MCN TV NEWS CHANNEL
2020-07-16
❖ အာဏာရ အစိုးရနဲ့ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ နိုဝင်ဘာ (၈) ရွေးကောက်ပွဲမှာ အားလုံးပါဝင်ခွင့် ရှိအောင် ဦးဆောင်ကျင်းပပေးဖို့ ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီ (Democracy and Human Rights Party) က တောင်းဆိုလိုက်ပါတယ်။
❖ အစိုးရအနေနဲ့ ရွေးကောက်ပွဲမှာ အားလုံးပါဝင်ခွင့်ကို ကန့်သတ်တာတွေ၊ လုံခြုံရေးအကြောင်းပြချက်နဲ့ ရွေး ကောက်ပွဲ ကျင်းပတာမျိုးတွေ မရှိရင် ရွေးကောက်ပွဲရလဒ်အပေါ် နိုင်ငံတကာရဲ့ မေးခွန်းထုတ်မှုတွေ ပို ဆိုးလာလိမ့်မယ်လို့လည်း အဲ့ဒီ (DHRP) ပါတီရဲ့ ဥက္ကဌ ဦးကျော်မင်းက ပြောကြားထားတာပါ။
❖ မြန်မာအစိုးရက (ရိုဟင်ဂျာ) ဆိုတဲ့ အသုံးအနှုန်းကို တရားဝင်အသိအမှတ် မပြုထားပေမယ့် အဲ့ဒီလူမှု အ ဖွဲ့အစည်းကို ကိုယ်စားပြုဖွဲ့စည်းထားတဲ့ ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီ (Democracy and Human Rights Party) ကိုတော့ တရားဝင် နိုင်ငံရေးပါတီအဖြစ် ဖွဲ့စည်းတည်ထောင်ခွင့် ပြုထားတာပါ။
❖ အဲ့ဒီပါတီရဲ့ ဥက္ကဌ ဖြစ်သလို ဦးဆောင်ထူထောင်သူလည်းဖြစ်တယ်တဲ့ ဦးကျော်မင်း (ခ) မာမောက်ရှောင် ရှူအာနောရူလာဟောက်နဲ့ MCN TV NEWS တို့ရဲ့ ဆက်သွယ်မေးမြန်းခန်း အတွင်းမှာတော့ သူတို့အနေနဲ့ တရားဝင် လွှတ်တော်နိုင်ငံရေးလမ်းကြောင်းကို ရွေးချယ်ထားတာကြောင့် အကြမ်းဖက်အယူအဆတွေနဲ့ လုပ်ဆောင်ချက်တွေကို လက်မခံသလို နယ်မြေဒေသခွဲထွက်ရေး ရည်ရွယ်ချက်မျိုး လုံးဝမရှိပဲ ဥပဒေနဲ့အညီ နိုင်ငံသား ဖြစ်ခွင့်နဲ့ နိုင်ငံသားအခွင့်အရေး ရရှိဖို့သာ တောင်းဆိုနေတာ ဖြစ်တယ်လို့လည်း သူက ပြောပါ တယ်။
❖ မြန်မာအစိုးရအနေနဲ့ တရားဝင်အသိအမှတ် မပြုထားတဲ့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာပြဿနာနဲ့ နိုင်ငံတ ကာ ဖိအားတွေ ပြေလည်အောင် ဘာတွေ ဆောင်ရွက်ဖို့ လိုအပ်နေလဲ ဆိုတာတွေကိုလည်း ထည့်သွင်း ဆွေးနွေးထားတဲ့အကြောင်း အပြည့်အစုံကို MCN TV NEWS က စီစဉ်တင်ဆက်ပေးနေတဲ့ “၂၀၂၀ ရွေး ကောက်ပွဲဆိုင်ရာ အထူးအစီအစဉ်” မှာ ကြည့်ရှုနိုင်ကြမှာ ဖြစ်ပါတယ်။

No comments:
Post a Comment