" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, October 11, 2023

အစ္စ​ရေး — ဟားမတ်ဇ် စစ်ပွဲ

 အောက်တိုဘာ ၂၀၂၃...
စစ်ဖြစ်​နေပြီဟု အစ္စ​ရေးဝန်ကြီးချုပ်က ​ပြောကြား — 

အောက်တိုဘာ ၇ ရက်၊ စ​နေ​နေ့တွင် ဂါဇာကမ်း​မြှောင် ​ဒေသ အ​ခြေစိုက် ပါလက်စတိုင်း ဟားမတ်ဇ် အကြမ်း ဖက် အဖွဲ့ က အစ္စ​ရေးနိုင်ငံအား လျှပ်တပြက် အလစ်အငိုက်ဖမ်း၍ တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်။ ဟားမတ်ဇ်အဖွဲ့ ၏​ပြော ကြားချက်အရ ဒုံးကျည်​ပေါင်း ၅၀၀၀ ​ကျော် (အစ္စ​ရေးစစ်ဖက်က ၂၅၀၀ ​ကျော်ဟု ဆို​နေပြီး အ​နောက်တိုင်းမီဒီယာ များက ဒုံးကျည် ၃၃၀၀ မှ ၃၅၀၀ အကြား ပစ်ခတ်ခဲ့ဟု ဖော်ပြ​နေကြ ) ကို အစ္စ​ရေး​တောင်ပိုင်းရှိ မြို့များ၊ လူ​နေရပ် ကွက်များ၊ စစ်စခန်းများထံ ပစ်လွှတ်တိုက်ခိုက်ခဲ့သည်ဟုသိရသည်။ ​ထို့အပြင် ​သေနတ်သမား အ​မြောက်အများ သည်လည်း ဂါဇာကမ်း​မြှောင်ဒေသမှ ​နေ၍ အစ္စ​ရေးနယ်​မြေထဲသို့ ထိုး​ဖောက်စိမ့်ဝင်ကာ စစ်​ရေးနှင့် အရပ်ဖက်ပစ် မှတ်များကို တိုက်ခိုက်ခဲ့ကြသည်ဟု ဟားမတ်ဇ် အဖွဲ့ က ထုတ်ပြန်ထားသည်။

 
ဟားမတ်ဇ်အဖွဲ့သည် ​​ဒေသစံ​တော်ချိန် နံက် ၆း၃၀ မိနစ်တွင် အစ္စ​ရေးမြို့​တော် တဲလ်အဗစ် အပါအဝင် မြို့​ပေါင်း ၂၀ ခန့်ဆီသို့ ဒုံးကျည်များ ပစ်လွှတ်တိုက်ခိုက်ခြင်းဖြင့် စတင်တိုက်ခိုက်ခဲ့ကြသည်။ နံက် ၇း၄၀ ခန့်တွင် ဂါဇာကမ်း​မြှောင်​ဒေသနှင့် အစ္စ​ရေးနိုင်ငံအကြား ကာရံထား​သော သံဆူးကြိုးတံတိုင်းများကို ​ဖောက်ခွဲဖျက်ဆီး၍ ဟားမတ်ဇ် လက်နက်ကိုင်များ အစ္စ​ရေးနိုင်ငံအတွင်းဝင်​ရောက်လာခဲ့ကြသည်ဟု ​ဆိုသည်။ ဟားမတ်ဇ်တို့သည် ​​မော်​တော်ဆိုင် ကယ်များ၊ ​မော်​တော်ဘုတ်များ၊ စက်တပ် ​​လေထီးများကို အသုံးပြု၍ အစ္စ​ရေးနယ်စပ်ကို ဖြတ်ကျော်လာခဲ့ကြရာ အစ္စ​ရေးလုံခြုံ​ရေးတပ်ဖွဲ့တို့ အငိုက်မိသွားခဲ့ကြရသည်။ တ​နေရာတွင် ဟားမတ်ဇ်တို့က ဘူဒိုဇာကြီးတစီးကိုပါအသုံး ပြု၍ နယ်စပ်အကာအရံများအား ဖြိုချ​နေသည်ကို ​တွေ့မြင်ကြရသည်။

မီဒီယာများက အစ္စ​ရေးနှင့် ဟားမတ်ဇ် သတင်းရင်းမြစ်များကို ကိုးကား၍ ​ဖော်ပြကြရာတွင် ဟားမတ်ဇ်လက် နက် ကိုင် ၃၀၀ မှ ၄၀၀ အကြား အစ္စ​ရေးနိုင်ငံအတွင်းသို့ ဝင်​ရောက်လာနိုင်ခဲ့ကြသည်ဟုဆိုသည်။

မီဒီယာများ၏သတင်း​ဖော်ပြချက်များတွင် ဒုံးကျည်များ ပစ်လွှတ်တိုက်ခိုက်​နေပုံ၊ အစ္စ​ရေး လူ​နေရပ်ကွက်များ ပျက် စီး​နေကြပုံများကို ​တွေ့မြင်ကြရသည်။ ​အောက်တိုဘာလ ၇ ရက်​နေ့ ​ညပိုင်းအထိ အစ္စ​ရေးနိုင်ငံသား အနည်းဆုံး ၂၅၀ ဦးမျှ​သေ​ကြေပျက်စီးခဲ့ကြရပြီး ၁၅၀၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ကြရသည်။ ဟာမတ်ဇ်အဖွဲ့က ထုတ်ပြန်သည့် ဗီဒီယိုများတွင် အစ္စ​ရေးတို့၏ တင့်ကားကြီးတစီး မီး​လောင်ပျက်စီး​နေပုံကို ​တွေ့ကြရသည်။ 
 
အခြားဗီဒီယိုများတွင်လည်း အစ္စ​ရေးစစ်သည်တဦး၏ ရုပ်အ​လောင်းအား ပါလက်စတိုင်းလူထုက နင်းချေကာ အောင် ပွဲခံနေသည်ကို ​တွေ့ကြရသည်ဟု မီဒီယာများတွင် ​ဖော်ပြထားကြသည်။ ဗြိတိန်အ​ခြေစိုက် စကိုင်း ရုပ်သံ သတင်းဌာန ၏ဗီဒီယို တခုတွင် ဒဏ်ရာရ​နေ​သော အစ္စ​ရေး အမျိုးသမီးတပ်ဖွဲ့ဝင်တဦးအား ဟားမတ်ဇ် တပ်ဖွဲ့ဝင် များက အစ္စ​ရေးစစ်တပ်ထံမှဖမ်းဆီးသိမ်းယူထားသည့် ဟမ်းဗီး စစ်သုံးယာဥ်တစီးဖြင့် ဂါဇာဖက်ခြမ်းသို့ ​ခေါ်​ဆောင် လာသည်ကို ​တွေ့ကြရသည်။
                                                                               
အစ္စ​ရေးမီဒီယာများ၏​ဖော်ပြချက်များတွင် အစ္စ​ရေး​တောင်ပိုင်းမြို့များ၊ လူ​နေရပ်ကွက်များ အနည်းဆုံး ၂၂ ခု အ တွင်း ပါလက်စတိုင်း ​​သေနတ်သမားများနှင့် အစ္စ​​ရေးတပ်ဖွဲ့များ တိုက် ပွဲဖြစ်ပွားခဲ့သည်ဟု ရဲတပ်ဖွဲ့၏ သတင်းရင်း မြစ်များကို ကိုးကား၍ ​ဖော်ပြထား သည်။ ထို့အပြင် ဟားမတ်ဇ်တို့သည် အစ္စ​ရေးနိုင်ငံသား ၂၀ မှ ၃၀ ခန့်ကို ဓါးစာ ခံများ အဖြစ် ဂါဇာကမ်း​မြှောင်​ဒေသသို့ ဖမ်းဆီးခေါ်​ဆောင်သွားကြ​ကြောင်း မီဒီယာများက ​ဖော်ပြ​နေကြသည်။

ဂါဇာ​ဒေသအနီးတွင်​နေထိုင်သူ အစ္စ​ရေးအမျိုးသမီးတဦးက ပါလက်စတိုင်း​သေနတ်သမားများသည် အိမ်အတွင်း ချိုးဖျက်ဝင်​ရောက်လာခဲ့ကြပြီး အိမ်သူအိမ်သားများ ပုန်းခိုနေကြသည့် ​မြေ​အောက်ဗုံးခို ကျင်း တံခါးကို ရိုက်ချိုးရန် ကြိုးစား​နေကြသည်ဟု ​ပြော​ကြောင်း အစ္စ​​ရေး အင်န် ၁၂ သတင်းဌာနက ​​ဖော်ပြထားသည်။ "သူတို့ ဗုံးခိုကျင်း တံ ခါး ကို ​နောက်တ​ခေါက် ရိုက်ချိုးဖို့ လုပ်​နေကြပြန်ပြီ။ ကယ်ကြပါဦးရှင်၊ တပ်​တွေလွှတ်​ပေးပါ။ မြို့ထဲမှာလဲ ချိုး​ဖောက်အဝင်ခံရတဲ့ အိမ်​တွေ အများကြီးပဲ...... ကျမ ​ယောင်္ကျားက တံခါးကို သူတို့ဖွင့်လို့မရ​အောင် အကာအကွယ်​တွေလုပ်ထားတာ၊ ဘုရား​ရေ၊ သူတို့တံခါးကို ​သေနတ်​တွေနဲ့ ပစ်​နေကြပြန်ပြီ.." ။
 ဟာမတ်ဇ်အဖွဲ့ သည် ဖမ်းဆီးရမိထား​သော အစ္စ​ရေးစစ်သည်များနှင့် အရပ်သားများအား ဂါဇာကမ်း​မြှောင်​ဒေသရှိ စခန်းများဆီသို့ အတင်းအကြပ်​​​​ခေါ်​ဆောင်သွား​နေသည်ဟု အ တည်မပြုနိုင်သည့် သတင်းများတွင် ​ဖော်ပြထား သည်။ဟားမတ်ဇ် အဖွဲ့ ၏ ဒုတိယအကြီးအကဲ ဆာလား အယ်လ် အရူရီ က ဖမ်းဆီးထိန်းသိမ်းထားသည့် အစ္စ​ရေး တို့အနက်ရာထူးကြီးသူများလည်း ပါဝင်​နေသည်ဟု ​ပြောဆိုလိုက်သည်၊အစ္စ​ရေးတို့ကလည်း ဂါဇာ ​ဒေသအတွင်း ​လေ​ကြောင်းတိုက် ခိုက်မှုများဖြင့်တုန့်ပြန်သည်။ ထို​လေ​ကြောင်း တိုက်ခိုက်မှုများ​ကြောင့် ပါလက်စတိုင်းအရပ်သား အနည်းဆုံး ၂၅၀ ခန့် ​သေဆုံး ထိခိုက်မှုရှိ၍ ၁၆၀၀ ​ကျော် ထိခိုက်ဒဏ်ရာရခဲ့ကြရသည်ဟု ​ပါလက်စတိုင်း ကျန်းမာ​ရေးဝန်ကြီးဌာနသတင်းအရင်းအမြစ်များကို ကိုးကား၍ မီဒီယာများက ​ဖော်ပြထားကြသည်။ 
 
ရုပ်သံသတင်းများတွင် အစ္စ​ရေး​လေ​ကြောင်းတိုက်ခိုက်မှုများ​ကြောင့် ဂါဇာ​ဒေသရှိ အထပ်မြင့်အ​ဆောက်အဦး ကြီး တခု ပြိုကျပျက်စီးသွားသည်ကို ​တွေ့ကြရသည်။
.

အစ္စ​ရေးဝန်ကြီးချုပ် ​နေတာယာဟူးက အစ္စ​ရေးနိုင်ငံသည် စစ်ပွဲတပွဲကို ဆင်နွှဲ​နေရပြီ/ စစ်ဖြစ်​နေပြီဟု ထုတ်​ပြန်​ကြေညာထားသည်။ "ကျ​နော်တို့ရဲ့ရန်သူ​​တွေဟာ သူတို့မမ​မျှော်မှန်းထားတဲ့ တုန့်ပြန်တိုက်ခိုက်မှုကိုမလွှဲမ​သွေ ကြုံ​တွေ့ကြပြီး တန်ဘိုးကြီးကြီးပြန်လည်​ပေးဆပ်ကြရမှာပါ။ ကျ​နော်တို့ဟာ စစ်ပွဲတပွဲထဲကို ​ရောက်​နေကြပါပြီ။ ဒီစစ် ပွဲမှာ ကျ​နော်တို့ အနိုင်ရမယ်။" — ဟူ၍ ​နေတာယာဟူးက ဆက်လက်၍ ​ပြောကြားသွားသည်။

ဟာမတ်ဇ်အဖွဲ့၏ စစ်​ရေး​ခေါင်း​ဆောင် မိုဟာမက် ​ဒေးဖ် က အစ္စ​ရေးတို့အ​ပေါ် မြင့်မြတ်​သော စစ်ပွဲဆင်နွှဲ​နေပြီဖြစ် ပြီး တကမ္ဘာလုံးရှိ ပါလက်စတိုင်းလူမျိုးများအား ယခု စစ်ပွဲတွင် ပါဝင်ဆင်နွှဲကြရန် ​ဆော်သြသွားသည်။ "ဒီက​နေ့ ဟာ ကမ္ဘာ​ပေါ်မှာ ​နောက်ဆုံးကျန်ရှိ​နေတဲ့ နယ်ချဲ့သိမ်းပိုက်မှုကို အဆုံးသတ်ဖို့ စတင်လိုက်တဲ့​နေတ​နေ့ပါပဲ။" — ဟု ​ဒေးဖ်က ​ဆော်သြချက်တွင် ထည့်သွင်း​ပြောကြားသွားသည်။

ယခုတိုက်ခိုက်မှုများနှင့် ပတ်သက်၍ ဟားမတ်ဇ်က ထုတ်ပြန်ရာတွင် ဂျော်ဒန်မြစ်အ​နောက်ဖက်ကမ်း​ဒေသ​နှင့် ​ဂျေ ရုစလင် မြို့​တော်နေ ပါလက်စတိုင်းပြည်သူတို့အ​ပေါ် အစ္စ​ရေးတို့၏တိုးမြှင့်တိုက်ခိုက်လာ​နေမှု၊ အစ္စ​ရေးအကျဥ်း​ထောင်များအတွင်းရှိ ပါလက်စတိုင်း အကျဥ်းသားများအ​ပေါ် ပိုမိုဖိနှိပ်ဆက်ဆံလာမှုများအတွက် လက်တုန့်ပြန် တိုက်ခိုက်ရခြင်းဖြစ်သည်ဟု ​ဖော်ပြ ပါရှိသည်။
.                                     

■■ အစ္စ​ရေးတို့ အငိုက်မိသွားကြပါသ​လား

ယခု ​အောက်တိုဘာ ၇ ရက်​နေ့ တိုက်ခိုက်မှုအား ၁၉၇၃ ၊ ​အောက်တိုဘာ ယွမ်ကစ်ပါးစစ်ပွဲအတွင်း အစ္စ​ရေးတို့ အငိုက်မိခံလိုက်ရခြင်းနှင့် ခိုင်းနှိုင်း​ပြောဆို​နေကြသည်။ ၁၉၇၃ ယွမ်ကစ်ပါးစစ်ပွဲတွင် လုံခြုံ​​ရေးသတိ ​ပေါ့​လျော့ ခဲ့ ကြ​သော အစ္စ​ရေးတို့သည် အီဂျစ် နှင့် ဆီးရီးယားတို့ဦး​​ဆောင်သည့် အာရပ်တပ်ဖွဲ့ကြီးများ၏ အလစ်အငိုက်ဖမ်း တိုက်ခိုက်မှု​အောက်တွင် အကြီးအကျယ်အထိနာခဲ့ရပြီး အနုမြူလက်နက်များကိုပင် ​နောက်ဆုံးအဆင့်အဖြစ် သုံးစွဲရန် ပြင်ဆင်ခဲ့ကြရဖူးသည်။

​အောက်တိုဘာ ၇ ရက် ​နေ့ ဟားမတ်ဇ်တိုက်ခိုက်မှုများသည်လည်း ယွမ်ကစ်ပါးစစ်ပွဲမှာကဲ့သို့ အစ္စ​ရေး​ထောက်လှမ်း​ရေးနှင့် လုံခြုံ​ရေးတပ်ဖွဲ့များ အငိုက်မိသွားခဲ့ကြရသည်။ ဟားမတ်ဇ်အဖွဲ့၏ထုတ်ပြန်ချက်များအရ အစ္စ ရေးတပ် ဖွဲ့ ဝင် နှင့် အရပ်သားအများအပြားကို ဟားမတ်ဇ် တို့က ဖမ်း​ဆီးရမိသည့်အပြင် တင့်ကားများအပါအဝင် စစ်လက် နက်များ ကိုပါ ဖျက်ဆီးနိုင်ခဲ့၊ သိမ်းဆည်းရမိကြသလို အစ္စ​ရေးလူ​နေရပ်ကွက်များအတွင်းသို့ပါ ဝင်​​ရောက်တိုက် ခိုက် နိုင် ခဲ့ ကြသည်။

အစ္စ​ရေးဝန်ကြီးချုပ် ​နေတာယာဟူးက ထိပ်တန်း အစိုးရအဖွဲ့ဝင်များနှင့် အစည်းအ​ဝေးပြုလုပ်အပြီး နိုင်ငံ​တောင် ပိုင်းမှ အကြမ်းဖက်သမားများကို ရှင်းလင်း​ရေးသည် ပထမဦးစား​ပေးဖြစ်​ကြောင်း၊ ​နောက်တဆင့်အ​နေဖြင့် ဂါဇာ ကမ်း​မြှောင်​ဒေသတွင် အ​ခြေစိုက်ထား​သော အကြမ်းဖက်အဖွဲ့များကို လက်စား​ချေတိုက်ခိုက်ရမည်ဖြစ်သည်ဟု ​ပြောကြားခဲ့သည်ဟုဆိုသည်။ အစ္စ​ရေး ကာကွယ်​ရေးဝန်ကြီးဌာနကလည်း တပ်ဖွဲ့များကို တပ်လှန့်ထားလိုက်ကြပြီး အရန်တပ်ဖွဲ့ဝင်အားလုံးကို ဆင့်​​ခေါ်ထားလိုက်ပြီဖြစ်သည်။ အချို့ သတင်းများအရ အစ္စ​ရေးတို့သည် တပ်မ ၄ ခု ကို အဆင်သင့်ပြင်ဆင်​နေကြသည်ဟု သိရသည်။ Ugda ​ခေါ် အစ္စ​ရေးတပ်မ တခုလျှင် တပ်ဖွဲ့ ဝင် ၁၅,၀၀၀ မှ ၂၀,၀၀၀ အထိ ရှိပြီး တင့်ကားနှင့်သံချပ်ကာတပ်ဖွဲ့များကို အ​ခြေပြုဖွဲ့စည်းထားသည်။

အစ္စ​ရေးတို့က တဖက်တွင် စစ်ပြင်ဆင်​နေကြသလို ​နေတာယာဟူး၏ လက်ယာစွန်း အစိုးရအဖွဲ့၏ ​​ဆောင်ရွက်ချက် များအ​ပေါ် မ​ကျေမနပ်​ဝေဘန်မှုများလည်းရှိ​နေသည်။ ​နေတာယာဟူး၏ တရားစီရင်​ရေးကဏ္ဍတွင် အ​ခြေခံကစ၍ ပြောင်းလဲပြင်ဆင်မှုများပြုလုပ်ရန် အစီအစဥ်ကို နိုင်ငံသား သိန်းနှင့်ချီ၍ ကန့်ကွက်ဆန္ဒပြခဲ့ကြသည် ( အစ္စ​ရေး နိုင် ငံ၏ လူဦး​ရေမှာ ၉.၁၇ သန်း (၂၀၂၃ခုနှစ်) ဖြစ်သည်) ။ 
 
ကန့်ကွက်ဆန္ဒပြမှုများကို အ​ကြောင်းပြု၍ အရန်တပ်ဖွဲ့ဝင် ရာ​ပေါင်းများစွာတို့ တာဝန်ထမ်း​ဆောင်ရန် ပျက်ကွက် ခဲ့ကြသည်။ဤဖြစ်ရပ်သည် အစ္စ​ရေးတပ်မ​တော်၏ စစ်​ရေးအရအသင့်ဖြစ်မှုအ​ပေါ် ဆိုးကျိုးသက်​ရောက်နိုင် သည် ဟု ယူဆ​နေကြသည်။

ဝန်ကြီးချုပ်​နေတာယာဟူးသည် အကျင့်ပျက်ခြစားမှုစွဲချက်များကို ​ရှောင်လွှဲနိုင်ရန် တရားရုံးချုပ်ကိုပြန်လည်ပြုပြင် ဖွဲ့စည်းကာ အင်အားချိနဲ့သွား​စေရန် လုပ်​ဆောင်​နေသည်ဟု အစ္စ​ရေး လူမှုအသိုင်းအဝိုင်းအတွင်း စွပ်စွဲ​ဝေဘန် မှု များ အကြီးအကျယ် ဖြစ်​ပေါ်​နေသည်။ သ​ဘောထားကွဲလွဲမှုများလည်း မကြုံစဖူးဖြစ်​​ပေါ်​နေသည်ဟု ဆိုကြသည်။

ထို့အပြင် အစ္စ​ရေးနှင့် ပါလက်စတိုင်းတို့အကြား ငြိမ်းချမ်း​ရေး​ဆွေး​နွေးပွဲများ နှစ်​ပေါင်းများစွာကြာ​အောင် ရပ်တန့်​နေခဲ့ခြင်းကလည်း နှစ်ဖက်အကြား သံသယစိတ်များကို တိုးပွား​​နေ​စေခဲ့သည်ဟု ဆိုကြသည်။ ပြီးခဲ့သည့် ၂၀၂၂ ခု နှစ်တွင် ​နေတာယာဟူး၏ လက်ယာစွန်းအစိုးရက ​ဂျော်ဒန်မြစ် အ​နောက်ဖက်ကမ်း​ဒေသတွင် ဂျုးတို့အတွက် အိမ် ယာများ​ဆောက်လုပ်​ပေးရန် ပါလက်စတိုင်း​ဒေသခံတို့အား ဖယ်ရှားခဲ့သည့်အတွက် အ​​ခြေအ​နေများ တင်းမာ ခဲ့ရ သည်။ ထို့အပြင်လည်း ​ဂျေရုစလင် ရှိ အယ်လ်အက်ဆာ ပလီအား အစ္စ​ရေးရဲတပ်ဖွဲ့တို့က ယခုနှစ် ဧပြီလ အ တွင်း ဝင်​ရောက်စီးနင်းတိုက်ခိုက်စဥ် ပါလက်စတိုင်းအရပ်သား ဒါဇင်​ပေါင်းများစွာ ထိခိုက်ဒဏ်ရာရခဲ့ကြရသည်။

ယခု တိုက်ခိုက်မှုသည် အစ္စ​ရေးဝန်ကြီးချုပ် ​နေတာယာဟူး၏ နိုင်ငံ​တော်လုံခြုံ​ရေးကိစ္စရပ်များတွင်ကျွမ်းကျင်လိမ္မာ ပါးနပ်မှုအား ​မေးခွန်းထုတ်စရာဖြစ်လာ​နေသည်ဟု ဆိုသည်။ ဟားမတ်ဇ်အဖွဲ့၏ လှုပ်ရှားမှုများအ ​ပေါ် သတင်းရယူ​ထောက်လှမ်းနိုင်ခြင်းမရှိခဲ့သည့်အ​တွက် အစ္စ​ရေး​ထောက်လှမ်း​ရေး အဖွဲ့များ၏ ညှိနှိုင်း​ဆောင်ရွက်နိုင်မှုအား ​မေး ခွန်းထုတ်စရာဖြစ်​နေရသည်ဟု အစိုးရအဖွဲ့ ထိပ်တန်းအရာရှိကြီးတဦးက ​ပြောကြား​ကြောင်း ရိုက်တာသတင်း ဌာ နက ​​ရေးသားထားသည်။ အစ္စ​ရေးတို့အ​နေဖြင့် နိုင်ငံစတင်တည်​ထောင်သည်မှစ၍ ယ​နေ့ကာလအထိ နိုင်ငံနှင့် လူမျိုးကို ဖျက်ဆီးပစ်လိုသူများနှင့် ​တောက်​လျှောက်ရင်ဆိုင်ကြုံ​တွေ့လာခဲ့ရသည်ဖြစ်ပြီး စစ်ပွဲများသာမက အကြမ်း ဖက် တိုက်ခိုက်မှုမျိုးစုံနှင့်ပါ ရင်ဆိုင်လာ​နေခဲ့ရသည်ဖြစ်ရာ ​​မော့ဆက်နှင့် ရှင်းဘတ် အပါအဝင် ထောက်လှမ်း​ရေး အဖွဲ့များ၏ ဟန်ချက်ညီညီ ချိတ်ဆက်​ဆောင်ရွက်နိုင်မှုက လွန်စွာ​အ​ရေးပါ​နေသည်။

ဂါဇာအ​ခြေစိုက် ဟားမတ်ဇ် ပါလက်စတိုင်းအကြမ်းဖက်အဖွဲ့သာမက လက်ဘနွန်အ​ခြေစိုက် ဟစ်ဇ်ဘူလာ အကြမ်း ဖက်အဖွဲ့အပါအဝင် အစွန်း​​ရောက် အဖွဲ့များက အစ္စ​ရေးနိုင်ငံအား ကမ္ဘာ့​မြေပုံ​ပေါ်က​နေ ​ပျောက်ကွယ်သွား​စေရန် လုပ်​ဆောင်မည်ဟု တရားဝင် ထုတ်ပြန်​ကြေညာထားကြသည်။
.                                                                                 

■■ အစ္စ​ရေးနှင့် ပါလက်စတိုင်း၊ဟားမတ်ဇ်၊ ဟစ်ဇ်ဘူလာ — 

ပါလက်စတိုင်း​ဒေသကြီးသည် ခရစ်​တော်မ​ပေါ်မှီကာလများကပင် နှစ်​ပေါင်း​ထောင်နှင့်ချီ၍ လူမျိုးနွယ်စုမျိုးစုံ​နေ ထိုင်လာခဲ့ကြသည်။ အစ္စ​ရေးလူမျိုး ( ဂျုး/ ယဟူဒီ) တို့သည် ဘီစီ ၁၁၀၀ မှ ၁၀၀၀ ​ကြားကာလတွင် ယ​နေ့ အီရတ် နိုင်ငံတည်ရှိရာ မက်ဆိုပို​တေးမီးယား​ဒေသကြီးမှ​နေ၍ လက်ရှိ ပါလက်စတိုင်း​ဒေသ ( Canaan ​ခေးနွန်း ဟု ​ရှေး က​ခေါ်ကြသည်) ကြီးဆီသို့ ​ပြောင်း​​​​ရွှေ့ အ​ခြေစိုက်လာကြသည်။ ဂျုးတို့သည် ဘီစီ ၁၀၀၀ ခန့်တွင် ဂျုး ဘုရင့်နိုင်ငံ နှစ် ခု — ဂျုးဒါးနှင့် အစ္စ​ရေး— ကို ထူ​ထောင်နိုင်ခဲ့ကြသည်။

​ရောမ​ခေတ် ​​​အေဒီ ၁ရာစုမှ ၂ ရာစုအတွင်း ဖြစ်ပွားသည့် ​ရောမ–အစ္စ​ရေးစစ်ပွဲများအတွင်း အစ္စ​ရေးတို့အ​ရေးနိမ့် ကာ ပါလက်စတိုင်း​ဒေသမှ နှင်ထုတ်ခြင်းခံရပြီး ဥ​ရောပတိုက်​နှင့် အာဖရိကတိုက်၊ ထို့​နောက် ​မြောက်နှင့် ​တောင် အ​မေရိက တိုက်​ဒေသကြီးများတွင် ရာစုနှစ်​ပေါင်းများစွာ တကွဲတပြားစီပြန့်ကြဲ​နေထိုင်ခဲ့ကြရသည်။အာရပ်တို့ သည် ခရစ်သက္ကရာဇ် ၆၀၀ ခန့်တွင် ပါလက်စတိုင်း​ဒေသကြီးတခွင်သို့ အလုံးအရင်းနှင့်ဝင်​ရောက်လာခဲ့ကြသည်။ တမန်​တော်မိုဟာမက်၏ ဦး​ဆောင်မှုဖြင့် အစ္စလာမ်သာသနာကို ပြန့်ပွား​စေရာတွင် ပါလက်စတိုင်း​ဒေသကြီး သည် လည်း အပါအဝင်ဖြစ်သည်။ ထိုကာလမှစ၍ ပါလက်စတိုင်း​ဒေသတွင် အာရပ်တို့က လူများစုအဖြစ် ရှိလာ​နေခဲ့ကြ တာဖြစ်သည်။ 

ဒုတိယကမ္ဘာစစ်မဖြစ်မှီ တွင် ဂျုး​ခေါင်း​ဆောင်များက သမ္မာ ကျမ်းစာအတိုင်း ပါလက်စတိုင်း​ဒေသတွင် ဂျုး/ အစ္စ​ရေးနိုင်ငံတည်​ထောင်ရန် စိုင်းပြင်းလာကြသည်။ ဒုတိယကမ္ဘာစစ်ကာလအတွင်း နာဇီတို့က ဂျုးလူမျိုး ၆သန်းကျော် အား လူမျိုးတုန်းသုတ်သင်ရှင်းလင်းခဲ့​သော်လည်း စစ်ကြီးအပြီး တွင် ဗြိတိသျှ အ​စောင့်​ရှောက်ခံ ပါလက်စ တိုင်း​​ဒေသသို့ ဂျုးတို့ နည်းလမ်းအမျိုးမျိုးဖြင့် ပြန်လည်ဝင်​ရောက်လာခဲ့ကြပြီး ​ဒေသခံ ဂျုးတို့နှင့်ပူး​ပေါင်းကာ အခက် အ ခဲအမျိုးမျိုးကို​ကျော်ဖြတ်၍ ၁၉၄၈ ခုနှစ် ​မေလတွင် အစ္စ​ရေးနိုင်ငံကို တည်​ထောင်နိုင်ခဲ့ကြသည်။ 

အစ္စ​ရေးနိုင်ငံတည်​ထောင်မည်ကို ​ဒေသခံအာရပ်မျိုးနွယ်များက မ​ကျေနပ်ပဲ အစဥ်တစိုက် ဆန့်ကျင်လာခဲ့ကြရာ ၁၉၄၇ ခုနှစ်၊ ဗြိတိသျှတပ်ဖွဲ့များပြန်လည်ရုတ်သိမ်းသွားကြသည့်အခါ အာရပ်တပ်ဖွဲ့ကြီးများက အစ္စ​ရေးမြို့ပြနှင့် လူ​နေရပ်ကွက်ကြီးများအား စတင်တိုက်ခိုက်ကြသည်။ ​​ဒေသခံအာရပ် အရပ်သားများက စိုးရိမ်တကြီးဖြင့် အိမ်နီး ချင်း အာရပ်နိုင်ငံမများဆီသို့ တိမ်း​ရှောင်ကုန်ကြသည်ရှိသလို အာရပ် အမျိုးသား​ရေးအစွန်း​ရောက်များကလည်း အာရပ် အရပ်သားများအား တိုက်ပွဲများဖြစ်ပွား​နေ​သော အစ္စ​​ရေးလူ​နေရပ်ကွက်တို့နှင့် ​ဝေးရာသို့​ရွှေ့​​ပြောင်းခိုင်း ကြသည်များလည်းရှိခဲ့သည်။

၁၉၄၉ တွင် ပထပအာရပ်–အစ္စ​ရေးစစ်ပွဲကြီးပြီးဆုံးသွား​သော်လည်း အာရပ်နိုင်ငံများက အစ္စ​ရေးနိုင်ငံတည်ရှိမှုကို အသိအမှတ်မပြုကြသဖြင့် ပါလက်စတိုင်းအာရပ်တို့သည်လည်း​နေရပ်မပြန်နိုင်ကြ​တော့ပဲရှိရသည်။ ထိုအချိန်က စကာ ပါလက်စတိုင်းပြသနာ ​ပေါ်​ပေါက်လာရခြင်းဖြစ်သည်။ 

၁၉၄၈ မှ ၁၉၇၈-၇၉ ခုနှစ်များအထိ အာရပ်နိုင်ငံတို့က အစ္စ​ရေးနိုင်ငံအား ကမ္ဘာ့မြေပုံ​ပေါ်မှဖယ်ရှားပစ်ရန်သာအား သန်နေခဲ့ကြသဖြင့် ပါလက်စတိုင်းပြသနာကို ​ဖြေရှင်းရန် အရာမ​ရောက်။ ထိုကာလများတွင် ပါလက်စတိုင်း လွတ်​မြောက်​ရေးတပ်ဦး ( ပီအယ်လ်အို) ​ပေါ်​ပေါက်လာခဲ့ပြီးအီဂျစ်နိုင်ငံဂါဇာကမ်း​မြှောင်​ဒေသ၊ ဆီးရီးယား၊ ဂျော်ဒန်နှင့် လက်ဘနွန်နိုင်ငံများတွင်အ​ခြေစိုက်ကာ အစ္စ​ရေးတို့အား လက်နက်စွဲကိုင်တိုက်ခိုက်လာကြသဖြင့် အ​ခြေအ​နေများ ပိုမိုတင်းမာရှုပ်​ထွေးလာခဲ့ရသည်။ ​နောက်ဆုံး၁၉၈၂ ခုနှစ်တွင် အစ္စ​ရေးတို့က လက်ဘနွန်နိုင်ငံအတွင်း ဝင်​ရောက် ကာ ပါလက်စတိုင်းတပ်ဖွဲ့များအား တိုက်ထုတ် ဖယ်ရှားကြသဖြင့် ပါလက်စတိုင်းတပ်ဦး အထိနာခဲ့ရသည်။ ပါလက် စတိုင်း​တပ်ဦး ခေါင်း​ဆောင် ယာဆာအာရာဖတ်အပါအဝင် ထိပ်တန်း ပါလက်စတိုင်းအရာရှိကြီးများ တို့သည် အာ ဖရိက အ​နောက်​မြောက်ဖက်အစွန်ရှိ တူနီးရှားနိုင်ငံအထိ ​ပြောင်း​ရွှေ့ခိုလှုံခဲ့ကြရသည်။

၁၉၉၁ ခုနှစ်တွင် စစ်​အေးတိုက်ပွဲကြီးပြီးဆုံးသွားသည်အခါ အ​မေရိကန်တို့ဦး​ဆောင်၍ ပါလက်စတိုင်းပြသနာကို ​ဖြေရှင်းရန်ကြိုးစားလာခဲ့သည်။ စစ်​အေး​ခေတ်​နှောင်းပိုင်းကာလ ၁၉၇၈/ ၇၉ ခုနှစ်မှစကာ အာရပ်နိုင်ငံများသည် လည်း အစ္စ​ရေးတို့အ​ပေါ်'သ​ဘောထား​ပျော့​ပြောင်းလာကြပြီး အီဂျစ်နိုင်ငံသည် အစ္စ​ရေးနှင့် ငြိမ်းချမ်း​ရေးရယူခဲ့ သည်။

အာရပ်တို့အစ္စ​​ရေးအ​ပေါ်သ​ဘောထား​ပျော့​ပျောင်းလာသည်ကို မနှစ်မြို့ကြ​သော ပါလက်စတိုင်းတို့က ပီအယ်လ် အို မှခွဲထွက်ကာ စင်ပြိုင်လက်နက်ကိုင်အဖွဲ့များ ထူ​ထောင်ကြရာ ဟစ်ဇ်ဘူလာ အဖွဲ့ ( ၁၉၈၂ခုနှစ်) နှင့် ဟားမတ်ဇ် အဖွဲ့ (၁၉၈၇ ခုနှစ်) တို့သည် အင်အားအကြီးမားဆုံးဖြစ်လာကြသည်။ လက်ဘနွန်အ​ခြေစိုက် ဟစ်ဇ်ဘူလာ အဖွဲ့ အား ရှီးယား အစ္စလာမ်ဘာသာ​ရေးဂိုဏ်းကိုသက်ဝင်ယုံကြည်ကြသူများက ဦး​ဆောင်ပြီး တပ်ဖွဲ့ဝင် ၄၅,၀၀၀ အထိ ရှိနိုင်သည်ဟု အစ္စ​ရေး​ထောက်လှမ်း​ရေးအဖွဲ့များက ခန့်မှန်းထားကြသည်။ဟစ်ဇ်ဘူလာတို့အား အဓိက ​ထောက်ပံ့ သူမှာ အီရန်နိုင်ငံဖြစ်ပြီး နှစ်စဥ် အသုံးစရိတ်သည် အ​မေရိကန်​ဒေါ်လာ သန်း ၇၀၀ ပတ်ဝန်း ကျင်တွင်ရှိ​နေသည်။
ဂါဇာကမ်း​မြှောင်​ဒေသ အ​ခြေစိုက် ဟားမတ်ဇ်အဖွဲ့အား ဆွန်နီ အစ္စလာမ်ဂိုဏ်းခွဲကို သက်ဝင်ယုံကြည်သူများက တည်​ထောင် ထားခဲ့ကြပြီး လက်နက်ကိုင်တပ်ဖွဲ့ဝင် ၃၀,၀၀၀ ​ကျော်အထိ ရှိသည်ဟု အစ္စ​ရေးတို့က ခန့်မှန်းထား သည်။ ထို့အပြင် ဟားမတ်ဇ်တို့တွင် ဒုံးကျည်အမျိုးမျိုး ၇၀၀၀ ​ကျော်၊ ​လေယာဥ်ပစ်ဒုံးကျည် ၁၀၀​ကျော်၊ တင့်ကား ဖျက်ဒုံးကျည် ၃၀၀ ​ကျော် မျှရှိနိုင်သည်ဟူ၍ လည်း အစ္စ​ရေးတို့က ခန့်မှန်းထားကြသည်။

ဟားမတ်ဇ်နှင့် ဟစ်ဇ်ဘူလာအဖွဲ့များသည် အစ္စ​ရေးနိုင်ငံတည်ရှိမှုကို လက်မခံကြပဲ အစ္စ​ရေးတို့အား ပါလက်စတိုင်း​ဒေသကြီးမှနည်းလမ်းမျိုးစုံဖြင့် တိုက်ထုတ်ပစ်ရမည်ဟူသည့် တင်းမာ​သော အစွန်း​ရောက် သ​ဘောထားကို ကိုင်စွဲ ထားကြဆဲဖြစ်သည်။

တဖက်တွင်လည်း ပီအယ်လ်အိုတပ်ဦးသည် ၁၉၉၃ ခုနှစ်တွင် အစ္စ​ရေးတို့နှင့် ငြိမ်းချမ်း​ရေးစာချုပ် ချုပ်ဆိုနိုင် ခဲ့ကြ သည်။ ပါလက်စတိုင်း နိုင်ငံထူ​ထောင်​ရေးအတွက် ​ခြေလှမ်းတရပ်ဖြစ်​သော ပါလက်စတိုင်းအစိုးရအဖွဲ့ တရပ်ကို ဖွဲ့စည်းနိုင်ခဲ့သည်။ ဤ အစိုးရအဖွဲ့သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရထားသည့် ဂါဇာ ကမ်း​မြှောင်​ဒေသ ( ဧရိယာ ၁၄၁ စတုရန်းမိုင်/ လူဦး​ရေ ၂.၂ သန်း​ကျော် (၂၀၂၃) ) တွင် အ​ခြေစိုက်ပြီး အစိုးရတရပ်၏အင်္ဂါနှင့် ပြည့်စုံ​စေသည့် ဝန် ကြီးဌာနများဖွင့်လှစ်​ဆောင်ရွက်​နေသည်။
.                                                                                   

နိုင်ငံတကာ ၏တုန့်ပြန်မှုများ
 
နိုင်ငံတကာက ဟားမတ်ဇ် အဖွဲ့၏ ယခုတိုက်ခိုက်မှုများအ​ပေါ် အမျိုးမျိုးတုန့်ပြန်​နေကြသည်။အစ္စ​ရေး၏ မဟာမိတ် ကြီးဖြစ်သည့် အ​မေရိကန်ပြည်ထောင်စုက ယခု တိုက်ခိုက်မှုများအား ချွင်းချက်မရှိ ရှုတ်ချ​ကြောင်း ၊ အစ္စ​ရေး နိုင်ငံ က လိုအပ်သည့်အကူအညီများကို ​ပေးအပ်သွားရန် အဆင်သင့် ရှိ​နေ​ကြောင်း ထုတ်ပြန်​ကြေညာသည်။

ပြင်သစ်၊ဂျာမဏီ၊ ဗြိတိန် အပါအဝင် ဥ​ရောပ နိုင်ငံအများအပြားက အစ္စ​ရေးတို့ဖက်မှရပ်တည်​ကြောင်း အသီးသီး ထုတ်ပြန်​ကြေညာထားကြသည်။ ဥ​ရောပသမဂ္ဂ ( အီးယူ) ကလည်း ယခုတိုက်ခိုက်မှုသည် ချွင်းချက်မရှိ စက်ဆုတ် ရွံရှာဖွယ်​ကောင်းသည့် အကြမ်းဖက်လုပ်ရပ်ဖြစ်သည်ဟု ထုတ်​ပြန်ထားသည်။

​​ဆော်ဒီအာ​​ရေဗျ၊ အီဂျစ်၊ ကာတာ၊ အာရပ်​စော်ဘွားများပြည်​ထောင်စု (ယူ​အေအီး) စသည့် အာရပ်နိုင်ငံများကယခု တိုက်ခိုက်မှုများအား အမြန်ဆုံးရပ်တန့်ရန်၊ အားလုံးက ထိန်းထိန်းသိမ်းသိမ်း ​ဆောင်ရွက်ကြရန် တိုက်တွန်း​ဆော် သြ ထားကြသည်။

ရုရှားဖက်ဒ​ရေးရှင်းကလည်း ယခု ဖြစ်ရပ်တွင် ပါဝင်သူအားလုံးတို့နှင့် အဆက်အသွယ်ပြုလုပ်ကာ အ​ခြေအ နေ များ ပိုမို ဆိုးရွားမလာ​အောင် ထိန်းထိန်းသိမ်းသိမ်း​ဆောင်ရွက်ကြဖို့ တိုက်တွန်း​နေပါသည်ဟူ၍ ထုတ်ပြန်ထား သည်။

ယူကရိန်းနိုင်ငံက အစ္စ​ရေးနိုင်ငံအ​ပေါ် အကြမ်းဖက်တိုက်ခိုက်မှုများကို ရှုတ်ချလိုက်ပြီး အစ္စ​ရေးတို့၏ မိမိကိုယ်မိမိ ခုခံကာကွယ်ပိုင်ခွင့်ကို ​အပြည့်အဝ ထောက်ခံသည်ဟူ၍ ထုတ်ပြန်​ကြေညာထားသည်။

အာရှအလယ်ပိုင်းနှင့် အ​​ရှေ့အလယ်ပိုင်း​ဒေသတွင် အင်အားကြီးနိုင်ငံတခုဖြစ်လာ​နေသည့် တူရကီနိုင်ငံကနှစ်ဖက် စလုံးအား ထိန်းထိန်းသိမ်းသိမ်း​ဆောင်ရွက်ကြရန် တိုက်တွန်း​ပြောကြားလိုက်သည်။ ​အ​နောက်အုပ်စု၏ မြောက် အတ္တလန်တိတ် မဟာမိတ်စာချုပ် အဖွဲ့ ( ​နေတိုး) ဝင်ဖြစ်သည့် တူရကီနိုင်ငံသည် အစ္စ​ရေးတို့နှင့် ရင်းနှီးသည့် ဆက် ဆံ​ရေး ရှိ​နေသည်။

ဟားမတ်ဇ်အဖွဲ့အား အဓိက ကူညီပံ့ပိုး​နေသည့် အီရန်နိုင်ငံကမူ ယခု တိုက်ခိုက်မှုများအတွက် ဟားမတ်ဇ်အဖွဲ့အား ချီးကျုးပါသည်ဟု ထုတ်ပြန်​ကြေညာသည်။

အီရန်တို့ ​ထောက်ခံအား​ပေး​နေသည့် လက်ဘနွန်နိုင်ငံအ​ခြေစိုက် ဟစ်ဇ်ဘူလာ အကြမ်းဖက်အဖွဲ့ကလည်း ယခု တိုက်ခိုက်မှုများအား ​ထောက်ခံ​ကြောင်း ထုတ်ပြန်​ကြေညာလိုက်သည်။ ယခု တိုက်ခိုက်မှုများသည် အစ္စ​ရေးနှင့် ပုံ မှန် ပြန်လည်ဆက် ဆံ​ရေး ထူထောင်လိုသူများအ​နေဖြင့် သတိထား​ကြရန် သတင်းစကား နှိုး​ဆော်ချက်ဖြစ်သည် ဟူ၍ ထုတ်ပြန်​ကြေညာထားသည်။
.            

■■ ​ဒေသတွင်း ရိုက်ခတ်လာနိုင်သည့် ဂယက်များ
 
ယခု တိုက်ခိုက်မှုများ​​ကြောင့် အ​ရှေ့အလယ်ပိုင်း​ဒေသကြီးတခုလုံးအ​ပေါ် မည်သည့်အကျိုးသက်​ရောက်မှုများ ရှိ လာနိုင်ပါသနည်း။

ပထမဦးစွာ ​ပြောရလျှင် အစ္စ​ရေးတို့၏ လက်တုန့်ပြန်မှုအတိုင်းအတာအ​ပေါ်မူတည်ပြီး အာရပ်ကမ္ဘာနှင့် နိုင်ငံ တ ကာ ၏တုန့်ပြန်မှုများက လိုက်ပါလာမည်ဖြစ်သည်။

အစ္စ​ရေးတပ်ဖွဲ့များ ဂါဇာကမ်း​မြှောင်​ဒေသသို့ဝင်​ရောက်၍ ဟားမတ်ဇ်အဖွဲ့အား ဖမ်းဆီးရန်/ ​ချေမှုန်းရန်ကြိုးစား ပါ က အ​ခြေအ​နေများ အလွန်ရှုပ်​ထွေးတင်းမာသွားပြီး လက်ရှိတွင် အစ္စရေးတို့ဖက်မှ ရပ်တည်​နေကြသည့်အနောက် အုပ်စုနိုင်ငံများအကြား သ​​​ဘောထား​ပြောင်းလဲမှုများ ဖြစ်​ပေါ်လာနိုင်သည်။

ဟားမတ်ဇ်တို့အဖို့ ယခုစစ်ပွဲသည် အဖက်ဖက်မှ အရှုံးကိုသာ ဖြစ်​ပေါ်​​​စေမည်ဖြစ်သည်။ စစ်​ရေးအရ ဟားမတ်ဇ် အ ပါအဝင် ပါလက်စတိုင်းအဖွဲ့များသည် အစ္စ​ရေးတို့အား ယှဥ်ပြိုင်နိုင်စွမ်းမရှိ​ပေ။ နိုင်ငံတကာ ဆက်ဆံ​ရေးတွင် လည်း လက်ယာစွန်း အစ္စ​ရေးပါတီများ၏ အငြင်းပွား​နေ​သော ပါလက်စတိုင်းနယ်​မြေများဂျုးလူ​နေရပ်ကွက်များအ တင်း အဓမ္မ ဆောက် လုပ်​နေသည့်အတွက် ပါလက်စတိုင်းတို့အ​ပေါ် နိုင်ငံတကာက ဂရုဏာသက်​နေမှုများသည် အစ္စ​ရေးအရပ်သားများ ထိခိုက်​သေကြေပျက်စီးမှုများ​ကြောင့် ဘဲစားဘဲ​​ချေ ဖြစ်သွားမည်ဖြစ်သည်။ 

ဟားမတ်ဇ် အပါအဝင် ပါလက်စတိုင်းအဖွဲ့တို့သည် အ​မေရိကန်၏ကမကထပြုမှုဖြင့် အာရပ် – အစ္စ​ရေး ငြိမ်းချမ်း​ရေးစာချုပ်ချုပ်ဆိုကြ​တော့မည်ကို စိုးရိမ်​နေကြသည်ဟုဆိုသည်။ အ​ကြောင်းမှာ ပါလက်စတိုင်းပြသနာကို မဖြရှင်း​ ပေး​တော့ပဲ ​ချောင်ထိုးထားလိုက်​တော့မည်ကို စိုးရိမ်​နေကြ၍ဖြစ်သည်။

သို့ရာတွင် အာရပ် – အစ္စ​​ရေး ငြိမ်းချမ်း​ရေးသ​ဘောတူစာ ချုပ်ကို စိုးရွံ့​နေသူမှာ ပါလက်စတိုင်းတို့ချည်းသာမဟုတ်​ပေ။
.

အီရန်နိုင်ငံ၏ အခန်းကဏ္ဍ
 
ပါးရှားဟု ​ရှေးက နံမည်​ကျော်ခဲ့သည့် အီရန်နိုင်ငံသည် ယ​နေ့အခါဝယ် သ​ဘောထားတင်းမာသည့် ရှီးယား ဘာသာ​ရေး​ခေါင်း​ဆောင်များက အဓိက လွှမ်းမိုးအုပ်ချုပ်​နေသည့် နိုင်ငံဖြစ်​နေသည်။ အီရန်နိုင်ငံသည် အစ္စ​ရေးနိုင်ငံတည် ရှိမှုကိုလက်မခံပဲ ရှိ​နေသည်။ ထို့အပြင် အ​မေရိကန်အပါအဝင် အ​နောက်အုပ်စုနိုင်ငံများနှင့်လည်း ဆက်ဆံ​ရေးအ ဆင်မ​ပြေ။ အနုမြူ လက်နက်ထုတ်လုပ်ရန် ကြိုးစား​နေသည်ဟူ​သော သံသယ​ကြောင့် အ​နောက်နိုင်ငံများ၏စီးပွား​ ရေးပိတ်ဆို့ထားခြင်းကိုကြုံ​တွေ့​နေရပြီး နိုင်ငံတကာဆက်ဆံ​ရေးတွင်လည်း ကျဥ်ထားခြင်းကို ခံ​နေရသည်။

တဖက်တွင်လည်း အ​ရှေ့အလယ်ပိုင်း​ဒေသရှိ အစ္စ​ရေးတို့အား ဆန့်ကျင် တိုက်ခိုက်​နေ​သော အကြမ်းဖက်စစ်​သွေး ကြွအဖွဲ့အစည်းများကို အီရန်နိုင်ငံက ​အား​ပေး​ထောက်ခံ​နေသည်ဟု အစ္စ​ရေးနှင့်အ​နောက်အုပ်စုတို့က စွပ်စွဲထား ကြသည်။

အီရန်နိုင်ငံသည် မကြာ​သေးမှီကမှ အ​မေရိကန်တို့နှင့် ပါးရှန်းပင်လယ်​ကွေ့​ဒေသ​ရေပြင်တွင် ထိပ်တိုက်​တွေ့ခဲ့ကြရ​သေးသည်။ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လအတွင်းတွင် ပင်လယ်​ကွေ့နိုင်ငံတကာရေပိုင်နက်အတွင်း ခုတ်​မောင်း​နေ​သော ​ရေနံတင် သင်္ဘောမျညးအား အီရန် ​တော်လှန်​ရေးအ​စောင့်တပ်ဖွဲ့၏​ စစ်ရေယာဥ်များက ဖမ်းဆီးရန် ကြိုးစားခဲ့ကြ သဖြင့် အ​မေရိကန်တို့က အက်ဖ် ၃၅ တိုက်​လေယာဥ်များအပါအဝင် ​လေတပ်ဖွဲ့နှင့် ​​ရေတပ်ဖွဲ့များကို ပင်လယ် ​ကွေ့ ​ဒေသရှိ စစ်စခန်းများဆီသို့ ​စေလွှတ်ခဲ့ကြရသည်။

အီရန်နိုင်ငံ၏ မဟာမိတ်သည် တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့ဖြစ်ကြသည်။ တရုတ်နိုင်ငံသည်အီရန်နိုင်ငံထံမှလောင် စာစွမ်းအင်များကို အများအပြားဝယ်ယူ​နေသည်။ ယူကရိန်းအ​ပေါ် စစ်ဆင်နွှဲမှု​ကြောင့် ကိုယ့်ရှူးကိုယ်ပတ်​နေသည့် ရုရှားနိုင်ငံသည်လည်း အီရန်နိုင်ငံထံမှ ​မောင်းသူမဲ့ ​လေယာဥ်များအပါအဝင် စစ်လက်နက်ပစ္စည်းများ အ​မြောက် အများဝယ်ယူ​နေကြရသည်။ အီရန်နိုင်ငံသည်လည်းရုရှားတို့ထံမှ အက်စ်ယူ ၃၅ တိုက်​လေယာဥ်များအပါအဝင် ​ခေတ်မှီ စစ်လက်နက် ပစ္စည်းများကို ဝယ်ယူ​​နေကြသည်။ 

မကြာ​သေးမှီလပိုင်းများက တရုတ်နိုင်ငံသည် အီရန်နှင့် ​ဆော်ဒီအာ​ရေဗျတို့အကြား ဆက်ဆံ​ရေး ပြန်လည်တိုး တက်​ ကောင်းမွန်လာ​အောင် ကမကထ ပြု​ပေးခဲ့သည်။ အီရန်နှင့် အာရပ်နိုင်ငံများအကြား ဆက်ဆံ​ရေး​ကောင်း မွန်လာ​စေခြင်းဖြင့် တရုတ်နိုင်ငံသည် ​ဒေသတွင်းတွင် သြဇာတိက္ကမ ကြီးထွားလာမည်ဟု ​မျှော်မှန်း​နေပြီး ကုန်သွယ်​ရေးလမ်း​ကြောင်းကြီးများ တိုးချဲ့သွားနိုင်ရန် စီစဥ်​နေသည်။ 

တဖက်တွင်လည်း တရုတ်တို့သည် အ​မေရိကန်နှင့် အ​နောက်အုပ်စုတို့က စီမံကိန်းချမှတ်​​ဆောင်ရွက်​နေသည့် အိန္ဒိယ– အ​ရှေ့အလယ်ပိုင်း– ဥ​ရောပ စီးပွား​ရေးစင်္ကြန်လမ်းမကြီး အ​ပေါ် စိုးရိမ်မကင်းဖြစ်​နေသည်။ စီမံကိန်းအရ အစ္စ​ရေး ဆိပ်ကမ်းများမှတဆင့် ဥ​​ရောပတိုက်​တောင်ပိုင်း ဆီသို့ ကုန်ပစ္စည်းများ ချိတ်ဆက် ပို့​ဆောင်သွားနိုင်မည် ဖြစ်သည်။ ထို့အပြင် အာရပ်နှင့် အစ္စ​ရေးအကြား စီးပွား​ရေးအရ အကျိုးတူ ​​ဆောင်ရွက်မှုများ ဖွံ့ဖြိုးလာပြီး ပိုမို​ကောင်းမွန်သည့် ​ဒေသတွင်း ငြိမ်းချမ်း​ရေး ၊ တည်ငြိမ်​ရေးကို ရရှိနိုင်မည်ဖြစ်သည်။သို့ရာတွင် ဤစီမံကိန်းကြီးသာ ထမြောက် ​အောင်မြင်ပါက အ​ရှေ့အလယ်ပိုင်းတွင် တရုတ်တို့၏ သြဇာအာဏာ ကျဆင်းသွားမည်ဟု စိုးရိမ်မကင်း လည်းရှိ​နေကြသည်။ 

ဟားမတ်ဇ်အဖွဲ့၏ အစ္စ​ရေးတို့အ​ပေါ် တိုက်ခိုက်မှုများ​ကြောင့် အထက်ပါ စီးပွား​ရေးစင်္ကြန်လမ်းမကြီးစီမံကိန်းနှောင့်​ နှေးသွားပါက အမြတ်ထွက်မည့်သူများမှာ အီရန်၊ တရုတ်နှင့် ရုရှားနိုင်ငံများဖြစ်သည်။
.


ဂါဇာကမ်း​မြှောင်​ဒေသကြီးရှိ ပါလက်စတိုင်းပြည်သူတို့ကမူ ပဋိပက္ခ ရက်ကြာရှည်မည့်အ​ရေးကို ​ချင့်​တွေးပြီးစားနပ် ရိက္ခာများ အလုအယက် ဝယ်ယူစု​ဆောင်း​နေကြသည်။

"ကျမ​တော့ ​ကြောက်တယ်ရှင့်" — ဟူ၍ ပါလက်စတိုင်းအမျိုးသမီး ​အေမဲလ် အဘူ ဒက္ကာ က ​ပြော​ပြကြောင်း ရိုက် တာသတင်းဌာနကြီးက ​ရေးသား​ဖော်ပြထားသည်။ အဘူ ဒက္ကာ​နေထိုင်သည့် ဂါဇာကမ်း​မြှောင်​ဒေသရှိ ခမ်ယွန်းနစ္စ မြို့သည် အစ္စ​ရေးနယ်စပ်နှင့် ကပ်လျှက်တွင် တည်ရှိပြီး နှစ်ဖက် ပစ်ခတ်တိုက်ခိုက်သံများကို အတိုင်းသားကြား​နေ ရသည်ဟု ဆိုသည်။

၂၀၂၁ ခုနှစ် ​မေလအတွင်းကလည်း အစ္စ​ရေးနှင့် ဟာမတ်ဇ်အဖွဲ့အကြား ၂၁ ရက်ကြာ တိုက်ပွဲများဖြစ်ပွားခဲ့​သေးရာ အစ္စ​ရေးတို့ဖက်မှ နိုင်ငံသား ၆ဦး နှင့် စစ်သည် ၁ ဦး ​သေဆုံးခဲ့ရပြီး အရပ်ဖက်နှင့် စစ်ဖက် ထိခိုက်ဒဏ်ရာရသူ ၁၂၂ ဦး ရှိခဲ့ကာ ပါလက်စတိုင်းတို့ဖက်တွင် စစ်​သွေးကြွ လက်နက်ကိုင် ၁၀၀ ခန့်နှင့် အရပ်သား ၃၀၀ နီးပါး​သေ ကြေ ပျက်စီးပြီး ၃၀၀၀ ​ကျော် ထိခိုက်ဒဏ်ရာရခဲ့ကြရသည်။
.

☆☆☆ သုံးသပ်ချက် —
 
အရင်းစစ်​တော့အမြစ်​မြေက ဆိုသလိုပင် ပါလက်စတိုင်းပြသနာသည် အာရပ်အမျိုးသား​​ရေးဝါဒီများ၏ တဖက် စွန်း​ရောက်​အောင် ​သွေးထိုးလှုံ့​ဆော်ခဲ့မှုများ​ကြောင့် မဖြစ်သင့်ပဲ​ပေါ်​ပေါက်တည်ရှိလာရသည်ဖြစ်ရာ ထစ်ကနဲရှိ တိုင်း အစ္စ​ရေးတို့အ​ပေါ် ချည်း အပြစ်တင်​နေ၍မရပါ။ 

ပါလက်စတိုင်းတို့အ​နေနှင့် လည်း အစ္စ​ရေးနိုင်ငံ​ပေါ်​ပေါက်လာသည့်အချိန်ကစပြီး ​သွေးချင်းညီအကို ဆိုသူများ၏ တဖက်သတ်​သွေးထိုးစကားများကို ယုံစားကာ ငြိမ်းချမ်းစွာယှဥ်တွဲ​နေထိုင်ကြ​ရေးအစား အပြုတ်တိုက်​ရေး၊ဂျုးနိုင်ငံ ပျက်သုဥ်း​ရေးကိုသာ ဦးတည်​နေခဲ့ ကြသဖြင့် အလုပ်မဖြစ်ခဲ့၊ အချိန် ဖြုန်းတီးရာသာ​ရောက်ခဲ့သည်။ ယခုအခါ အာရပ်နိုင်ငံများက ​ပြောင်းလဲလာသည့် ​ခေတ်စနစ်အရ အစ္စ​ရေးနှင့် ငြိမ်းချမ်း​ရေးယူကာ ​ဒေသ ဖွံ့ဖြိုးတိုးတက်​​ရေး ​ဆောင်ရွက်ကြမည်ကို ပါလက်စတိုင်းတို့က မနှစ်မြို့။ 

အ​မေရိကန်တို့ ကမကထပြုသည့် အစ္စ​ရေး–အာရပ် ငြိမ်းချမ်း​ရေးအစီအစဥ်ကို ပျက်စီး​စေလိုသူများတွင် ပါလက်စ တိုင်းတို့သာမက အီရန်တို့လည်းပါဝင်နေကြသည်။ အီရန်နိုင်ငံသည် ​ဒေသတွင်းရှိ အစွန်း​ရောက် အဖွဲ့များကို အား​ပေး​ထောက်ခံကာ သြဇာအာဏာကို တည်​ဆောက်​နေသည်ဖြစ်ရာ အာရပ် - အစ္စ​ရေး ငြိမ်းချမ်း​ရေး​ကြောင့် ၎င်း၏ သြဇာအာဏာ ကျဆင်းမည်ကို သ​ဘောမတူ။ ထို့အပြင် အီရန်တို့သည် အာရပ်တို့နှင့် သင့်မြတ်ခြင်းလည်းမရှိလှ။

အ​နောက်အုပ်စုနှင့်မသင့်မြတ်​သော အီရန်နိုင်ငံ၏ အဓိက မဟာမိတ်မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံဖြစ်သည်။ တရုတ်တို့သည် ပါးရှင်းပင်လယ်​ကွေ့အပါအဝင် အ​ရှေ့အလယ်ပိုင်း​ဒေသကြီးတွင် သြဇာအာဏာချဲ့ထွင်​နေသည် ဖြစ်ရာ ပြိုင်ဖက် အ​မေရိကန်တို့ အသာစီးရသွားမည်ကို လိုလားခြင်းမရှိ။ ထို့အပြင် အ​မေရိကန်တို့​ဖော်​ဆောင်မည့် အိန္ဒိယ+အ​ရှေ့အလယ်ပိုင်း+ဥ​ရောပ စီးပွား​ရေးစင်္ကြန် လမ်းမကြီး စီမံကိန်း​အောင် မြင်ပါက ၎င်းတို့​နေရာမရမည် ကို တရုတ်တို့ကစိုးရိမ်​နေကြတာဖြစ်သည်။ အဆိုပါ စီးပွား​ရေးစင်္ကြန်လမ်းမကြီးသည် အစ္စ​ရေးနိုင်ငံကိုဖြတ်၍ အ​ရှေ့အလယ်ပိုင်းနှင့် ဥ​ရောပကို ဆက်သွယ်ချိတ်ဆက်ထားရာ ယခု လို ​ဒေသတွင်း မငြိမ်သက်မှုများဖြစ်ပွား​နေပါက စီမံကိန်းကြီးအား အ​ကောင်အထည်​ဖော်ရန် ကြန့်ကြာသွားမည်ဖြစ်သည်။သည်အခါ အမြတ်ထွက်မည့်သူများက မည်သူဖြစ်ပါသနည်း။
.

နောက်ဆက်တွဲ သတင်းဖြည့်စွက်ချက်
 
++ ပါလက်စတိုင်းအရပ်သားအများအပြားတို့သည် ဂါဇာ​ဒေသအား စွန့်ခွာသွား​နေကြသည်ဟု မီဒီယာများက ​ဖော် ပြ​နေကြသည်။ အစ္စ​ရေးဝန်ကြီးချုပ် ​နေတာယာဟူးက ဂါဇာ​ဒေသခံများအား အခြား​နေရာများသို့ ​ရှောင်တိမ်း​နေ ကြရန်၊ အဘယ်​ကြောင့်ဆို​သော် အစ္စ​ရေးတို့က ဂါဇာအား ​မြေလှန်ပြီးအကြမ်း ဖက်သမားများအား အမှုန့်​ချေပစ် မည်ဟု ​အောက်တိုဘာ ၇ ရက်​နေ့ည​နေပိုင်းတွင် သတိ​ပေး​ပြောကြားထားသည်။

++ အစ္စ​ရေးစစ်ဖက်သတင်းရင်းမြစ်များအရ ဟားမတ်ဇ် စစ်​သွေးကြွ လက်နက်ကိုင် ၁၀၀၀ ​ကျော်မျှ အစ္စ​ရေးနိုင်ငံ အတွင်းသို့ ​အောက်တိုဘာ ၇ ရက်​နေ့ နံက်ပိုင်းတွင် စိမ့်ဝင်လာနိုင်ခဲ့ကြသည်ဟု ဆိုသည်။

++ ​အောက်တိုဘာ ၇ရက်​နေ့ ​နံက်ပိုင်းမှာပင် အစ္စ​ရေးတို့ကဘဂါဇာ​ဒေသအား လျှပ်စစ်ဓါတ်အားဖြတ်​တောက်ထား လိုက်သဖြင့် ​ဒေသခံများ အခက်ကြုံ​​နေကြရသည်ဟု ဆိုသည်။ လျှပ်စစ်ဓါတ်အားအပြင် ​လောင်စာအပါအဝင် အ ခြား​ အ​ခြေခံကုန်ပစ္စည်းများကိုပါ တင်သွင်းခွင့်မ​ပေး​တော့ဟု သိရသည်။ဝန်ကြီးချုပ်​နေတာယာဟူးအမိန့်ဖြင့် ဂါဇာ​ဒေသအား ဝိုင်းရံပိတ်ဆို့ထားသည်ဟုလည်း မီဒီယာများက ​ဖော်ပြကြသည်။

++ အစ္စ​​ရေးတို့ လုံးဝအငိုက်မိသွားခဲ့ပါသည်ဟု နံမည်​ကျော် ​မော့ဆက် ​ထောက်လှမ်း​ရေးအဖွဲ့ကြီး၏အကြီးအကဲ အီဖရိမ် ဟာ​လေဗီက စီအင်န်အင်န် ရုပ်သံသတင်းကို ​ပြောကြား​ကြောင်း အ​မေရိကန်အသံ ( ဗွီအို​အေ) သတင်း ဌာနက ​ဖော်ပြထားသည်။ ဟားမတ်ဇ် အဖွဲ့၏ လှုပ်ရှားမှု တစုံတရာကိုမျှ အစ္စ​ရေးတို့က ​ထောက်လှမ်းသိရှိခြင်း မရှိ ခဲ့ပါ ဟု ​မော့ဆက်အကြီးအကဲ​ဟောင်းက ​ပြောသည်။ ယခု တကြိမ်တိုက်ခိုက်မှုအတွင်း ပါလက်စတိုင်းလက်  နက် ကိုင်တို့အ​နေဖြင့် အစ္စ​ရေးနယ်​မြေအတွင်း အနက်ရှိုင်းဆုံးထိုး​ဖောက်ဝင်​​ရောက် နိုင်ခဲ့ကြခြင်းဖြစ်သည်ဟူ၍လည်း ၎င်းက ဆက်လက်​​ပြောကြား သည်။ "ဟားမတ်ဇ်အဖွဲ့က ၂၄ နာရီအတွင်း ဒုံးပျံ ၃၀၀၀ ​ကျော် နဲ့ ပစ်ခတ်တိုက်ခိုက် နိုင်တယ်ဆိုတာ ကျ​နော်တို့ အရင်ကတခါဖူးမျှ မ​တွေးမိခဲ့ကြပါဘူးဗျာ။ သူတို့ဆီမှာ ဒုံးကျည်​တွေ အဲဒီ​လောက် ရှိ​နေ မယ်လို့လဲမထင်ခဲ့မိကြဘူး။ ပြီး​တော့ ဒီ​လောက်အထိ ပစ်မှတ်ကို ထိ​မှန်​အောင် တိုက်ခိုက်နိုင်မယ်လို့လဲ မထင်ခဲ့ ကြ ဘူး။ စစ်ဆင်​ရေးတခုအ​နေနဲ့ကြည့်ရင် သူတို့လုပ်ရပ်ကအောင်မြင်တယ်လို့ ဆိုရမယ်ဗျ။" 

++ အိန္ဒိယ ဝန်ကြီးချုပ် နာဟင်ဒရာ မိုဒီက အိန္ဒိယသည် အစ္စ​ရေးဖက်မှ အခိုင်အမာရပ်တည်​ကြောင်း တွစ်တာ ( အိပ်စ်)က်ဆိုရှယ်မီဒီယာတွင် ​​ရေးသားထားသည်။ ယခုတိုက်ခိုက်မှုသတင်းကို ကြားသိရသည့်အတွက် များစွာတုန် လှုပ်မိရ​ကြောင်း၊ အိန္ဒိယ နိုင်ငံသည် အပြစ်မဲ့လအရပ်သားများ၊ မိသားစုများနှင့်အတူ ရပ်တည်စာနာ​ကြောင်းကို လည်း မိုဒီက​​ရေးသားထားသည်။
 



Reference :
++ Council on Foreign Relations
++ AP, Reuters, Al Jazeera , AFP
++ Daily Telegraph, The Guardian

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */