" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, March 30, 2022

ရိုဟင်ဂျာတွေအတွက် နောက်ထပ် ဒေါ်လာသန်း ၁၅၀ ကျော် အမေရိကန်ထောက်ပံ့မည်

VOA
ဗွီအိုအေမြန်မာပိုင်း
30 မတ်၊ 2022
[[Unicode]]

ရိုဟင်ဂျာတွေအတွက် နောက်ထပ် ဒေါ်လာသန်း ၁၅၀ ကျော် အမေရိကန်ထောက်ပံ့မည်

ဘင်္ဂလားဒေရှ့်နိုင်ငံတွင်း ၂၀၂၂ ခုနှစ် အတွက် ရိုဟင်ဂျာ လူသားချင်းစာနာမှု ဆိုင်ရာ အကျပ်အတည်း ပြဿနာ ကို တုံ့ပြန်ဆောင်ရွက်ရေး ပူးတွဲ အစီအစဉ်ကို မတ်လ ၂၉ ရက်နေ့မှာ စတင်တာမှာ အမေရိကန် ပြည်ထောင်စု က ဒေါ်လာ ၁၅၂ သန်း ထပ်မံ ထည့်ဝင်မယ့် အကြောင်း ကြေညာပါတယ်။

မြန်မာ စစ်တပ်ရဲ့ လူမျိုးတုန်း သတ်ဖြတ်မှု၊ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်တဲ့အထိ မြန်မာစစ် တပ်က နှိမ်နင်းတာခံခဲ့ရတဲ့ ရိုဟင်ဂျာတွေ အားလုံး အတွက် လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီတွေ ပေး အပ် ရေး အတွက် ထပ်မံ ထည့်ဝင်တာ ဖြစ်ကြောင်း ဘင်္ဂလားဒေရှ့်ဆိုင်ရာ အမေရိကန် သံအမတ်ကြီး Peter Haas က ကြေညာခဲ့တာပါ။ မြန်မာဘက်က ထွက်ပြေးပြီး ဘင်္ဂလားဒေရှ့် ကောဇ့်ဘဇားမှာ ရိုဟင်ဂျာ ၇၄၀,၀၀၀ ခိုလှုံခဲ့ရတဲ့ ၂၀၁၇ ခုနှစ် သြဂုတ်လ နောက်ပိုင်း အမေရိကန်ရဲ့ ကူညီ ထောက်ပံ့မှုဟာ ဒေါ်လာ သန်း ၁,၇၀၀ ကျော် ရှိသွားပါပြီ။

ဒီရန်ပုံငွေထဲက ဒေါ်လာ ၁၂၅ သန်းကျော်ကတော့ အထူးသဖြင့် ဘင်္ဂလားဒေရှ့် နိုင်ငံတွင်းက အစီအစဉ်တွေ အတွက် ဖြစ်ပြီး ဘင်္ဂလားဒေရှ့် နိုင်ငံတွင်းက ရိုဟင်ဂျာ ဒုက္ခသည် ၉၂၀,၀၀၀ ကျော်ကို အသက်ကယ်ကူညီ ထောက်ပံ့ရေး အတွက် လူသားချင်းစာနာမှု အဖွဲ့အစည်းတွေ ဆောင်ရွက်နိုင်ရေး အတွက် ဖြစ်ပါတယ်။ ဒုက္ခ သည်တွေကို လက်ခံထားတဲ့ ဘင်္ဂလားဒေရှ့် လူမှု အသိုင်းအဝိုင်းတွင်းက လူပေါင်း ၅၄၀,၀၀၀ ကျော် အတွက် လည်း အထောက်အကူ ပေးမှာ ဖြစ်ပါတယ်။

ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး (UNHCR) ကတော့ ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် ရေ ရှည်ကူညီထောက်ပံ့မှုတွေ ပေးအပ်ကြဖို့ အင်္ဂါနေ့မှာပဲ တိုက်တွန်းထားပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုငငံ ကော့ဇ်ဘ ဇားနဲ့ Bhasan Char ကျွန်းက ရိုဟင်ဂျာဒုက္ခသည် ၉၁၈,၀၀၀ ကျော် အပါအဝင် လူပေါင်း ၁ ဒသမ ၄ သန်း လောက်ကို ကူညီပံ့ပိုးနိုင်ရေး အတွက် ရန်ပုံငွေ ဒေါ်လာ ၈၈၁ သန်း ထည့်ဝင်ကြဖို့လည်း နိုင်ငံတကာ အသိုင်း အဝိုင်းကို UNHCR နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေက ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် ၅ နှစ်မြောက် တုံ့ပြန် ကူ ညီရေး အစီအစဉ်အဖြစ် တောင်းဆိုခဲ့ကြတာပါ။



[[Zawgyi]]

ဘင်္ဂလားဒေရှ့်နိုင်ငံတွင်း ၂၀၂၂ ခုနှစ် အတွက် ရိုဟင်ဂျာ လူသားချင်းစာနာမှု ဆိုင်ရာ အကျပ်အတည်း ပြဿ နာကို တုံ့ပြန်ဆောင်ရွက်ရေး ပူးတွဲ အစီအစဉ်ကို မတ်လ ၂၉ ရက်နေ့မှာ စတင်တာမှာ အမေရိကန် ပြည်ထောင် စုက ဒေါ်လာ ၁၅၂ သန်း ထပ်မံ ထည့်ဝင်မယ့် အကြောင်း ကြေညာပါတယ်။

မြန်မာ စစ်တပ်ရဲ့ လူမျိုးတုန်း သတ်ဖြတ်မှု၊ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်တဲ့အထိ မြန်မာ စစ်တပ်က နှိမ်နင်းတာခံခဲ့ရတဲ့ ရိုဟင်ဂျာတွေ အားလုံး အတွက် လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီတွေ ပေးအပ်ရေး အတွက် ထပ်မံ ထည့်ဝင်တာ ဖြစ်ကြောင်း ဘင်္ဂလားဒေရှ့်ဆိုင်ရာ အမေရိကန် သံအမတ်ကြီး Peter Haas က ကြေညာခဲ့တာပါ။ မြန်မာဘက်က ထွက်ပြေးပြီး ဘင်္ဂလားဒေရှ့် ကောဇ့်ဘဇားမှာ ရိုဟင်ဂျာ ၇၄၀,၀၀၀ ခိုလှုံခဲ့ရတဲ့ ၂၀၁၇ ခုနှစ် သြဂုတ်လ နောက်ပိုင်း အမေရိကန်ရဲ့ ကူညီ ထောက်ပံ့မှုဟာ ဒေါ်လာ သန်း ၁,၇၀၀ ကျော် ရှိသွားပါပြီ။

ဒီရန်ပုံငွေထဲက ဒေါ်လာ ၁၂၅ သန်းကျော်ကတော့ အထူးသဖြင့် ဘင်္ဂလားဒေရှ့် နိုင်ငံတွင်းက အစီအစဉ်တွေ အတွက် ဖြစ်ပြီး ဘင်္ဂလားဒေရှ့် နိုင်ငံတွင်းက ရိုဟင်ဂျာ ဒုက္ခသည် ၉၂၀,၀၀၀ ကျော်ကို အသက်ကယ် ကူညီ ထောက်ပံ့ရေး အတွက် လူသားချင်းစာနာမှု အဖွဲ့အစည်းတွေ ဆောင်ရွက်နိုင်ရေး အတွက် ဖြစ်ပါတယ်။ ဒုက္ခသည်တွေကို လက်ခံထားတဲ့ ဘင်္ဂလားဒေရှ့် လူမှု အသိုင်းအဝိုင်းတွင်းက လူပေါင်း ၅၄၀,၀၀၀ ကျော် အတွက်လည်း အထောက်အကူ ပေးမှာ ဖြစ်ပါတယ်။

ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး (UNHCR) ကတော့ ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် ရေ ရှည်ကူညီထောက်ပံ့မှုတွေ ပေးအပ်ကြဖို့ အင်္ဂါနေ့မှာပဲ တိုက်တွန်းထားပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုငငံ ကော့ဇ် ဘဇားနဲ့ Bhasan Char ကျွန်းက ရိုဟင်ဂျာဒုက္ခသည် ၉၁၈,၀၀၀ ကျော် အပါအဝင် လူပေါင်း ၁ ဒသမ ၄ သန်း လောက်ကို ကူညီပံ့ပိုးနိုင်ရေး အတွက် ရန်ပုံငွေ ဒေါ်လာ ၈၈၁ သန်း ထည့်ဝင်ကြဖို့လည်း နိုင်ငံတကာ အသိုင်း အဝိုင်းကို UNHCR နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေက ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် ၅ နှစ်မြောက် တုံ့ပြန် ကူညီရေး အစီအစဉ်အဖြစ် တောင်းဆိုခဲ့ကြတာပါ။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */