နိရဉ္စရာ
နိရဉ္စရာ၊ မေ ၆/ ၂၀၁၉ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာမှ ဖမ်းဆီးခံထားရသူ ၁၃၁ ဦးမှ ၄၈ ဦးကို ယနေ့ ညနေ ၃ နာရီခွဲက ထပ်မံ လွတ်ပေးလိုက်သည်ဟု သတင်းရရှိသည်။
“ အခုနက ဘဲ လွတ်လာပါတယ်။ စုစုပေါင်း ၄၈ ဦးပါ။ ၈၃ ဦးတော့ ကျန်ရှိနေပါသေးတယ်” ဟု ကျေးရွာသား တစ်ဦးက ပြောကြားသည်။
ကျောက်တန်းကျေးရွာတွင် လက်ရှိ အချိန်တွင် လက်လုပ်လက်စားအများစုမှာ ရိက္ခာပြတ်လပ်နေကြောင်း ၎င်းက ပြောကြားသည်။
“ ရွာထဲက လူတွေလည်း အကျယ်ချုပ်လိုဖြစ်နေပါတယ်။ ခံဝန်နဲ့ဆိုတော့ ဘယ်မှ သွားလာလို့ မရဘူး။ အပြင်ထွက်ရှာလို့လည်း မရဘူး။ အထူးသဖြင့် လက်လုပ်လက်စားတွေမှာ ဆန်ပြတ်နေကြပါပြီ။ သူတို့ အခြေအနေက တစ်နေ့ထက် တစ်နေ့ ဆိုးရွားနေပါတယ်။ သောက်သုံးရေလည်း ရှားနေပါတယ်။ အခက် အခဲတွေ အများကြီး တွေ့ကြုံနေရပါတယ်” ဟု အဆိုပါ ရွာသားက ပြောကြားသည်။
မေလ ၅ ရက်နေ့က ကျောက်တန်းသို့ သွားရောက်ခဲ့ကြသည့် စ ည်းကမ်းထိန်းသိမ်းရေး ရဟန်းတော်များ (စစ်တွေ)မှ ဆရာတော်ကြီးများမှ ကျောက်တန်းကျေးရွာအတွက် လိုအပ်နေသော ရိက္ခာများကို သက်ဆိုင် ရာ အာဏာပိုင်များနှင့် ဆက်သွယ်ပြီး ပို့ဆောင်စီစဉ်နေကြောင်း သတင်းရရှိသည်။

No comments:
Post a Comment