" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, September 13, 2023

ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှု တရားမျှတမှုရရှိရေးပြင်သစ် က ပါဝင်ကူညီမည်

DVB
September 13, 2023

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ တရားစွဲထားတဲ့ အမှုကိစ္စ တရားမျှတမှုရရှိရေး ပြင်သစ်နိုင်ငံက ကြားဝင်ကူညီဆောင်ရွက်ပေးသွားမယ်လို့ ပြင် သစ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့က ပူးတွဲကြေညာပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက်က ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ခ်ဟာစီနာနဲ့ပြင်သစ်သမ္မတအီမန်နျူရယ်မက်ခရွန် တို့ တွေ့ဆုံပြီးနောက် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ မြန်မာနိုင်ငံကို တရားစွဲဆိုထားတဲ့ရိုဟင်ဂျာတွေလူမျိုး တုံးသတ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီး ပြင်သစ်က ပါဝင်ကူညီမည်ဖြစ်ကြောင်း ပါဝင်တဲ့ ပူးတွဲထုတ်ပြန်ချက် ထုတ်ပြန်ခဲ့ တာပါ။

“အပြည်ပြည်ဆိုင်ရာတရားရုံးမှာ ဂမ်ဘီယာကနေ မြန်မာနိုင်ငံကို တရားစွဲဆိုထားတဲ့အမှုမှာ တရားမျှတမှုနဲ့တာဝန် ခံမှုရှိနိုင်ရေးအတွက် နိုင်ငံတကာရဲ့ ကြိုးပမ်းအားထုတ်မှုကို ထောက်ပံ့ကူညီပေးဖို့ ပြင်သစ်ကလည်း တခြားမိတ် ဘက်နိုင်ငံတွေနဲ့အတူ ကြားဝင်ကူညီဆောင်ရွက်ပေးဖို့ ဆုံးဖြတ်လိုက်ကြောင်း ကြေညာလိုက်ပါတယ်” လို့အဲဒီ ထုတ် ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ လူမျိုးတုံးသတ်ဖြတ်မှုအပေါ် ကုလသမဂ္ဂကအပြစ်ပေးနိုင်ရေးအတွက်ကုလလုံခြုံရေး ကောင်စီဝင် မိတ်ဘက်နိုင်ငံတွေနဲ့အတူ ပြင်သစ်က ဦးဆောင်ကြိုးပမ်းသွားမှာ ဖြစ်တယ်လို့ မက်ခွန်းက ပြောခဲ့ တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကနေ ဖိအားပေးခြိမ်းခြောက်ခံရပြီး ထွက်ပြေးလာခဲ့ကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို နေရာထိုင်ခင်း ထောက်ပံ့ပေးထားတဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ ကူညီမှုကိုလည်း ပြင်သစ်က ဂုဏ်ပြုချီးမွမ်းခဲ့ပါတယ်။

“နိုင်ငံတကာက ဦးစားပေးဖြေရှင်းဖို့လိုနေတဲ့ ပြဿနာတစ်ခုဖြစ်တဲ့ ရိုဟင်ဂျာတွေ မိမိတို့နေရပ်ကို ဘေးအန္တရာယ် ကင်းကင်းနဲ့ မိမိတို့ဆန္ဒအလျောက် ဂုဏ်သိက္ခာရှိရှိ ပြန်လာနိုင်တဲ့ အခြေအနေတွေ မြန်မာပြည်မှာ ပေါ်ထွန်းလာပြီး သူတို့ရဲ့ အဘိုးအဘေးတွေနေထိုင်ခဲ့ရာ ဒေသမှာ ရေရှည် အေးချမ်းစွာနေထိုင်နိုင်ရေးအမြန်ဆုံးအကောင်အထည် ပေါ်ဖို့နဲ့ အခုအတိုင်း ဆက်လက် ကူညီသွားကြဖို့ နှစ်နိုင်ငံလုံးက ထပ်မံကတိပြုခဲ့ကြပါတယ်”လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ အစားအသောက် ထောက်ပံ့ကူညီနိုင်ရေးအတွက် ကမ္ဘာ့စားနပ် ရိက္ခာအဖွဲ့ (WFP) ကို ပြင်သစ်က ယူရိုပေါင် ၁ သန်း ထပ်မံလှူဒါန်းလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က ရိုဟင်ဂျာတွေကို သတ်ဖြတ်နေတာဟာ လူမျိုးတုံးသတ်ဖြတ်မှု မြောက်တယ်လို့လည်း ၂၀၁၇ ခုနှစ်တုန်းက ပြင်သစ်သမ္မတ မက်ွန်းက ပြောခဲ့ဖူးပါတယ်။

၂၀၁၇ ခုနှစ် ဩဂုတ်လအတွင်းက မြန်မာနိုင်ငံရဲ့ အနောက်ဘက်ကမ်းရိုးတန်း ရခိုင်ပြည်နယ်မှာ ရဲစခန်းတွေကို တပြိုက်နက်တိုက်ခိုက်ခံရပြီးနောက် တုံ့ပြန်တဲ့အနေနဲ့ မြန်မာစစ်တပ်က ရိုဟင်ဂျာတွေကို အပြင်းအထန်နှိပ်ကွပ်ဖြို ခွင်းမှုတွေ ရက်ရက်စက်စက် ကျူးလွန်ခဲ့တာကြောင့် ရိုဟင်ဂျာတွေ သိန်းနဲ့ချီ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးလာခဲ့ ကြပါတယ်။

လက်ရှိအချိန် ရိုဟင်ဂျာ ၁ ဒသမ ၂ သန်းကျော်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကော့ခ်ဘဇား ဒုက္ခသည်စခန်းနဲ့ ဘင်္ဂ လားပင်လယ်အော်ထဲမှာရှိတဲ့ ဘာစန်ချာကျွန်းပေါ်က ဒုက္ခသည်စခန်းတွေမှာ ပြွတ်သိပ်ကျပ်ညပ်စွာနဲ့ နေထိုင်နေ ကြ ရတာ ဖြစ်ပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ကိုယ်စား ဂမ်ဘီယာနိုင်ငံက ICJ တရား ရုံးမှာ မြန်မာနိုင်ငံကို တရားစွဲခဲ့တဲ့အတွက် လက်ရှိအချိန်အထိ နိုင်ငံတကာတရားရုံးက ဒီအမှုကို ဆက်လက် စစ် ဆေးနေဆဲ ဖြစ်ပါတယ်။

ပြင်သစ်နိုင်ငံရဲ့ အခုလို ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ကြိုဆိုတဲ့အကြောင်းနဲ့ ပြင်သစ်သမ္မတ မက်ကရွန်းရဲ့ ကြေညာ ချက် ကိုလည်း အရမ်းကျေးဇူးတင်တဲ့အကြောင်း ယူကေအခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့ (BROUK) က စက်တင် ဘာ ၁၂ ရက် နေ့စွဲနဲ့ ထုတ်ပြန်ကြေညာပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */