Saturday, December 14, 2019

မြန်မာနိုင်ငံနဲ့ ICJ သင်ခန်းစာ ( တိုက်ရိုက်လေလှိုင်း )

VOA
ဗွီအိုအေ (မြန်မာဌာန)
တိုက်ရိုက်လေလှိုင်း
14 ဒီဇင်ဘာ၊ 2019
ကိုအောင်လွင်ဦး 
 ဒီဇင်ဘာ ၁၄၊ ၂၀၁၉ - ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ လူမျိုးတုံးအောင် လုပ်ရာရောက်တယ်ဆိုတဲ့ စွပ်စွဲချက်ကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် The Hague မြို့က နိုင်ငံတကာ တရားရုံးမှာ သွားပြီး ဖြေရှင်းရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ တကယ်တော့ ဖြစ်ခဲ့ တာတွေဟာ လူမျိုးတုံးအောင်လုပ်တဲ့ ရည်ရွယ်ချက်မျိုး မရှိတဲ့အကြောင်းနဲ့ ရှိခဲ့ရင်လည်း လူသားချင်းစာ နာမှုဆိုင်ရာ နိုင်ငံတကာ ဥပဒေ၊ လူ့အခွင့်အရေး သဘောတူညီချက်တွေနဲ့သာ အရေးယူနိုင်တယ် ဆိုပြီး တော့လည်း ဒေါ်အောင်ဆန်းစုကြည်က ICJ မှာ လျှောက်လဲချက် ပေးတဲ့အချိန်မှာ ပြောခဲ့တာပါ။

 နိုင်ငံတကာ အဆင့်အထိ ရောက်ခဲ့တဲ့ အမှုကြောင့် မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးကို ပိုအလေးထား လာနိုင် သလား၊ လူ့အခွင့်အရေး ချိုးဖောက်ခံရသူတွေအတွက် တရားမျှတမှုရနိုင်ဖို့ မျှော်လင့်ချက်တခု ဖြစ်လာနိုင် သလား၊ ဒီလိုအဖြစ်မျိုး နောင်မကြုံရအောင် ဘာတွေလုပ်ဖို့ လိုမလဲ ဆိုတာတွေကို ဗွီအိုအေရဲ့ စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ကိုအောင်လွင်ဦးက ဆွေးနွေးတင်ဆက် ထားပါတယ် ။
ဆွေးနွေးပါဝင်သူများ-  ဦးသိန်းသန်းဦး၊ ဆရာလွတ်တော်ရှေ့နေ ၊
                         -   ဦးအေးလွင်၊ (ကိုဖီအာနန် အကြံပေးကော်မရှင် အဖွဲ့ဝင်)

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */