နေပြည်တော် မတ် ၃
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်း နှင့် ရခိုင်ပြည်နယ်လမ်းပန်းဆက် သွယ်ရေး ဝန်ကြီး ဦးအောင်ကျော်ဇံတို့သည် မောင်တောဒေသရှိ ပြန်လည် ဝင်ရောက်လာသူများ လက်ခံရာတွင်ကြားစခန်းအဖြစ် ဆောင် ရွက်မည့် လှဖိုးခေါင်စခန်း၌ ဖေဖော်ဝါရီ ၂၅ ရက်က လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသော အဆောက် အဦများအား မတ် ၂ ရက်က သွားရောက်ကြည့်ရှုစစ်ဆေးပြီး အမိုးပျက် စီး သာ အဆောက်အဦ နှစ်လုံး၊ ဘေးအကာနှင့် တံခါးရွက်ပျက်စီးမှု ၁၃၄ လုံးနှင့် အိမ်သာများ ပျက်စီးမှု ၆၆ လုံး စုစုပေါင်း ၂ဝ၂ လုံး ပျက်စီးခဲ့ရာ ဒုတိယဝန်ကြီးနှင့် အဖွဲ့က ပြန်လည်ပြင်ဆင်မည့်အစီအစဉ်များကို အသေးစိတ် မှာကြားသည်။
ညှိနှိုင်း
ထို့နောက် ၎င်းစခန်းတွင် ဆောက်လုပ်ထားသော Assemble Board House များ၏ အခြေအနေနှင့် တရုတ်နိုင်ငံမှ လှူဒါန်းထားသော Assemble Board House အလုံး ၁ဝဝဝ သိုလှောင်ထားရှိမှုနှင့် ၎င်း Assemble Board House များ ဆောက်လုပ်မည့် နေရာနှင့် အစီအစဉ်များကို ညှိနှိုင်းခဲ့ကြသည်။ ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကြိမ်ချောင်းတောင်ရွာစခန်း တွင်UEHRD အစီအစဉ်ဖြင့် တည်ဆောက်လျက်ရှိသော အိမ်ရာများနှင့် ဂျပန်နိုင်ငံမှ လှူဒါန်းဆောက်လုပ်နေသော အိမ်ရာ ၅၁ လုံး၏ ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးသည်။UEHRD အစီ အစဉ်ဖြင့် စစ်ပိုင်မင်းကုမ္ပဏီက အလုံး ၃ဝ ဆောက်လုပ်ရာ ၁ဝဝ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ပြီး မဟာစံကုမ္ပဏီက အလုံး ၇ဝ ဆောက်လုပ်ရာ ၆ဝ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လမ်းဦးစီး ဌာန လမ်းအထူးအဖွဲ့(၁၇)က တာဝန်ယူဖောက်လုပ်လျက် ရှိသော ကြိမ်ချောင်း-ဂုပ္ပိလမ်း(မေယုတောင်ကျော်လမ်း) မိုင်(ဝ/၆ - ဝ/၇)ကြား တံတားအမှတ်(၁) ပေ ၅ဝ အရှည် တံတားနှင့် မိုင်(၅/၆ - ၅/၇)ကြားရှိ တံတားအမှတ်(၄) ပေ ၅ဝ အရှည် တံတားလုပ်ငန်းခွင်၊ မိုင် ၄/ဝအနီး လမ်းဖောက်လုပ်ပြီးစီးနေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။ ထိုသို့ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက ယခုဖောက် လုပ်နေသောလမ်းသည် မေယုတောင်ကျော်လမ်းဖြစ်၍ လုပ်ငန်းခွင်အ္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံရေးသတိ အမြဲရှိစွာဖြင့် ဆောင်ရွက်ကြရန် လုပ်ငန်းအရည်အသွေး များကိုလည်း ကောင်းမွန်ပြည့်မီစွာဆောင်ရွက်သွားကြရန်နှင့် မိုးမကျမီလုပ်ငန်းများ ပြီးစီးအောင်ဆောင်ရွက်ရန် မှာကြားသည်။
ကြည့်ရှုစစ်ဆေး
ထို့နောက် ဒုတိယဝန်ကြီးသည် မောင်တော- ကျီးကန်းပြင်-ကြိမ်ချောင်း-ဗန္ဓုလလမ်း မိုင်(၁၉/၂ -၂ဝ/ဝ) ကြား မောင်တောခရိုင်မှ တာဝန်ယူ၍ ၁၈ ပေအကျယ် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးရာ ကွန်ကရစ်လုပ်ငန်းအရည်အသွေး ပြည့်မီစွာ ဆောင်ရွက် သွားရန်နှင့် အရည်အသွေးထိန်းသိမ်းရေးအဖွဲ့၏ အနီးကပ် ကြီးကြပ်မှုအတိုင်း ဆောင်ရွက်သွားကြရန်မှာကြားခဲ့ ကြောင်း သတင်းရရှိသည်။

No comments:
Post a Comment