ပုံစံ (၄)ယူရတယ်။ ပုံစံ (၄) ယူဖို့ကလည်း မလွယ်ပါဘူး။ အခက် အခဲတွေပါပဲ”

(စစ်တွေမြို့အနောက်မြောက်ဘက်မှာ နိုဝင်ဘာ ၂၉ ရက်နေ့က ရိုဟင်ဂျာလှေပေါ်ပါလာသူတွေကို စစ်တပ်က ဖမ်းဆီးခဲ့စဉ်) ဓါတ်ပုံ - တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့
ရိုဟင်ဂျာလွတ်မြောက်ရေးညွန့်ပေါင်းအဖွဲ့ ပူးတွဲထူထောင်သူ ကိုနေဆန်းလွင်ကလည်း အခုလို ဖမ်းဆီးထောင် ချတဲ့ကိစ္စအပေါ် လက်မခံနိုင်ဘူးလို့ ပြောပါတယ်။
“ထောင်ဒဏ်ပေးတာက မတရားဘူး။ ဘယ်လောက်ထိ မတရားဘူးလဲဆိုရင် လဝကဥပဒေပေါ့နော် ၁၃(၁) အ ရဆိုလို့ရှိရင် ဥပဒေအရ အနိမ့်ဆုံးထောင်ဒဏ် ခြောက်လကနေ အမြင့်ဆုံးထောင်ဒဏ် ငါးနှစ်အထိ ချလို့ ရ တယ်။ ဒါပေမဲ့ စစ်တပ်ကနေပြီးတော့ နိုင်ငံတကာအသိုင်းအဝိုင်းမှာ ရိုဟင်ဂျာနဲ့ ပတ်သက်ပြီးတော့ ဖိ အားတွေ ရှိ တဲ့အတွက်ကြောင့် နိုင်ငံတကာကို ငါတို့က ဂရုမစိုက်ဘူး။ ပြီးခဲ့တဲ့လတုန်းက ခရီးသွားလာခွင့် အတွက် စာ ရွက်ထုတ်တာကလည်း International Court of Justice က အမိန့်ထုတ်ပြန်ထားတာကို မ လိုက်နာနိုင်ဘူးလို့ ပြောင်ပြောင်တင်းတင်း ပြလိုက်တာပဲ”
ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောမြို့နယ်တွေမှာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က စစ်တပ်ရဲ့ နယ်မြေရှင်းလင်း ရေးကြောင့် ရိုဟင်ဂျာမွတ်စလင် ခြောက်သိန်းကျော်ဟာ တဘက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးတိမ်းရှောင် ခဲ့ရတာ စ်ပါတယ်။
သူတို့တွေဟာ အခုအချိန်ထိ နေရပ်မပြန်နိုင်ကြသေးဘဲ ဒုက္ခသည်စခန်းမှာ အခက်အခဲနဲ့ ရင်ဆိုင်နေထိုင် နေရ ဆဲဖြစ်ပါတယ်။
Link : Here

No comments:
Post a Comment