" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, November 3, 2023

ရိုဟင်ဂျာ ပြန်လက်ခံရေး ကြိုးပမ်းချက် နိုင်ငံရေးအသုံးချမှု ဟု ဒုက္ခသည်များ ဝေဖန်

ဧရာဝတီ
2 November 2023

ကူတူပါလောင် ဒုက္ခသည်စခန်းတွင် တဲအနီး ချက်ပြုတ်နေသော ရိုဟင်ဂျာဒုက္ခသည် / UNHCR

စစ်ကောင်စီအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ခိုလှုံနေသည့် ဒုက္ခသည်များအား ပြန်လည်လက်ခံရန် ဟန်ပြလုပ် ဆောင် နေပြီး နိုင်ငံရေးအရ အသုံးချမှုတခုသာ ဖြစ်ကြောင်း ရိုဟင်ဂျာဒုက္ခသည်များက ပြောသည်

အောက်တိုဘာ ၃၁ရက် ရခိုင်ပြည်နယ် လူမှုရေးဝန်ကြီး ဦးစောနိုင်၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မောင်တော ခရိုင် လဝကမှူးနှင့် ကိုယ်စားလှယ် ၃၄ ဦးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားခရိုင် တက္ကနက်ဖ် မြို့သို့ ရေကြောင်းဖြင့် သွားရောက်ခဲ့ပြီး ရိုဟင်ဂျာဒုက္ခသည်များနှင့် တွေ့ဆုံခဲ့ရာ ဒုက္ခသည်များတင်ပြမှုအပေါ် မည်သည့်ကတိကဝတ်မှ မပေးနိုင် ဘဲ စစ်ကောင်စီ၏ မူဝါဒကိုသာ အကြိမ်ကြိမ်ချပြ ပြောဆိုခဲ့ကြောင်း ဘင်္ဂလား ဒေ့ရှ်ရောက် ရိုဟင်ဂျာများက ပြောသည်။

ရိုဟင်ဂျာဒုက္ခသည်တဦးက “သူတို့လာတိုင်း စစ်ကောင်စီ မူဝါဒကိုပဲ ပြောတယ်။ ပြန်လည်လက်ခံရေး လုပ်မယ်။ ပြန် ရောက်ရင် NVC ကဒ်ထုတ် ပေးမယ်။ ၈၂ ခုနှစ်နိုင်ငံသားဥပဒေအတိုင်း ပြုနိုင်ငံသား လျှောက်လို့ရတယ်။ ဒါကိုပဲ ပြောနေ တယ်။ ကျနော်တို့တောင်းဆိုချက် တင်ပြချက်အပေါ်မှာလည်း ဘာကတိကဝတ် ဆုံးဖြတ်ချက်မှ လည်း မပေးနိုင်ဘူး။ သူတို့အဖွဲ့ကို ကိုယ်စားလှယ်အဖွဲ့လို့တောင် ပြောလို့မရဘူး။ စစ်ကောင်စီ ခိုင်းလိုက်လို့ လာ ပြောတဲ့အဖွဲ့လို့ပဲ သတ်မှတ်လို့ရမယ်” ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့အား ရိုဟင်ဂျာဒုက္ခသည်များ၏ လိုလားချက်များတင်ပြရာ မွေးရာပါ နိုင် ငံသား အခွင့်အရေး ရရှိရေး၊ ဘေးကင်းလုံခြုံရေး၊ ဆုံးရှုံးသွားသည့် မူလနေရာတွင် ပြန်လည် နေရာချပေးရေး၊ လွတ်လပ်စွာ ခရီးသွားလာခွင့်နှင့် ပညာသင်ကြားခွင့် ရရှိရေးတို့ ပါဝင်ကြောင်း ရိုဟင်ဂျာဒုက္ခသည်များက ဆို သည်။ 

ကူတုပါလောင် ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာ လူငယ်တဦးက “သူတို့ ကျနော်တို့ကို အမှန်တကယ် ပြန်ခေါ်ချင်တာ မဟုတ် ဘူး။ အမှန်တကယ် ခေါ်ချင်ရင် သူတို့ ဒီလို အကြိမ်ကြိမ်လာပြီးတော့ ဒီစကားတွေ ထပ်ခါ ထပ်ခါ လာ ပြောနေဘူး။ သူတို့ အဓိကတော့ နိုင်ငံရေး အကျပ်အတည်းဖြစ်တဲ့ ကာလမှာ နိုင်ငံတကာ အသိအမှတ်ပြုခံရဖို့ သူတို့ ကြိုးစား လုပ်ဆောင်နေ တယ်ဆိုတာကို ပြချင်တယ်။ နောက်တခုက ICJ ကိုတင်ရမယ့် အစီရင်ခံစာမှာ ရိုဟင်ဂျာတွေကို ဒီလို လုပ်ဆောင်နေတယ် ဆိုတာကို အစီရင်ခံစာမှာ ထည့်ဖို့ လုပ်ဆောင်နေတာ ဖြစ်တယ် ” ဟု ဧရာဝတီသို့ပြောသည်။ 

၂၀၁၇ ခုနှစ်မောင်တောအရေးအခင်းတွင် စစ်တပ်၏ နယ်မြေရှင်းလင်းမှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရိုဟင်ဂျာ အများအပြား ထွက်ပြေးခိုလှုံခဲ့ရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၊ ကော့ဘဇားခရိုင် တက္ကနက်မြို့၌ မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် တာဝန်ရှိသူများ တွေ့ဆုံစဉ်/CJ

ပြီးခဲ့သော NLD အစိုးရလက်ထက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက်ရိုဟင်ဂျာ ဒုက္ခသည်များကို ပြန်လည်လက်ခံရန် ကြိုးပမ်းခဲ့ပြီးနောက် ကနဦး ရှေ့ပြေးအနေဖြင့် လူဦးရေ ၁,၀၀၀ လက်ခံရန် စီစဉ်ဆောင်ရွက်ခဲ့သော်လည်း နှစ်နိုင် ငံ သဘောတူညီချက်ဖြင့် တရားဝင် တဦးတယောက်မှ ပြန်လည် ဝင်ရောက်လာခဲ့ခြင်း မရှိခဲ့ပေ။

သို့သော်လည်း အာဏာသိမ်းစစ်ကောင်စီသည် နိုင်ငံတကာတွင် အဘက်ဘက်မှ ထောက်ခံမှုကျဆင်းနေ ချိန်ဖြစ် ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာ ဒုက္ခသည်များကို ပြန်လည်လက်ခံရန် ထပ်မံကြိုးပမ်းလာခဲ့ရာ ရှေ့ပြေး အနေဖြင့် ယခင်စိစစ်ထားခဲ့သည် လူဦးရေ ၁,၀၀၀ အား ပြန်လည်လက်ခံရန် ကြိုးပမ်းနေခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ရိုဟင်ဂျာအရေးလှုပ်ရှားသူ ရိုနေဆန်းလွင်က“ စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့က ရိုဟင်ဂျာ ဒုက္ခသည်တွေလက် ခံ နိုင်မယ့် အကြောင်းအရာတခုမှ မပြောဘဲ လက်မခံနိုင်တာကိုပဲ ထပ်ခါ တလဲလဲ ပြောနေတယ်ဆိုတော့ သူတို့ သွားတဲ့ ခရီးစဉ်က ဓါတ်ပုံဗွီဒီယို ရိုက်တဲ့ Public Relation PR ကင်မ်ပိန်းတခုအနေနဲ့ လုပ်နေတာဖြစ်တယ် ” ဟု ဧရာဝတီသို့ ပြောသည်။

ရိုဟင်ဂျာဒုက္ခသည်များ ပြန်လည်လက်ခံရေး ကိစ္စနှင့်ပတ်သက်ပြီး ပြီးခဲ့သော ၂၀၂၂ ခုနှစ်ကုန်ပိုင်းက တရုတ်နိုင်ငံ ၏ ကြားဝင်စေ့စပ်မှုကြောင့် မြန်မာ၊ ဘင်္ဂလားဒေ့ရှ် တွေ့ဆုံဆွေးနွေးမှုများ အကြိမ်ကြိမ် လုပ်ခဲ့ကြောင်း၊ လက်ရှိ အချိန်တွင် လည်း တရုတ်နိုင်ငံ၏ ဖိအား လျော့ကျရန် ထိုသို့ ဟန်ပြကြိုးပမ်း လုပ်ဆောင်လာခြင်းဖြစ်ကြောင်း ရိုနေဆန်းလွင်က သုံးသပ်သည်။

ပြီးခဲ့သော မတ်လအတွင်းလည်း စစ်ကောင်စီလက်အောက်ခံ ရခိုင်ပြည်နယ် ၊ လူမှုရေးဝန်ကြီး ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့သည် တက္ကနက်ဖ်မြို့သို့ သွားရောက်ပြီး အဆိုပါ စိစစ်မှုပြုထားသော ရိုဟင်ဂျာ လူဦးရေ ၁,၀၀၀ ကျော်အား ပြန်လည်လက်ခံရေး အစီအစဉ် စတင်ရန် ဆွေးနွေးခဲ့သည်။

ထို့နောက် မေလ ၅ ရက်နေ့တွင် ဘင်္ဂလာဒေ့ရှ်နိုင်ငံတွင် ခိုလှုံနေသည့် မွတ်စလင်ဒုက္ခသည် ကိုယ်စားလှယ်အဖွဲ့ ဝင်၂၀ ဦး အပြင် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်မှ အရာရှိအပါအဝင် တာဝန်ရှိသူ ၇ဦး လိုက်ပါလာခဲ့သော ရ င်ဂျာဒုက္ခသည်များ ကိုယ်စားလှယ်အဖွဲ့သည် ရခိုင်ပြည်နယ် မောင်တောသို့ ပထမဆုံးအကြိမ် လာရောက်လေ့ လာခဲ့ပြီးနောက် စခန်းများတွင် အကျဉ်းချထားခံရသည့် အခြေအနေမျိုးဖြင့် မြန်မာနိုင်ငံသို့ ပြန်လာရန် ဆန္ဒမရှိ ဘဲ ၎င်းတို့၏လုံခြုံရေးကို အာမခံပြီး အခွင့်အရေး အားလုံးနှင့် နိုင်ငံသားဖြစ်ခွင့်ရှိမှသာ ပြန်လာနိုင်မည်ဖြစ် ကြောင်း လေ့လာရေးတွင် ပါဝင်သော ရိုဟင်ဂျာများက ပြောသည်။

ယခု အောက်တိုဘာလ ၃၁ ရက်နေ့ ခရီးစဉ်သည် ယခင်စိစစ်အတည်ပြုထားသော လူဦးရေ ၁,၀၀၀ အား မျက် မြင် စိစစ် သည့် ခရီးစဉ်တခုဖြစ်သလို ပြန်လည် လက်ခံရေး အမြန်ဆုံး အကောင်အထည်ဖော်ရန် ဘင်္ဂလားဒေ့ရှ် အစိုးရနှင့် ထပ်မံ ညှိနှိုင်းမှုပြုလုပ်ခြင်းဖြစ်ကြောင်း မောင်တောခရိုင်အတွင်းရှိ ဌာနဆိုင်ရာ အကြီးအကဲတဦးက ဧရာဝတီသို့ပြောသည်။

အာဏာသိမ်းစစ်ကောင်စီသည် ပြီးခဲ့သော မတ်လ ၈ ရက်နေ့ကလည်း တရုတ် သံအမတ် ၊ အိန္ဒိယသံအမတ်နှင့် ဘင်္ဂလားဒေ့ရှ်သံအမတ်တို့ကို မောင်တောမြို့ နယ်သို့ ခေါ်ယူပြီး ပြန်လည် လက်ခံရေးစခန်းများအား လိုက်လံ ပြသခဲ့သည်။

ပြန်လည်လက်ခံရေးစခန်းများအနေဖြင့် ရခိုင်ပြည်နယ်၊မောင်တောမြောက်ပိုင်း ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ် တွင် ကုန်းလမ်းမှလာသူများကို တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေးစခန်းတွင် လက်ခံပြီး ရေလမ်းမှ လာသူ များကို ငခူရ ပြန်လည်လက်ခံရေးစခန်း၌ လက်ခံကာ လှဖိုးခေါင်စခန်းတွင် ခေတ္တထားမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သော ၂၀၁၇ ခုနှစ် မောင်တောအရေးအရေးအခင်းကာလတွင် ရခိုင် ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် (ARSA ) အဖွဲ့က နယ်ခြားစောင့် ရဲစခန်းများကို ဝင်ရောက် တိုက်ခိုက်ပြီးနောက် စစ်တပ်၏ ကြမ်းကြုတ်သော နယ်မြေ ရှင်းလင်းမှု ကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းသို့ ထွက်ပြေး တိမ်းရှောင်သွားသည့် ရိုဟင်ဂျာ အရေအ တွက်မှာ ၇သိန်းကျော် ရှိကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး( UNHCR) ၏စာရင်းများ အရ သိရသည်။

You may also like these stories:

Link :Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */