" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, December 11, 2023

တရုတ်က ရှမ်းမြောက်စစ်ပွဲ ရပ်ပေးနိုင်သလား

ဧရာဝတီ
by အောင်ဇော်
11 December 2023

စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိတို့ ဘေဂျင်းတွင် ဒီဇင်ဘာလ ၆ ရက်က တွေ့ဆုံစဉ် / MOFA

စစ်ကောင်စီတပ်များသည် ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် အခြားဒေသများမှ စစ်မြေပြင်များတွင် အ ကြီးအကျယ် ရှုံးနိမ့်နေသောကြောင့် မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် လွန်ခဲ့သောလ သို့မဟုတ် ထိုမတိုင်မီကပင် လွန်စွာ သိက္ခာကျနေသည်။ မြောက်ပိုင်းနှင့် အခြားဒေသများမှ တော် လှန်ရေး အင်အားစုများက ဖြစ်ပေါ်စေသည့် ထိုရှုံးနိမ့်မှုများသည် စစ်ကောင်စီအတွက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းမှု နောက်ပိုင်း ၎င်းတို့ အုပ်ချုပ်ရေးကို ဆန့်ကျင်သည့် အကြီးမားဆုံး စိန် ခေါ်မှုကို ဖြစ်စေသည်။
ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း အထက်ပိုင်းတို့တွင် အောက်တိုဘာလ နှောင်းပိုင်းက စတင်ခဲ့သည့် ချိန်ညှိ ထိုးစစ်တွင် စစ်ကောင်စီသည် ရာနှင့်ချီသည့် တပ်စခန်းများ၊ မြို့ များနှင့် ကုန်သွယ်ရေး လမ်းကြောင်းများ ဆုံးရှုံးသွားသည်။

အချို့သုတေသီများ၏ အဆိုအရ ၁၀၂၇ စစ်ဆင်ရေးသည် အခြေအနေတခုလုံးကို ပြောင်းလဲသွားစေ သည်။ သို့သော် ထိုစစ်ဆင်ရေးသည် အစိုးရအပြောင်းအလဲ ဖြစ်စေမည်လားသို့မဟုတ်စစ်ကောင် စီ အာဏာချုပ်ကိုင်မှုကို ဆက်လက် ထိန်းသိမ်းရန် တရုတ်နှင့် အိန္ဒိယ အပါအဝင် အိမ်နီးချင်းများက ကြိုးစားမည်လားဟု မေးခွန်းထုတ်စရာရှိသည်။
၁၀၂၇ စစ်ဆင်ရေးသည် အခြေအနေတခုလုံးကို ပြောင်းလဲသွားစေသည်။ သို့သော် ထိုစစ်ဆင်ရေး သည် အစိုးရအပြောင်းအလဲ ဖြစ်စေမည်လား သို့မဟုတ် စစ်ကောင်စီ အာဏာချုပ်ကိုင်မှုကို ဆက် လက် ထိန်းသိမ်းရန် တရုတ်နှင့် အိန္ဒိယ အပါအဝင် အိမ်နီး ချင်းများက ကြိုးစားမည်လားဟု မေးခွန်း ထုတ်စရာရှိသည်။
မြန်မာစစ်ကောင်စီသည် အိမ်နီးချင်းနိုင်ငံကြီး တရုတ်ကို ချဉ်းကပ်ပြီး ပြည်တွင်း ပဋိပက္ခတွင် ကြား ဝင်ရန် တောင်းဆိုသည်။ တရုတ်သည် လက်ရှိပဋိပက္ခတွင် စစ်ကောင်စီကို ကူညီမည်လား။ တဖက် မဟုတ် တဖက်က တရုတ်ကို ယုံကြည်ပါသလား။

ယခုအပတ်တွင် တိုင်းရင်းသား မဟာမိတ်တပ်များသည် စစ်ကောင်စီတပ်များနှင့် စစ်ကောင်စီ မဟာ မိတ် နယ်ခြားစောင့်တပ်များ အခြေစိုက်သည့် ကိုးကန့်ဒေသ မြိုကြီးတမြို့ဖြစ်သော လောက်ကိုင်သို့ ချီတက်လာသောအခါ မြန်မာ ဒုဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေသည် ဘေဂျင်းသို့ သွားရောက်ပြီး တရုတ်ထိပ်တန်းသံတမန် မစ္စတာ ဝမ်ယိနှင့် တွေ့ဆုံဆွေးနွေးသည်။

အမျိုးသား ပြန်လည်သင့်မြတ်ရေးကို တရုတ်ကမျှော်လင့်နေ

“မြန်မာနိုင်ငံဟာ ပြည်တွင်းစိန်ခေါ်မှု အများအပြားကို ဆက်လက် ရင်ဆိုင်နေရဆဲဖြစ်ပြီး ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှု ရရှိဖို့ တရုတ်နိုင်ငံက ထောက်ခံမှုနဲ့ အကူအညီ ရဖို့မျှော်လင့်တယ်” ဟု ဦးသန်းဆွေက မစ္စတာ ဝမ်ယိကို ပြောကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ကြေညာချက် တ စောင်အရ သိရသည်။
စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိတို့ ဘေဂျင်းတွင် ဒီဇင်ဘာလ ၆ ရက်က တွေ့ဆုံစဉ် / MOFA
ထိုသတင်းစကား၏ နောက်ကွယ်မှ အဓိပ္ပာယ်ကို ဖော်ထုတ်ကြည့်သောအခါ မြန်မာစစ်တပ်သည် မြောက်ပိုင်းစစ်ပွဲ ရပ်တန့်စေရန် အသည်းအသန် လိုလားနေပြီး ထိုကိစ္စအောင်မြင်စေရန် တရုတ်ကို အကူအညီတောင်းခြင်း ဖြစ်ကြောင်း တွေ့ရသည်။

မြန်မာ့နိုင်ငံရေးနှင့် မစိမ်းသလို ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုမတိုင်မီ ရက်သတ္တပတ် အနည်းငယ်က ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံခဲ့သော မစ္စတာ ဝမ်ယိက တရုတ်သည် မြန်မာ၏ ပြည် တွင်း ရေးကို ဝင်ရောက်စွက်ဖက်မည် မဟုတ်ကြောင်းနှင့် မြန်မာတွင် အမျိုးသားပြန် လည်သင့်မြတ် ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ မူဘောင်အောက်မှ နိုင်ငံရေး အသွင်းကူးပြောင်းမှု ဆက်လက် လုပ်ကိုင် သည်ကို အမြန်ဆုံး လုပ်နိုင်မည်ဟု မျှော်လင့်ကြောင်း ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (EAOs) သုံးခုဖြစ်သည့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့ပါဝင်သည့် ညီနောင်မဟာမိတ်အဖွဲ့ကို တိုက်ခိုက်မှုရပ်ပြီး တွေ့ဆုံဆွေး နွေးရန် ဖျောင်းဖျရေး တရုတ်အနေဖြင့် သြဇာ သုံးရန် မြန်မာဘက်က တောင်းဆိုလာပြီဟု ယူဆရ သည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းမှုမတိုင်မီ ရက်သတ္တပတ် အနည်းငယ်က ဒေါ်အောင်ဆန်း စုကြည် နှင့်လည်း တွေ့ဆုံခဲ့သော မစ္စတာ ဝမ်ယိက တရုတ်သည် မြန်မာ၏ ပြည်တွင်း ရေးကို ဝင်ရောက်စွက်ဖက်မည် မဟုတ်ကြောင်းနှင့် မြန်မာတွင် အမျိုးသားပြန်လည် သင့်မြတ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ မူဘောင် အောက်မှ နိုင်ငံရေး အသွင်းကူးပြောင်းမှု ဆက်လက် လုပ်ကိုင်သည်ကို အမြန်ဆုံး လုပ်နိုင်မည်ဟု မျှော်လင့်ကြောင်း ပြောသည်။
တရုတ်၏ အကူအညီဖြင့် ထိုတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကို သီးခြားခွဲထားရန် စစ် ကောင်စီက မျှော်လင့်ကောင်း မျှော်လင့်နိုင်သည်။ သို့သော် ရှမ်းပြည်မြောက်ပိုင်းမှ စစ်ကောင်စီတပ် ကို မောင်းထုတ်သည့် ၎င်းတို့အားထုတ်မှုများ လက်ရှိအချိန်အထိ အောင်မြင် နေသောကြောင့် ညီ နောင်မဟာမိတ်အဖွဲ့သည် တရုတ်၏ စကားကို နားထောင်ပါမည်လားဟု မေးစရာရှိသည်။

သို့သော် ယခင်က အတိုင်းပင် စစ်ကောင်စီသည် ထိုတိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်နှင့် အ ပစ်အခတ်ရပ်မည်ဆိုပါက တရုတ်က ကြားဝင်စေ့စပ်သူအဖြစ် ဆောင်ရွက်ရန် လိုအပ်နေသည်။ ယခု တကြိမ်တွင်လည်း စစ်ကောင်စီသည် အသက်ဆက်ရေးအတွက် ထိုသို့လုပ်ရန် လိုအပ်နေပြီး တရုတ် သည် ရှမ်းပြည်မြောက်ပိုင်းမှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအပေါ် သိသိသာသာ သြဇာရှိသည်ကို လူတိုင်းသိသည်။ အချို့ သံသယသမားများက ထိုတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းများသည် “ပြည်သူ့လွတ်မြောက်ရေး တပ်မတော်လေးများ” ဟုပင် တရုတ်ပြည်သူ့ လွတ် မြောက်ရေးတပ်မတော် (PLA) ကို ရည်ညွှန်းနောက်ပြောင်ကြသည်။

မည်သို့ဆိုစေ မြန်မာစစ်ကောင်စီသည် သေနင်္ဂဗျူဟာ ထောက်ခံမှုရရန် ကြိုးစားနေသော်လည်း တရုတ်သည် လက်ရှိ ပဋိပက္ခတွင် ဝင်ရောက် မစွက်ဖက်ရေးမူကိုသာ ဆက်လက် ထိန်းသိမ်း ထား ဖွယ် ရှိသည်။

တရုတ်အထူးသံတမန် မစ္စတာ တိန့်ရှီကျွန်းသည် တရုတ်-မြန်မာနယ်စပ်သို့ မကြာသေးမီက သွား ရောက်ပြီး MNDAA, TNLA နှင့် AA အပါအဝင် အဓိကကျသော တိုင်းရင်းသားလက်နက်ကိုင်အုပ်စု ခေါင်းဆောင်များနှင့် အစည်းအဝေးများ ကျင်းပသည်။
တရုတ်သည် နယ်စပ်တွင် ကြီးထွားလာသည့် မတည်ငြိမ်မှုများကို စိုးရိမ်နေပြီး မြန်မာ ကို စစ်ကောင် စီ မထိန်းချုပ်နိုင်ပါက မည်သူ ထိန်းချုပ်မည်ကို စဉ်းစားကြောင်း တိုင်း ရင်းသား ခေါင်းဆောင်များ သဘောပေါက်သည်။
သူသည် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) မှ ကိုယ်စားလှယ်များနှင့်လည်း သီးခြားအစည်း အဝေး ကျင်းပသည်။ တရုတ်သည် နယ်စပ်တွင် ကြီးထွားလာသည့် မတည်ငြိမ်မှုများကို စိုးရိမ် နေ ပြီး မြန်မာကို စစ်ကောင်စီ မထိန်းချုပ်နိုင်ပါက မည်သူ ထိန်းချုပ်မည်ကို စဉ်းစားကြောင်း တိုင်း ရင်း သား ခေါင်းဆောင်များ သဘောပေါက်သည်။

