VOA
ဗွီအိုအေ (မြန်မာပိုင်း)
28 ဇွန်၊ 2020
28 ဇွန်၊ 2020
ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းက ဒုက္ခသည်စခန်းတခုအနားမှာ ရာဇဝတ်ဂိုဏ်းဝင်တွေလို့ ယူဆရတဲ့ ရိုဟင်ဂျာ အမျိုး သား ၄ ယောက် ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့နဲ့ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး သေဆုံးသွား ကြောင်း ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။
Cox's Bazar ခရိုင်အတွင်းမှာ အဲဒီရာဇဝတ်သားတွေ ရှိနေတာကို သတင်းရရှိတာကြောင့် သောကြာနေ့ မွန်းတည့်ချိန်လောက်မှာ ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က ရုတ်တရက် ဝင်ရောက်စီနင်းချိန်မှာ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာလို့လည်း ရဲအရာရှိ Iqbal Hossain က ပြောပါတယ်။
ရဲတပ်ဖွဲ့တွေ ရောက်ရှိကြောင်း သိရှိသွားချိန်မှာ အဲဒီ ရာဇဝတ်ဂိုဏ်းဝင်တွေက စတင်ပစ်ခတ်တာကြောင့် ရဲတပ်ဖွဲ့က ပြန်လည်ပစ်ခတ်ခဲ့ရာမှာ အခုလို သေဆုံးရတာလို့လည်း ရဲအရာရှိ Hossain က ပြောပါတယ်။
အဲဒီလူ ၄ ဦးဆီက သေနတ် ၄ လက်၊ ကျည်အတောင့် ၂၀ နဲ့ စိတ်ကြွဆေး ရာဘဆေးပြား ၄၀,၀၀၀ ကို သိမ်း ဆည်းရမိတယ်လို့လည်း ရဲအရာရှိ Hossain က ပြောပါတယ်။ အဲဒီ ရာဘဆေးပြားတွေကို မြန်မာနိုင်ငံ အ တွင်း ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ခိုးသွင်းလာတယ်လို့လည်း ရဲတပ်ဖွဲ့ကို ကိုးကားပြီး ဘင်္ဂလားဒေ့ရှ်နိုင် ငံထုတ် The Daily Star သတင်းဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

မတ်လတုန်းကလည်း ဓားပြဂိုဏ်းဝင်တွေလို့ ယူဆရတဲ့ ရိုဟင်ဂျာ ၇ ယောက်နဲ့ ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့တို့ ပစ်ခတ်မှုဖြစ်ပွားပြီး အသတ်ခံခဲ့ရပါသေးတယ်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း ၂၀၁၇ ခုနှစ် ဩဂုတ်လတုန်းက မြန်မာစစ်တပ် နယ်မြေရှင်းလင်းရေး လုပ် ချိန်က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးလာတဲ့ ဒုက္ခသည် ၇ သိန်းကျော်နဲ့အတူ ရိုဟင်ဂျာဒုက္ခသည် ၁ သန်း ဟာ ဘင်္ဂလားဒေ့ရှ်နယ်စပ်က စခန်း ၃၂ ခုမှာ နေထိုင်နေကြတာပါ။
မြန်မာအစိုးရက ရိုဟင်ဂျာ အသုံးအနှုန်းကို လက်မခံပေမယ့် ဒုက္ခသည်တွေကို စိစစ်ပြီး ပြန်လည်လက်ခံ မယ်လို့ ပြောထားပါတယ်။
No comments:
Post a Comment