လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
2021-02-12
ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင် တို့ကို တွေ့ရစဉ်
သူတို့နှစ်ဦး ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ဒီနေ့နေ့လယ် ၁၁ နာရီဝန်းကျင်မှာ အင်းစိန်းအကျဉ်းထောင်က နေလွတ် မြောက်လာလို့ သူတို့နှစ်ဦးနဲ့အတူရှိနေတဲ့ ဒေါက်တာအောင်နိုင်လင်းက ပြောပါတယ်။
သူတို့နှစ်ဦးကို ပြီးခဲ့တဲ့ ၂၀၁၉ မတ်လ ၁၉ ရက်နေ့က ထောင်ဒဏ် နှစ် ၂၀ အထိ ချမှတ်ခံခဲ့တာဖြစ်လို့ အကျဉ်း ထောင်အတွင်းမှာ နှစ်နှစ်နီးပါးကြာနေခဲ့ရတာပါ။
၂၀၁၈ ခုနှစ် ဇန်နဝါရီလက ရသေ့တောင်မြို့နယ်မှာ ပြုလုပ်ခဲ့တဲ့ ရခိုင် အချုပ်အခြာအာဏာကျဆုံးခြင်း အထိမ်း အ မှတ်အဖြစ် ကျင်းပတဲ့ ဟောပြောပွဲမှာ ရခိုင်လက်နက်ကိုင်တော်လှန်ရေးနဲ့ ပတ်သက်တာတွေ ထည့်သွင်း ဟောပြောခဲ့တယ်ဆိုပြီး ဒေါက်တာအေးမောင်နဲ့ စာရေးဆရာဝေဟင်အောင်တို့ကို နိုင်ငံတော် ပုန်ကန်မှု၊ နိုင်ငံ တော်အကြည်ညိုပျက်စေမှု ပုဒ်မတွေနဲ့ ဖမ်းဆီးထောင်ချခဲ့တာ ဖြစ်ပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြည်ထောင်စုနေ့ ဒီနေ့မှာ တစ်နိုင်ငံလုံးက အ ကျဉ်းသား ၂၃၃၁၄ ဦးကို လွှတ်ပေးမယ်လို့ ကြေညာခဲ့တာပါ။
ရခိုင်ပြည်နယ် စစ်တွေအကျဉ်းထောင်ကနေ ဒီနေ့မနက်မှာ အကျည်းသား ၂၃၂ ဦး လွတ်မြောက်လာခဲ့ပါတယ်။
ရခိုင်တစ်ပြည်နယ်လုံးမှာတော့ အကျည်းသား ၆၄၀ ကျော်လွတ်မြောက်လာတယ်လို့ သိရပါတယ်။
Link: Here
No comments:
Post a Comment