တရုတ်၏ အနောက်တောင်ပိုင်းပြည်နယ် ယူနန်သည် မြန်မာမှ ရှမ်းနှင့် ကချင်ပြည်နယ်များနှင့် နယ် နိမိတ် ကီလိုမီတာ ၂,၀၀၀ ထိစပ်နေသည်။

ဦးသန်းဆွေက မစ္စတာ ဝမ်ယိနှင့် ဘေဂျင်းတွင် တွေ့ဆုံနေစဉ် စစ်ကောင်စီထိန်းချုပ် မီဒီယာများက မြန်မာနှင့် တရုတ်သည် မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်မှ ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ ရခိုင်နှင့် ယူနန်ပြည်နယ်ကို မြန်မာမှ ဒုတိယ အကြီးဆုံး မြို့ဖြစ်သော မန္တလေးမှ တဆင့် ရခိုင်ပြည် နယ်သို့ ဆက်သွယ်သော ရထားလမ်းတခု တည်ဆောက်ရေး အရှိန်မြှင့်တင်ရန် ဆွေးနွေးသည်ဟု ဖော်ပြသည်။ မြန်မာ စစ်ကောင်စီသည် တရုတ်ကျေနပ်ရေးအတွက် အပြန်အလှန်အားဖြင့် ထိုရထား လမ်း စီမံကိန်းကို အရှိန် မြှင့်တင်ရန် ကြိုးစားနေကြောင်း သုတေသီများက ပြောသည်။

နိုင်ငံရေးအရ ဖြေရှင်းမှုကို မင်းအောင်လှိုင် ရည်မှန်းပါသလား

ဒီဇင်ဘာလ ၄ ရက်နေ့က စစ်ကောင်စီအစည်းအဝေးတွင် မင်းအောင်လှိုင်က လက်နက်ကိုင် အုပ်စု များ “ဆက်လက် မိုက်မဲနေပါက (တိုက်ပွဲ၏) အကျိုးဆက်များကို ဒေသခံပြည်သူများသာ ဆက် လက်ခံစား ရမည်” ဖြစ်ကြောင်း ပြောပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် နိုင်ငံရေးအရ အဖြေရှာရန် တိုက်တွန်းသည်။

သို့သော် မင်းအောင်လှိုင်က မြန်မာစစ်တပ်သည် ပြည်ထောင်စု ပြိုကွဲရေးကို ဦးတည်စေသည့် သို့ မဟုတ် စစ်တပ်၏ နိုင်ငံရေး အတွေးအခေါ်ဖြစ်သည့် တို့တာဝန်အရေး သုံးပါးကို ခြိမ်းခြောက်သည့် မည်သည့် လုပ်ရပ်ကိုမျှ လက်ခံမည် မဟုတ်ကြောင်း ပြောသည်။ ၎င်းတာဝန်အရေး သုံးခုမှာ ပြည် ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည် တံ့ခိုင်မြဲရေးတို့ ဖြစ်သည်။ ထိုကိစ္စများသည် မြန်မာစစ်တပ်က ၎င်းတို့၏ အခြေခံ တာဝန်များဟု ယူဆသည်။
ရန်လိုသည့် စကားနောက်ကွယ်တွင် မင်းအောင်လှိုင်သည် ကြီးမားသော စစ်ရေး ရှုံးနိမ့်မှုများနှင့် လူသိရှင်ကြား စော်ကားမှုများကြောင့် စိတ်ပျက်နေသည့် သူ၏ထိပ်တန်း ဗိုလ်ချုပ်များနှင့် အရာရှိများ၏ အချင်းချင်းကြား ဆန့်ကျင်မှုကို ရင်ဆိုင်နေရသည်။
တို့တာဝန်အရေး သုံးပါးကို ထိခိုက်ပါက အကျိုးဆက်များကို ခံစားရမည့်သူများသည် တိုင်းရင်းသား ပြည်နယ်များနှင့် ဒေသခံများသာဖြစ်သည်ဟု မင်းအောင်လှိုင်က ခြိမ်းခြောက်သည်။ အလွန်မိုက်ရိုင်း သော စကားများဖြစ်သည်။

သူ၏ ထိုသို့သော စကားများအရ မေးခွန်းတခု ထွက်ပေါ်လာသည်။ မြန်မာနိုင်ငံ ပြိုကွဲမည့်အခြေ အ နေသို့ ထပ်မံကျရောက်ပါက စစ်ကောင်စီသည် ယခုထက် ပိုမို အစွန်းရောက်သော နည်းလမ်းများ သုံးမည်လားဆိုသည့် မေးခွန်းဖြစ်သည်။

သို့သော် ထိုသို့ ရန်လိုသည့် စကားနောက်ကွယ်တွင် မင်းအောင်လှိုင်သည် ကြီးမားသော စစ်ရေးရှုံး နိမ့်မှုများနှင့် လူသိရှင်ကြား စော်ကားမှုများကြောင့် စိတ်ပျက်နေသည့် သူ၏ထိပ်တန်း ဗိုလ်ချုပ်များ နှင့် အရာရှိများ၏ အချင်းချင်းကြား ဆန့်ကျင်မှုကို ရင်ဆိုင်နေရသည်။ စစ်ကောင်စီတပ်များ အကြီး အကျယ် ထိခိုက်သေဆုံးနေသည်များကို ကြည့်ပြီး မြန်မာပြည်သူများ ယခုရက်ပိုင်းတွင် ပိုမိုပျော် ရွှင်နေကြမည်ကို မေးခွန်းထုတ်ရန် မလိုတော့ပေ။

ရေတပ်သင်္ဘောများနှင့် ကျည်အစစ်သုံးသည့် စစ်ရေးလေ့ကျင့်မှု

တရုတ်သည် မြန်မာကို အဓိကထောက်ခံပြီး လက်နက်ရောင်းချသည့် နိုင်ငံသာ ဖြစ်နေသေးသည်။

နိုဝင်ဘာလ အစောပိုင်းက မြန်မာစစ်ကောင်စီသည် စစ်မြေပြင်တွင် အရာရှိများအပါဝင် စစ်သာများ ကို ဆက်လက်ဆုံးရှုံး နေသော်လည်း မြန်မာသည် အရေးပါသောမဟာမိတ်ဖြစ်ကြောင်းပြရန်တရုတ် ရေတပ်သင်္ဘော သုံးစီးသည် မြန်မာရေတပ်နှင့် ပူးတွဲစစ်ရေးလေ့ကျင့်ရန် ရောက်လာသည်။

ထိုအပတ်အတွင်းတွင်ပင် မြန်မာစစ်တပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား တိုက်ပွဲများ ပြင်းထန်လာသောကြောင့် တရုတ်စစ်တပ်သည် ရှမ်းပြည်မြောက်ပိုင်းနှင့် နယ်စပ်တလျှောက်တွင် ကျည်ဆံအစစ်ဖြင့် စစ်ရေး လေ့ကျင့်မှုများ ပြုလုပ်သည်။

တရုတ်နယ်စပ်ဘက်တွင် ထို စစ်ရေးလေ့ကျင့်ခြင်းသည် တရုတ် ပြည်သူ့လွတ်မြောက်ရေး တပ်မ တော်၏ အလျင်အမြန် လှုပ်ရှားနိုင်မှု၊ နယ်စပ်ပိတ်ဆို့နိုင်မှုနှင့် ပစ်ခတ်ရေး စွမ်းအားများကို စမ်းသပ် ခြင်းဖြစ်ကြောင်း တောင်ပိုင်း စစ်မျက်နှာ ဌာနချုပ်က ပြောသည်။
ရှမ်းပြည်နယ် မြောက်ပိုင်းတွင် နိုဝင်ဘာလအတွင်းက စစ်ကောင်စီ စခန်းတခုကို MNDAA က သိမ်းပိုက်စဉ် / The Kokang
 
“မိမိတို့၏ တပ်များသည် မျှော်လင့်မထားသည့် အခြေအနေအမျိုးမျိုးကို တုံ့ပြန်ရန် ပြင်ဆင်ထားပြီး တရုတ်နိုင်ငံ၏ အမျိုးသား အချုပ်အခြာအာဏာ၊ နယ်စပ် တည်ငြိမ်မှုနှင့် ပြည်သူ့ အသက်အိုး အိမ် စည်းစိမ်များ ဘေးကင်းရေးကို ကာကွယ်ရန် ဆုံးဖြတ်ထားသည်” ဟုပြောခွင့်ရတဦးကပြောကြောင်း ထိုစစ်ဌာနချုပ်၏ တရားဝင် WeChat တွင် ဖော်ပြသည်။ ထိုကိစ္စသည် စိတ်ဝင်စားစရာ ကောင်း သည်။

ထိုသို့ ကျည်အစစ်ဖြင့် စစ်ရေးလေ့ကျင့်မှုများနှင့် စစ်သင်္ဘောများ မြန်မာတွင် လာရောက် စစ်ရေး လေ့ ကျင့်ခြင်းသည် တရုတ်က မြန်မာနိုင်ငံ မတည်မငြိမ်ဖြစ်ခြင်းကို ခွင့်ပြုမည် မဟုတ်ကြောင်း မြန်မာပြည်တွင်းနှင့် အနောက်တိုင်း အပါအဝင် အားလုံးကို ရှင်းရှင်းလင်းလင်း သတင်းပေး ခြင်း ဖြစ်သည်။

ကျည်အစစ်ဖြင့် စစ်ရေးလေ့ကျင့်မှုများနှင့် စစ်သင်္ဘောများ မြန်မာတွင် လာရောက် စစ်ရေးလေ့ကျင့် ခြင်းသည် တရုတ်က မြန်မာနိုင်ငံ မတည်မငြိမ်ဖြစ်ခြင်းကို ခွင့်ပြုမည် မဟုတ်ကြောင်းမြန်မာပြည် တွင်း နှင့် အနောက်တိုင်း အပါအဝင် အားလုံးကို ရှင်းရှင်းလင်းလင်း သတင်းပေးခြင်းဖြစ်သည်။

မြန်မာသည် အမှန်တကယ် ပြင်းထန်သည့် အကျပ်အတည်း ကျရောက်နေပြီး စစ်တပ်သည် ကျဆုံး သည့် အခြေအနေ ရောက်လာနေခြင်းအား တရုတ်အပါအဝင် အိမ်နီးချင်းများ စိုးရိမ်ပူပန်နေကြ သည်။

တရုတ်သည် စစ်ရာဇဝတ်ကောင်များဘက်က ရပ်တည်မည်လား။ တော်လှန်ရေးကို တရုတ်က ထောက်ခံမည်ဟု မျှော်လင့်ပြီး အချို့သော အတိုက်အခံ ခေါင်းဆောင်များကမူ တရုတ်အနေဖြင့် ထိုကိစ္စကို အပြည့်အဝ မဆုံးဖြတ်ရသေးကြောင်း တဖက်သတ် ပြောနေကြသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ အောင်ဇော်၏ Desperate to End War in North, Battered Myanmar Junta Begs China for Help ကို ဘာသာပြန်သည်။ အောင်ဇော်သည် ဧရာဝတီ သတင်းဌာနကို တည်ထောင်သူနှင့် အယ်ဒီတာချုပ် ဖြစ်သည်။)

You may also like these stories:


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */