VOA
ဗွီအိုအေ (မြန်မာဌာန)
ရဲမင်းထွန်း
23 နိုဝင်ဘာ၊ 2019
ဗွီအိုအေ (မြန်မာဌာန)
ရဲမင်းထွန်း
23 နိုဝင်ဘာ၊ 2019
ICC ရှေ့နေ Fatou Bensouda
ICC ခေါ် နိုင်ငံတကာ ရာဇဝတ်မှုခင်းဆိုင်ရာ တရားရုံး ရှေ့နေ Fatou Bensouda က မြန်မာနိုင်ငံနဲ့ ပတ်သက် ပြီး ICC က စုံစမ်းစစ်ဆေးမှုတွေ စတင်လုပ်ဆောင်ဖို့ ပြီးခဲ့တဲ့ အပတ်က ICC တရားသူကြီးတွေက သူ့ကို အ ခွင့်အာ ဏာပေးအပ်ခဲ့ပြီဖြစ်ကြောင်း နိုဝင်ဘာလ ၂၂ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့ပါ တယ်။ ရှေ့နေ Fatou Bensouda က သူ့ရဲ့ ကြေညာချက်မှာ ဘယ် ရာဇဝတ်မှုခင်း တွေအပေါ်မှာ ဘယ်လို စုံစမ်း စစ် ဆေးမလဲဆိုတာနဲ့ ပတ်သက်ပြီး အပြည့်အစုံကို ကိုရဲမင်းထွန်းက ဆက်လက် ပြောပြမှာပါ။ICC တရားရုံး ရှေ့နေ Fatou Bensouda က၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့မှာ မြန်မာ-ဘင်္ဂလားဒေ့ရှ်အခြေ အနေကို ICC က စတင် စစ်ဆေးနိုင်ဖို့အတွက် ICC တရားသူကြီးတွေဆီက ဥပဒေ အခွင့်အာဏာ တောင်း ခံထားခဲ့ဲ့တာဖြစ်ပါတယ်။
တိတိကျကျ ပြောရရင်တော့ Rome Statute ရဲ့ စာချုပ်အဖွဲ့ဝင် နိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အတွင်းနဲ့ စာ ချုပ် အဖွဲ့ဝင် မဟုတ်တဲ့ မြန်မာ နိုင်ငံအတွင်း ဖြစ်ပွားခဲ့တဲ့ ရာဇဝတ်မှု အဖြစ် စွပ်စွဲခံထားရတဲ့ ပြစ်မှုတွေကို ICC က စတင် စစ်ဆေးနိုင်ဖို့ ဥ့ပဒေ အခွင့်အာဏာ တောင်းခံခဲ့ တာပါ။ စုံစမ်းစစ်ဆေးဖို့ သူတောင်းဆိုထား တဲ့ အခွင့်အာဏာကို နိုဝင်ဘာလ ၁၄ ရက်က ICC တရားသူကြီးတွေက ခွင့်ပြုခဲ့တာကို သူက ကြိုဆိုကြောင်း ပြောပါတယ်။
“မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်မြေအတွင်း ဖြစ်ပွားခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ ရက်စက်ကြမ်းကြုတ် မှုတွေကို ကျွန်မအနေနဲ့ စုံစမ်း စစ်ဆေးမှုတွေ စတင်လုပ်ဆောင်နိုင်တယ်လို့ဆိုတဲ့ ICC တရားသူကြီးတွေရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုပါတယ်။ ဒါဟာ ထူးခြားတဲ့ ဖြစ်ပေါ် တိုးတက်မှု တစ်ခုဖြစ်သလို မြန်မာနိုင်ငံအတွင်းနဲ့ တခြားနေရာတွေက ရက်စက်ကြမ်းကြုတ်မှုဒဏ်ကို ခံစားခဲ့ရသူတွေအတွက် သတင်းကောင်း တစ်ခုဖြစ် ပါ တယ်။”
မြန်မာနိုင်ငံဟာ ICC အဖွဲ့ဝင် မဟုတ်ပေမဲ့လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက အဖွဲ့ဝင်နိုင်ငံ ဖြစ်ကြောင်းနဲ့ အဖွဲ့ဝင် နိုင်ငံရဲ့ ပိုင်နက် နယ်မြေပေါ်မှာ ရက်စက်ကြမ်းကြုတ်မှုရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ခဲ့ရင် တရာရုံးအနေနဲ့ သူ့ရဲ့ အခွင့်အာဏာကို အသုံးပြုနိုင်တယ်ဆိုတဲ့ ICC တရားသူကြီးတွေ ရဲ့ ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့ ဆုံးဖြတ်ချက်ကိုလည်း သူက ကိုးကား ပြောကြားခဲ့ပါတယ်။
“မြန်မာနိုင်ငံက ICC အဖွဲ့ဝင်နိုင်ငံ မဟုတ်ပေမဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက အဖွဲ့ဝင်ပါ။ အရပ်သားတွေကို မြန်မာ- ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို သံသယရှိဖွယ် နှင်ထုတ်ခဲ့တာရယ်၊ အဲဒီ နှင်ထုတ်မှုထဲ ရက်စက်ကြမ်းကြုတ်မှုဒဏ် ခံစားခဲ့ရသူတွေ နယ်ခြားဖြတ်ကျော် ထွက်ပြေးခဲ့ရတာ တွေ ပါဝင်တာကြောင့် ပြစ်မှုမြောက်တယ်ဆိုတဲ့ အ ချက်ကို အခြေ ခံပြီး နယ်မြေ နှစ်ခုအကြား ဆက်စပ်မှု ရှိတယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ချထားခဲ့တာပါ။”
ရှေ့နေ Fatou Bensouda က သူရထားတဲ့ သတင်းအရင်းအမြစ်တွေအရ စွပ်စွဲခံထားရတဲ့ ပြစ်မှုတွေကို မြန် မာ အစိုးရရဲ့ တပ်ဖွဲ့ဝင်တွေ ထဲထဲဝင်ဝင် ကျူးလွန်တယ်ဆို တဲ့အချက်ကို ဖော်ပြနေကြောင်း ထောက်ပြ ပြော ဆိုသလို Arkan Rohingya Salvation Army - ARSA ကလည်း မြန်မာနိုင်ငံအတွင်း အကြမ်းဖက် လုပ်ရပ် တွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီးလည်း အခုလို ပြောပါတယ်။
“ARSA အဖွဲ့က မြန်မာနိုင်ငံအတွင်း အကြမ်းဖက် လုပ်ရပ် တော်တော်များများကို ကျူးလွန်တယ်ဆိုတဲ့ စွပ် စွဲချက်တွေကိုလည်း ကျွန်မ သတိပြုမိပါတယ်။ အဲဒီ စွပ်စွဲချက်တွေကိုလည်း ကျွန်မ ဆက်ပြီး လေ့လာ သုံး သပ် သွားမှာဖြစ်ပါတယ်။ ပြီးတော့ အဲဒီလို ကျူးလွန်မှုတွေက Rome Statute အရ ရာဇဝတ်မှု မြောက်သလား ဆိုတာနဲ့ အဖွဲ့ဝင်နိုင်ငံအတွင်း ကျူးလွန်ခဲ့သလား ဆိုတာတွေကိုလည်း လေ့လာ သုံးသပ်သွားမှာ ဖြစ်ပါ တယ်။”
သူ စတင်လုပ်ဆောင်မယ့် စုံစမ်း စစ်ဆေးမှုအကြောင်းကိုလည်း ICC ရှေ့နေ Fatou Bensouda က အခုလို ပြောပါတယ်။
“ကျွန်မရဲ့ စုံစမ်း စစ်ဆေးမှုက အမှန်တရားကို ဖော်ထုတ်သွားမှာ ဖြစ်သလို လွတ်လပ်ပြီး ဘက်မလိုက်တဲ့ စုံစမ်းစစ် ဆေးမှု ဖြစ်မြောက်ရေး အတွက်လည်း အလေးထား ဆောင်ရွက်သွားပါမယ်။ နစ်နာခဲ့ရသူတွေ အ တွက် တရားမျှတမှုကို ဆောင်ကျဉ်းပေးမှာ ဖြစ်ပါတယ်။ ဒီစုံစမ်း စစ်ဆေးမှုက အဖွဲ့ဝင်နိုင်ငံတွေ၊ အရပ်ဖက် လူ့အဖွဲ့အစည်းတွေနဲ့ တခြား လက်တွဲလုပ်ဆောင်မယ့် အဖွဲ့အစည်းတွေရဲ့ ထောက်ခံမှု တွေအပေါ် အား ကိုး အားထား ပြုသွားမှာ ဖြစ်ပါတယ်။
ICC (ခေါ်) နိုင်ငံတကာ ရာဇဝတ်မှုခင်းဆိုင်ရာ တရားရုံးလက်အောက်က တရားလို အကျိုးဆောင် ရှေ့နေ ရုံးဟာ လူမျိုးတုန်း သတ်ဖြတ်မှု ဆိုင်ရာ ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှုတွေနဲ့ တစ်နိုင်ငံက တစ်နိုင်ငံကို ကျူးကျော် မှုတွေအပေါ် စုံစမ်းစစ်ဆေးပါတယ်။ ၂၀၀၃ နှစ်က စပြီး ICC ရဲ့ အခွင့်အာဏာအောက်မှာ အဲဒီ ရုံး ဟာ ယူဂန်ဒါ၊ ကွန်ဂို သမ္မတနိုင်ငံ၊ ဆူဒန်က ဒါဖော ဒေသ၊ ဗဟို အာဖရိကနိုင်ငံ၊ ကင်ညာ၊ လစ်ဗျား၊ ကုဒ်ဒီ ဗွား၊ မာလီ၊ ဂျော်ဂျီယာ၊ ဘူရွန်ဒီနဲ့ အခုအခါ မြန်မာ-ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းက ရာဇဝတ်မှုဆိုင်ရာ ကိစ ္စတွေမှာ စုံစမ်း စစ်ဆေးမှုတွေ ဆောင် ရွက်လျက် ရှိပါတယ်။

Link : Here
No comments:
Post a Comment