Friday, July 10, 2020

တရားမဝင်ရောက်လာတဲ့ မွတ်စလင်တွေကို ထောင်ဒဏ်ချ မှတ်

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများဖြူဖြူခိုင်
2020-07-10
 ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ တရားမဝင်ခိုးဝင်လာတဲ့ ရိုဟင်ဂျာဒုက္ခသည် ၂၁ ဦးကို ပြီးခဲ့တဲ့ ဇူလိုင်လ ၆ ရက်နေ့က လူဝင်မှုကြီးကြပ်ရေးဥပေဒပုဒ်မတွေနဲ့ မောင်တောမြို့နယ်တရားရုံးက ထောင်ဒဏ် ၆ လစီ အသီးသီး ချမှတ်လိုက်တယ်လို့ မောင်တောမြို့နယ် ဥပဒေအထာက်အကူပြု ဥက္ကဋ္ဌ ဦးခင်ဝင်းက ပြောပါတယ်။

“အခု ကိုဗစ်ကာလ အရေးပေါ်အခြေအနေမှာ အဝင်အထွက် မလုပ်ဖို့အတွက် နယ်စပ်ဂိတ်ကို ပစ်မိန့်ပါ ပေးထားတယ်။ အဲဒီမှာပေးထားတဲ့အခါကျတော့ သူတို့တွေက ဝင်လာပြီးတော့ ရွာတွေမှာခိုနေကြတာ ပေါ့။ အဲဒါ နယ် ခြားစောင့်က ဒါတွေကို စုံစမ်းဖော်ထုတ်ပြီးတော့ ဖမ်းဆီးတရားစွဲတာ။"

တရားမဝင် ခိုး ဝင်မှု ပုဒ်မ ၁၃ (၁)၊ အားပေးကူညီမှုပုဒ်မ ၁၃ (၅) တို့နဲ့ အမှုဖွင့်တရားစွဲဆိုပြီး တရားမဝင် ခိုးဝင် လာသူ ၂၁ ဦးကို မောင်တောမြို့နယ် တရားရုံးက ထောက်ဒဏ် ၆ လစီ ချမှတ်ခဲ့တာဖြစ်ပါတယ်။

ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး မောင်တောမြို့နယ် လူဝင်မှုကြီးကြပ်ရေးအရာရှိတွေကို အတည်ပြုပေးဖို့ ဖုန်းနဲ့အကြိမ်ကြိမ် ဆက်သွယ်ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

ကိုရိုနာဗိုင်းရပ်စ် ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်ရေးကာလအတွင်း တစ်ဘက်နိုင်ငံကနေ တရားမဝင် ဝင်ရောက် လာသူတွေကို ဥပဒေအရအရေးယူဖို့ အစိုးရက ညွှန်ကြားထားတာကြောင့် လဝက ဥပဒေအတိုင်း အရေးယူမှုတွေ လုပ်ဆောင်နေတာဖြစ်တယ်လို့ မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးအောင် က အတည်ပြု ပါတယ်။

“ဒီမှာအရေးယူမယ်ဆိုတာသိတဲ့အတွက် ပြီးခဲ့တဲ့လ ၂၃ ရက်နောက်ပိုင်းကတည်းက ဝင်လာတာ မရှိ တော့ဘူး။ ရှိရင်လည်း ရွာတွေက သူ့မှာကျန်းမာရေးအသိရှိတယ်။ အခုတွေ့တာတွေကလည်း ရွာတွေက သတင်း ပေးပို့တာ။ တရားမဝင် ဝင်ရောက်တာရှိရင် သတင်းပေးပို့ပါ။ အရေးယူနေပါတယ်။ အိမ်တွေက ကြိတ်ပြီး လက်ခံထားရင် သတင်းပေးပို့ပါ။ ဘယ်သူမှလည်း လက်မခံပါဘူး။ ဒီမှာကျန်ခဲ့တဲ့သူတွေ ဘင်္ဂ လီ တွေအားလုံးက ကျန်းမာရေးအသိရှိပါတယ်။ စဖြစ်ကတည်းက ကျန်းမာရေးအသိရှိလို့ သူတို့ကိုယ်တိုင်သတင်းပေးပို့လို့ ခိုးဝင်တာတွေအကုန်ဖော် ထုတ်နိုင်တာပါ။"

ပြီးခဲ့တဲ့ ဧပြီလဆန်းပိုင်းလောက်ကတည်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ နေရပ်ပြန်ဒုက္ခသည်တွေအတွက် လက်ခံရေးအစီအစဉ်ကို မြန်မာအစိုးရက ယာယီရပ်ဆိုင်းခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး ကာကွယ် ထိန်းချုပ် နိုင်ပြီဆိုမှ ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးအတွက် ဆောင်ရွက်သွားမယ်လို့ မြန်မာအစိုးရ တာဝန်ရှိသူတွေက ပြောထားပါတယ်။

ဒါပေမဲ့ ဒီကာလအတွင်းမှာပဲ တရားမဝင်လမ်းကြောင်းတွေကနေ ဝင်ရောက်လာသူတွေရှိနေတာကြောင့် သူတို့ကို သီးသန့်စောင့်ကြည့်ပြီး တို့ဖတ်နမူနာတွေကို စစ်ဆေးခဲ့ရာ ကိုးဦးမှာ ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့ရှိခဲ့ တာပါ။ အဲဒီအထဲက သုံးယောက်ကတော့ ဆေးရုံက ဆင်းသွားခဲ့ပါပြီ။

ဒီကာလအတွင်းတရားမဝင် ခိုးဝင်လာကြသူတွေကို သီးသန့်စောင့်ကြည့်ထားတာတွေရှိတယ်လို့ လုံခြုံရေး အရ အမည်မဖော်လိုတဲ့ မောင်တော မြို့ရပ်ဖိရပ်ဖတစ်ဦးက ပြောပါတယ်။

“တရားမဝင်လာတဲ့သူကို မောင်တောမှလည်း ကွာရတင်း လုပ်ထားတယ်။ ဘူးသီးတောင်မှာလည်း ကွာ ရတင်း လုပ်ထားတယ်။ သူတို့ကို နောက်ပိုင်းမှာ အရေးယူမလား၊ မယူဘူးလားလို့တော့ မသိဘူး။ သူတို့ က ဟိုဘက်ကမ်းကနေ တရားမဝင် ခိုးဝင်လာသူတွေပေါ့။ ဒီတစ်လ နှစ်လအတွင်း မောင်တော လှဖိုး ခေါင်စခန်းမှာ ၇၀ ကျော်လောက်ရှိတယ်လို့ ပြောသံကြားတယ်။ ဘူးသီးတောင်မှာ ၁၇ ယောက်လောက်ရှိ တယ်လို့ ပြောသံကြားတယ်။"

ဘင်္ဂလားဒေ့ရှ်ကနေ နယ်စပ်ဖြတ်ကျော်ပြီး တရားမဝင် ဝင်ရောက်လာသူတွေကြောင့် ဒေသခံတွေ လူ အစု လိုက် အပြုံလိုက် ကူးစက်ပျံ့နှံ့သွားမှာကို စိုးရိမ်တယ်လို့ မောင်တောမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စား လှယ် ဦးထွန်းလှစိန်က ပြောပါတယ်။

“ဒီအချိန်ကာလတွေမှာ ဘယ်သူပဲဖြစ်ဖြစ် ကိုယ့်ဒေသကို လာချင်တာတော့မှန်တယ်။ ဒါပေမဲ့ ဒီဒေသက လူတွေကပဲ ပြောရမှာ။ အစိုးရ ပြောလို့လည်းမဖြစ်ဘူး။ နယ်ခြားစောင့်ပြောလို့လည်းမဖြစ်ဘူး။ သူတို့ အ ချင်းချင်း ဆက်သွယ်ပြီးတော့ ဒီကာလမှာတော့ မလာကြနဲ့လို့ ပြောရမှာ။ ဒါမှလွတ်မှာ။ မဟုတ်ရင် မောင် တောမြို့မှာ လူဦးရေ ထူထပ်တဲ့ဧရိယာမှာ တစ်ချက်တွေ့လိုက်ပြီဆိုရင် အကုန်သေမှာ"

ဒီကာလအတွင်း တရားမဝင်နည်းလမ်းနဲ့ ပြန်လာကြသူတွေကို နေရပ်တွေဆီ အလွယ်တကူ အဝင်မခံဘဲ သူတို့ကိုထားဖို့ စီစဉ်ထားတဲ့ စခန်းတွေမှာ ကိုရိုနာဗိုင်းရပ်စ်အပါအဝင် ကျန်းမာရေးစစ်ဆေးပြီးမှ နေရပ်ပြန် ကြဖို့ ဒေသခံတွေက မေတ္တာရပ်ခံနေကြပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */