မြန်မာ့အလင်း သတင်းစာ
ရန်ကုန် မေ ၇ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အပေါ် အကောင်အထည်ဖော်ဆောင်ရွက် မှုများနှင့် စပ်လျဉ်းသည့် သတင်းစာ ရှင်းလင်းပွဲကို ယနေ့မွန်းလွဲ ၁ နာရီခွဲက ရန်ကုန်မြို့ Park Royal Hotel၌ ကျင်းပသည်။ အဆို ပါ သတင်းစာရှင်းလင်းပွဲသို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ရခိုင်ပြည် နယ်ဆိုင်ရာ အကြံပြုချက်များ အပေါ် အကောင်အထည်ဖော်ဆောင်ရွက် ရေးကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင် အဖွဲ့ဝင်များ၊ ရခိုင် ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီဝင်များနှင့် အကြံပေးဘုတ် အဖွဲ့ဝင်များ၊ အာဆီယံအတွင်းရေးမှူး ချုပ်ရုံးနှင့် အာဆီယံလူသားချင်းစာနာမှု ညှိနှိုင်းရေး မှူးရုံး (AHA Centre) တို့မှ ကိုယ်စားလှယ်များ ၊ ဖိတ်ကြားထားသော နိုင်ငံတကာသံတမန်များ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်း များကိုယ် စားလှယ်များနှင့် ပြည်တွင်း ပြည်ပ သတင်းမီဒီယာ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ပဏာမရှင်းလင်းပြောကြား
ရှေးဦးစွာ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင် အထည်ဖော် ဆောင်ရွက်ရေးကော်မတီ ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက် တာဝင်းမြတ် အေးက ရခိုင်ပြည်နယ်အတွင်း တည်ငြိမ် အေးချမ်းရေး၊ စီးပွားရေးနှင့် လူမှုရေး ဆိုင်ရာကိစ္စ ရပ်များ အလျင်အမြန် ဖွံ့ဖြိုး တိုးတက်လာစေရေးအတွက် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များ အပေါ် အကောင်အထည်ဖော်ဆောင်ရွက်နေမှု များနှင့်စပ်လျဉ်း၍ ပဏာမရှင်းလင်း ပြောကြားသည်။
အပြန်အလှန် စေ့စပ်ဆွေးနွေးဖြေရှင်း
ထို့နောက် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင် အထည်ဖော် ဆောင်ရွက်ရေးကော်မတီ၏ အကြံပေးဘုတ်အဖွဲ့ဝင် Rt. Hon. Lord Darzi of Denhamက ရခိုင်ပြည်နယ် အရေးနှင့်ပတ်သက်၍ ယခုထက်တိုင် အောင် စိန်ခေါ်မှုများစွာကို မိမိတို့ ရင်ဆိုင်ကြုံတွေ့ နေကြရဆဲဖြစ်ပါကြောင်း၊ ရခိုင်ဒေသနှင့် ပတ်သက်၍ လုံခြုံရေး ဆိုင်ရာအကျပ်ကျပ်အတည်း၊ လူ့အခွင့်အရေး ဆိုင်ရာ အကျပ်ကျပ်အတည်းနှင့် ဖွံ့ ဖြိုးရေးဆိုင်ရာအကျပ် ကျပ်အတည်းတို့မှာ အဓိက အကျဆုံး အကျပ်ကျပ်အတည်းများအဖြစ် အသိအမှတ် ပြု သတ်မှတ်ထားပါကြောင်း၊ ကိုဖီအာနန် အစီရင်ခံစာပါ အကြံပြုချက် များကို အရှိန်အဟုန်မြှင့်တင် အ ကောင် အထည်ဖော်ရာတွင် တိုးတက်မှုများစွာ ရှိခဲ့သလို ဆက်လက်လုပ်ကိုင်သွားရမည့် လုပ်ငန်းများစွာကို လည်း မနားမနေ အကောင် အထည်ဖော်ကြရမည် ဖြစ်ပါ ကြောင်း၊ ဒုက္ခသည်များဘေးကင်းလုံခြုံစွာဌာနေ ပြန်နိုင်ရေး၊ ရခိုင်ပြည်နယ် ပြဿနာကို ငြိမ်း ချမ်းစွာ ဖြေရှင်းနိုင် စေရေးတို့အတွက် ဆွေးနွေးဖြေရှင်းမှု များကို ကျယ်ကျယ်ပြန့်ပြန့် ဆက်လက် ပြုလုပ်သွားရန် အရေးကြီးပါကြောင်း၊ မြန်မာနိုင်ငံအတွင်း စေ့စပ်ဆွေးနွေး ဖြေရှင်းခြင်းပြုလုပ်ရမည့်အပြင် မြန်မာ နှင့် ကမ္ဘာ့နိုင်ငံများအကြားတွင်လည်း အပြန်အလှန် စေ့စပ်ဆွေးနွေး ဖြေရှင်း ခြင်းကို လုပ်ဆောင်သွားရမည် ဖြစ် ကြောင်း ရှင်းလင်းပြောကြားသည်။
ယင်းနောက်အာဆီယံအတွင်းရေးမှုးချုပ်ရုံးနှင့် အာဆီယံလူသားချင်း စာနာမှု ညှိနှိုင်းရေးမှူးရုံး ( AHA Centre)မှ Deputy Executive Director, Mr.Arnelcapili ကယခုပြုလုပ်ခဲ့သော အလုပ်ရုံဆွေးနွေး ပွဲတွင် လွတ်လွတ်လပ်လပ်နှင့် ပွင့်ပွင့် လင်းလင်းဆွေးနွေးမှုများ ပြုလုပ်ကာ သုံးသပ်လေ့လာမှုများကို ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ပါဝင်ဆွေးနွေးသူများမှာ ရခိုင်ပြည်နယ် အရေးနှင့်ပတ်သက်၍ အကြံပြု ချက်များ အတိုင်း ဆက်လက်၍ အားတက်သရော ဆောင်ရွက်သွားကြမည် ဆိုခြင်းနှင့် ပတ် သက် ၍လည်း ကတိကဝတ်ပြုမှုများ ရှိပါကြောင်း။
ဒုက္ခသည်များစနစ်တကျပြန်နိုင်ရေးဆောင်ရွက်
အာဆီယံ အသင်းကြီးသည် အာဆီယံအရေးပေါ်တုံ့ပြန်မှုနှင့် အကဲ ဖြတ်လေ့လာရေးအဖွဲ့ (ASEAN-Emergency Response and Assessment team)မှတစ်ဆင့် ရခိုင်၊ ဒေသနှင့်ပတ်သက်၍ အကဲဖြတ် လေ့လာ မှု ပြုလုပ်နိုင်ရေးအတွက် ပဏာမလိုအပ် ချက်များအတိုင်း ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်ပါကြောင်း၊ မိမိ တို့သည် စစ်တွေ၊ မောင်တောနှင့် နေပြည်တော်တို့သို့ သွားရောက်၍ တွေ့ဆုံမေးမြန်းမှုများနှင့် အပြန်အ လှန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ယခုအခါ အကဲဖြတ်လေ့လာမှု အစီရင် ခံစာအပြည့်အစုံကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာနသို့ တင်သွင်းနိုင်တော့ မည်ဖြစ်ပါကြောင်း၊ ဒုက္ခ သည်များ နေရပ် သို့ ချောမွေ့စွာနှင့် စနစ်တကျ ပြန်နိုင်စေ ရေးတို့အတွက် မြန်မာအစိုးရအဖွဲ့က အားကြိုး မာန်တက် ဆောင်ရွက်လျက်ရှိ နေသည်ကိုလည်း မိမိတို့အသိအမှတ်ပြု ပါကြောင်း၊ ဒုက္ခသည်များ ဌာနေ ပြန်နိုင် ရေးနှင့်ပတ်သက်၍ အာဆီယံအတွင်း ရေးမှူးချုပ်နှင့်တ ကွ အဖွဲ့ဝင်နိုင်ငံများက စုပေါင်းကြိုး ပမ်းမှု အဖြစ် လက်တွဲလုပ်ကိုင် လျက်ရှိကြပြီး မြန်မာနိုင်ငံ အစိုးရအား ဆက်လက်၍ အကူအညီများပေးသွား မည်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြား သည်။
ထို့နောက် တက်ရောက်လာကြသည့် ပြည်တွင်းပြည်ပမီဒီယာများ သိရှိလိုသည့် မေးခွန်းများကို ပြည်ထောင် စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ အကြံပေးဘုတ် အဖွဲ့ဝင်Rt. Hon. Lord Darzi of Denham နှင့် ( AHA Centre) မှ Deputy Executive Director, Mr. Arnelcapiliတို့က ကဏ္ဍအလိုက် ရှင်းလင်းဖြေ ကြားကြ သည်။
လက်ခံရေးအစီအစဉ်ဆောင်ရွက်နေ
ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော တိုက်ပွဲများနှင့်ပတ်သက်၍ တစ်ဖက်နိုင်ငံ ၌ ရောက်ရှိနေသော နေရပ် စွန့်ခွာသူ များကိုပြန်လည်လက်ခံမည့် အစီအစဉ် နှောင့်နှေးကြန့်ကြာမှု ဖြစ်စေသလား ဆိုသည့် မေးခွန်းကို ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ''ရခိုင်မှာရှိနေတဲ့ နေရပ်စွန့်ခွာသူတွေ စတင်ထွက် ခွာက တည်းက အစိုးရ အနေနဲ့ ပြန်လည်လက်ခံမယ်ဆိုတာ ယတိပြတ်ဆုံးဖြတ်ပြီးသား ဖြစ်တယ်။
