VOA
ဗွီအိုအေ (မြန်မာပိုင်း)
11 စက်တင်ဘာ၊ 2020
အင်ဒိုနီးရှားနိုင်ငံ Ache ပြည်နယ် Lhokseumawe ကမ်းခြေကို ရောက်ရှိနေတဲ့ ရိုဟင်ဂျာ မူဆလင်တွေ ထဲ က အမျိုးသား တစ်ဦး ဆေးရုံတက်ရောက်ကုသနေရာက ကြာသပတေးနေ့က သေဆုံးသွားတယ်လို့ အင်ဒို နီးရှားရောက် ရိုဟင်ဂျာ ဒုက္ခသည်အရေး ကိုင်တွယ်နေသူ ပြောခွင့်ရ တစ်ဦးက VOA ကို ပြောပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
11 စက်တင်ဘာ၊ 2020
စက်တင်ဘာ ၇ ရက်နေ့က Ache ပြည်နယ်ရောက်လာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်များ
အင်ဒိုနီးရှားနိုင်ငံ Ache ပြည်နယ် Lhokseumawe ကမ်းခြေကို ရောက်ရှိနေတဲ့ ရိုဟင်ဂျာ မူဆလင်တွေ ထဲ က အမျိုးသား တစ်ဦး ဆေးရုံတက်ရောက်ကုသနေရာက ကြာသပတေးနေ့က သေဆုံးသွားတယ်လို့ အင်ဒို နီးရှားရောက် ရိုဟင်ဂျာ ဒုက္ခသည်အရေး ကိုင်တွယ်နေသူ ပြောခွင့်ရ တစ်ဦးက VOA ကို ပြောပါတယ်။
ပြောခွင့်ရ Marzuki က ရိုဟင်ဂျာ နောက်ထပ် တစ်ဦး သေဆုံးသွားတယ်ဆိုတာ မှန်ကန်ကြောင်းနဲ့ အူကျေ ရာဂါနဲ့ သေဆုံးသွားတာ ဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့ပါတယ်။
အခု သေဆုံးသူဟာ Ache ပြည်နယ်ကို စက်လှေတစ်စီးနဲ့ ရောက်လာတဲ့ ရိုဟင်ဂျာ ၃၀၀ ဝန်းကျင်ထဲက ဒုတိယမြောက် သေဆုံးသူ ဖြစ်ပါတယ်။ အင်္ဂါနေ့ညတုန်းကလည်း ဒုက္ခသည် အမျိုးသမီးတစ်ဦး အသက်ရှူမ ဝဘဲ အပြင်းဖျားလို့ ဒေသခံ ဆေးရုံမှာ သေဆုံး သွားခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်ကနေ ရေကြောင်းကတဆင့် ၇ လတာ ခရီး ဖြတ်သန်းပြီး အင်ဒိုနီးရှားနိုင်ငံကို ရောက်ရှိလာကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ အားလုံးကိုအင်္ဂါနေ့ က COVID-19 ရောဂါ စမ်းသပ် စစ်ဆေးမှု တွေ ပြလုပ်ခဲ့တာပါ။ စမ်းသပ်ပြီး နှစ်ရက်အကြာမှာ ရရှိတဲ့ ရလဒ်တွေအရ ဒုက္ခသည် အားလုံး ရောဂါပိုး ကင်းစင်ကြပါတယ်။
နိုင်ငံတကာမှာ သုံးနှုန်းနေတဲ့ ရိုဟင်ဂျာဆိုတဲ့စကားလုံးကို မြန်မာအစိုးရကရော စစ်တပ်ကပါ လက်မခံပယ် ချထားပေမဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် စခန်းတွေကို ရောက်ရှိနေတဲ့ ဒုက္ခသည်တွေကို စိစစ်ပြီး ပြန်လည် လက်ခံဖို့ ရှိတယ်လို့တော့ ပြောဆိုထားပါတယ်။

Link : Here
No comments:
Post a Comment