နှစ်နိုင်ငံညှိနှိုင်းပြီး သဘောတူညီချက် စာချုပ်တွေ ချုပ်ဆိုတယ်။ ပြန်လည် လက်ခံရေး အစီအစဉ်အသေး စိတ်ရေးဆွဲ လုပ်ဆောင်ခဲ့တယ်။ သတ်မှတ်ထားတဲ့ အစီအစဉ်အတိုင်း ကြိုးစားဆောင်ရွက် နေတယ်။ သ ဘောတူညီချက်အတိုင်း နှစ်နိုင်ငံညှိနှိုင်းမှုတွေကို ယခုထက်တိုင် အောင်မြင်အောင် ကြိုးစားဆောင်ရွက် လျက်ရှိတယ်။ မကြာခင်က နှစ်နိုင်ငံ ညှိနှိုင်းမှု အစည်းအဝေးတစ်ခုကို ဆောင်ရွက်ပြီး ပြန်လည်လက်ခံရေး အစီအစဉ်ကို ညှိနှိုင်းသွားမှာ ဖြစ်ပါ တယ်။ ဒီဒေသမှာ ယခုလို အခြေအနေ တွေ ပြောင်းလဲနေပေမယ့် ပြောင်းလဲတဲ့ အခြေအနေပေါ်မူတည်ပြီး လက်ခံရေး အစီအစဉ်အောင်မြင်အောင် ညှိနှိုင်း ဆောင်ရွက် နေ ပါတယ်" ဟု ပြောသည်။
စားဝတ်နေရေးအဆင်ပြေဖို့
ရခိုင် ပြည်နယ်ရဲ့ အရေးကိစ္စကို ဖြေရှင်းဆောင်ရွက်တဲ့အခါ မြန်မာ အစိုးရက ပြည်တွင်းမှာရှိတဲ့ မြန်မာ အစ္စ လာမ်ဘာသာဝင် လူ့အဖွဲ့အစည်း တွေက ခေါင်းဆောင်များ၊ ရခိုင်မှာရှိတဲ့ ခေါင်းဆောင်များ၊ ပြည်ပရှိ အစ္စ လာမ် ဘာသာဝင်များ အရေး၊ ဆောင်ရွက်နေတဲ့ ခေါင်းဆောင်များနဲ့စုပြီး တွေ့ဆုံဆွေးနွေး မယ့် အစီအစဉ် လုပ်ဆောင်ရန်ရှိ/မရှိ မေးခွန်းကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ''ရခိုင် အရေး နဲ့ပတ် သက်ရင် နေရပ်စွန့်ခွာသူ တွေ ပြန်လည်ရောက်ရှိရေးနဲ့ နိုင်ငံ အတွင်းမှာ ကျန်ရှိနေသေးတဲ့ အစ္စလာမ် ဘာ သာဝင်တွေ အထူးသဖြင့် ရခိုင် မြောက်ပိုင်းမှာ ရောက်ရှိနေတဲ့သူတွေရဲ့ အရေးကို အမြဲတမ်း ထည့်သွင်းစဉ်း စား ပါတယ်။ ဒီလို စဉ်းစားတဲ့အခါမှာ ပြန်လည် လက်ခံရေး၊ နေရာချထားရေးကို အောင်မြင်ဖို့ ကျွန်တော်တို့ အစဉ်တစိုက် ကြိုးစားနေကြတာ ဖြစ်ပါတယ်။ ဒီပြန်လည်လက်ခံရေး၊ ပြန်လည်နေရာ ချထား ရးနဲ့ ကျန်ခဲ့ တဲ့ သူတွေအတွက် သူတို့ရဲ့ စားဝတ်နေရေးအဆင်ပြေဖို့နဲ့ သူတို့ဒေသမှာ လူမှုစီးပွား ဖွံ့ဖြိုး တိုး တက်ရေးဆို တာ ကျွန်တော်တို့ အဓိကဆောင်ရွက်နေတဲ့ လုပ်ငန်းတွေ ဖြစ်ပါတယ်။
'' ဖြစ်တဲ့အကြောင်းအရင်းတွေကို ပြန်ကြည့်လိုက်ရင် လူမှုစီးပွားဘ၀ ဖွံ့ဖြိုး တိုးတက်မှုနောက်ကျခဲ့တာ အ ဓိက အကြောင်းအရင်းတစ်ရပ်အနေနဲ့ ဖြစ်ခဲ့ တာရှိပါတယ်။ ဒါကြောင့်လည်း အဲဒီ ဒေသမှာ ဖွံ့ဖြိုးတိုး တက် ရေးတွေ အများ ကြီး ကြိုးစားဆောင်ရွက်နေပါတယ်။ ဘာပဲဆောင်ရွက်ဆောင်ရွက် ရခိုင် ပြည်နယ်အရေးကို ဆောင်ရွက်တဲ့အခါ မှာဘယ်တော့မှ အစိုးရတစ်ရပ်တည်းနဲ့ ဆောင်ရွက်တာ မရှိပါဘူး။ ဒါကြောင့် လည်း ကော်မတီ၊ ကော်မရှင်တွေဖွဲ့ပြီး သူတို့တွေဆီက အကြံယူတယ်။ ကော်မတီတွေဖွဲ့ပြီး ဖွံ့ဖြိုးတိုးတက်ရေး ကို လုပ်ဆောင်တာ ရှိပါတယ်။ အဲဒီလို ဆောင်ရွက်တဲ့အခါ ဒီကော်မတီမှာ တာဝန်ရှိတဲ့သူတွေက နေပြည် တော် မှာ ထိုင်ပြီး ဒါတွေကို ဆောင်ရွက်နေတာ မဟုတ်ပါဘူး။
ပိုမိုပြီးထိရောက်အောင်ဆောင်ရွက်နေ
''ကျွန်တော်တို့ဆိုရင် ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပြုချက်တွေကိုအကောင် အထည်ဖော်တဲ့ ကော်မတီ ဥက္ကဋ္ဌအနေနဲ့ ရခိုင်ကိုစဖြစ်ကတည်းကနေ အခုထက်ထိ ဆိုရင် ၄၆ ခေါက်ရှိပါပြီ။ ၄၆ ခေါက်သွား တဲ့အထဲ မှာ သက်ဆိုင်ရာလူ မှုအဖွဲ့အစည်း တွေ၊ သက်ဆိုင်ရာ ဘာသာရေး ခေါင်းဆောင်တွေ၊ အုပ်ချုပ်တဲ့အုပ်ချုပ် သူအဖွဲ့အစည်းတွေနဲ့ ဆွေး နွေးတာတွေ ရှိတယ်။ ဒီလိုဆွေးနွေးတာ ၁၇ ကြိမ်ရှိ တယ်။ ကျွန်တော်တို့ လုပ်ခဲ့ တဲ့လုပ်ငန်း တွေ အကောင် အထည်ဖော်တာတွေကို ပြည်သူသို့ အစီရင်ခံစာဆိုပြီး ၄ ကြိမ် ထုတ်ပြန်ခဲ့ တာ ရှိပါတယ်။ သေသေ ချာချာ ဖတ်ကြည့်ရင် တွေ့မှာဖြစ်ပါတယ်။
အကြံပေးတာကောင်းပါတယ်။ ဒီ့ထက် ပိုမိုပြီး ထိရောက်အောင် ဆက်လက် ဆောင်ရွက်နေပါတယ်။ ဒါက နိုင်ငံတွင်း မှာ လုပ်နေတဲ့ကိစ္စပါ။ နိုင်ငံတကာနဲ့ ပတ်သက်ပြီးတော့ အဖွဲ့အစည်းတွေနဲ့ လည်း ဆောင် ရွက် နေတာတွေ ရှိပါ တယ်။ UEHRD မှာလည်း လုပ်နိုင် ကိုင်နိုင်တဲ့သူတွေ စုစည်းပြီး နိုင်ငံတကာကိုသွားပြီး သက်ဆိုင်တဲ့ သူတွေ၊ အဖွဲ့အစည်း တွေနဲ့အစည်းအဝေး တွေ၊ သတင်းအချက်အလက်မျှဝေတာ တွေလုပ် တယ်။ အကြံဉာဏ်ယူတာတွေလည်း ဆောင်ရွက်နေပါတယ်''ဟု ရှင်းလင်းပြောကြားသည်။
နယ်စပ်ခြံစည်းရိုးလုံခြုံအောင်ကြိုးစားနေ
နောက်နှစ်တွင် ဒုက္ခသည်များ ပြန်လာရေးအတွက် သက်တမ်းတစ်နှစ် ထပ်တိုးမှုကိုသိရတဲ့အတွက် ယခု လက်ရှိ ဆက်ပြီးလက်ခံရင် လက်ခံရေးစခန်း တွေက နိုင်ငံသားမှတ်ပုံတင် ရရှိဖို့ ဘယ်လိုအစီအစဉ်ရှိပါသလဲ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ]]နယ်စပ် ခြံစည်းရိုးကို ကုန်းပိုင်း ရော၊ ရေပိုင်းပါ လုံခြုံအောင် ကြိုးစားနေပါ တယ်။ သို့သော်လည်း အဝင်အထွက်တွေ ရှိနေပါတယ်။ အစိုးရ သစ်တက် ကတည်းက ခြံစည်းရိုးလုံခြုံအောင် ဆောင်ရွက်နေတာဖြစ်ပါတယ်။ အတိုင်း အတာတစ်ခုအထိ အောင်မြင်သော် လည်း လိုအပ်နေပါသေးတယ်။
''ယခင်ကလည်း ပဋိပက္ခဖြစ်ပွားမှု ကိစ္စရပ်တွေရှိခဲ့ပါတယ်။ အခုလည်း ပဋိပက္ခဖြစ်ပွားမှုမှာ ထွက်သွားတဲ့ လူတွေ ရှိတဲ့အတွက် ပြန်လည်လက်ခံဖို့ သဘော တူညီချက်အစီအစဉ် လုပ်ဆောင်ထား တာရှိပါတယ်။ ဒါကတော့ ပြန်ဝင်လာတဲ့ သူတွေ အကုန်လုံးကို ဘယ်သူ့ကိုမှယုံ တယ်၊ မယုံဘူးမဟုတ်ဘူး၊ တကယ့်ကို ဂုဏ်သိက္ခာရှိစွာနဲ့ ပြန်လည်ဝင်နိုင်ဖို့ အတွက် စိစစ်ဆန်းစစ်တဲ့ကိစ္စတွေ၊ အဆင့်ဆင့် လုပ်ဆောင်ရပါတယ်။ လက်ထဲမှာ အထောက်အထားမရှိတဲ့ လူကတော့ ပြန်ပြီးတော့ စိစစ်ရမှာမို့လို့ ဒီလမ်းကြောင်းထဲကို ဝင်ရ မယ်။ ဒီလမ်း ကြောင်းထဲကို ဝင်ခြင်းသည် နိုင်ငံ သား ဖြစ်မှုအတွက် အစလမ်းစဉ် ဖြစ်ပြီး အင်မတန်ကို အ ကျိုးရှိတဲ့ကိစ္စဖြစ်ပါတယ်။ တကယ့်ကို ညီညွတ်တဲ့လူကို နိုင်ငံသား ပေးချင်ပါတယ်။ ဒါ့ကြောင့်မို့ တကယ်ကို စိစစ်ပြီးတော့ တကယ်ရသွားနိုင်တဲ့ သူတွေ အများကြီးရှိပါတယ်။
'' ဒီအစီအစဉ်ကို ဆောင်ရွက်ရင် ဘယ်လောက်ကြာမှာလဲ ဆိုတာကို မေးရင်တော့ တကယ့်ဖြစ်စဉ်က လေးလ ခွဲပဲကြာတယ်။ သို့သော် ဒီဖြစ်စဉ်က မှတ်ပုံတင်ကိုစပြီး ဖွင့်ပေးလိုက်တာနဲ့၊ စိစစ်တဲ့သက်ဆိုင် ရာဝန်ကြီး ဌာနက ခွင့်ပြု တာနဲ့ လေးလခွဲအတွင်း မပြတ်သွားဘူး ဆိုတာရှိတယ်။ ဘာ့ကြောင့် မပြတ်လဲ ဆိုတော့ အ ချက်အလက်မစုံရင် တစ်ခါ ပြန်ခေါ်ရတာရှိတယ်။ ပြန်မေးရတယ်။ ပြန်ချိန်းရတယ်။ ဒါကိုစိစစ်ပြီး ပြန်လည် ထုတ်ပေးခါနီးကျရင် ပြန်ခေါ်ရသေးတယ်။ အဲဒီအခါကျရင် စိစစ်တဲ့ကတ်တွေ ကျွန်တော်တို့ မှာရှိပြီးမှ ပြန် ခေါ်တဲ့အခါမှာ မလာတာတွေလည်းအများကြီးရှိတယ်။ ဒီကာလကတော့ လေးလခွဲက နေ ခြောက် လအထိ ကြာနိုင်တယ်။ တကယ်တမ်း ဆောင်ရွက်သူတွေ တကယ်လိုချင်လို့ လုပ်တဲ့လူအပေါ်မှာ မူတည်တယ်။
သူအားသွန်ခွန်စိုက်ကြိုးစားရင် ဒီဘက် အစိုးရကလည်း သက်ဆိုင်ရာဝန်ကြီး ဌာနကို အားပေးနေတယ်။ ပံ့ပိုးနေတယ်။ ကူညီနေတယ်။ တိုက်တွန်းနေတယ်။ ဒါ့ကြောင့် အဆင်ပြေမှာ ဖြစ်ပါတယ်''ဟု ပြောသည်။
အကြံပြုချက်တွေအကောင်အထည်ဖော်
၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို ပြန်လည်သုံးသပ်ဖို့ အစီအစဉ် ရှိ/မရှိ မေးခွန်းကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ''အကြံပြု ချက် ၈၈ ခုရှိတဲ့အထဲက အရေးပါတဲ့ဥပဒေ တစ်ခုပါ။ ဥပဒေပြင် မယ် ဆိုတာ မလွယ် ကူဘူး။ ဥပဒေကြမ်းကို အရင်ပြုစုရ တယ်။ သုံးသပ်ရတယ်။ လွှတ်တော်မှာ တင်ရတယ်။ ဆွေးနွေးရတယ်။ ခက်ခဲ တဲ့ကိစ္စ ဖြစ်ပါတယ်။ ဒါပေမယ့် အကြံပြု ထားတဲ့အတွက် စဉ်းစားရတယ်။ ဒါပေမယ့် ပြည်သူအားလုံးကို အကျိုးရှိ စေတဲ့ အကြံပြုချက်တွေကို စတင်ဖို့ အကောင်အထည်ဖော်နေပါတယ်'' ဟု ပြောသည်။
ဥပဒေပြောင်းလဲဖို့အချိန်ယူ
ဆက်လက်၍ အကြံပေးဘုတ်အဖွဲ့ ဝင် Rt. Hon. Lord Darzi of Denham က ဥပဒေပြောင်းလဲဖို့ဆိုတာ မြန်မာ နိုင်ငံမှာမှ မဟုတ်ပါဘူး။ လွတ်လပ် တဲ့ ဘယ်နိုင်ငံမှာမဆို အချိန်ယူရပါတယ်။ ခက်တာက ကျွန်တော် တို့မှာ အချိန်မရှိ ပါဘူး။ ဥပဒေဆိုတာ ပြင်မှမဟုတ်ပါဘူး။ အဓိပ္ပာယ်ကောက်ယူပုံပြင်ဆင်တာရှိပါတယ်။ ကျွန်တော်တို့ ဆွေးနွေးတာဟာ အခုလို ဆောင်ရွက်မယ်ဆိုပြီးတော့ ဥပဒေပြင်ဆင်ရေးဆိုတဲ့ လမ်းကြောင်း တစ်ခုတည်းက မသင့်ဘူးလို့ပြောကြား ချင်ပါတယ်''ဟု ပြောကြားသည်။
ရခိုင်ပြည်နယ်တွင် လူ့အခွင့်အရေး နှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိသည့် အခြေအနေကို သိလိုခြင်းနှင့် စပ် လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ် အေးက '' မြန်မာနိုင်ငံက လူ့အခွင့်အရေး နဲ့ပတ် သက်လာရင် အင်မတန်လေးစား တယ်။ လူ့အခွင့်အရေးနဲ့ ပတ်သက်ရင် လိုအပ်ရင် ကုလသမဂ္ဂနဲ့ ညှိနှိုင်း ဆောင်ရွက်တာတွေ ရှိတယ်။ အရွယ် မရွေးကလေးငယ်ကနေ သက်ကြီးရွယ်အို အထိ လူ့အခွင့်အရေးတွေ အားလုံးကို ဖော်ဆောင်နေတာ ဖြစ်ပါတယ်။ ဒီကိစ္စ တွေမှာလည်း လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး အမြဲ တမ်းအလေးထားပြီးဆောင်ရွက်နေတာ ဖြစ်ပါတယ်''ဟု ရှင်းလင်း ပြောကြားခဲ့သည်။

No comments:
Post a Comment