နိရဉ္စရာ
နိရဉ္စရာ၊ မေလ ၈/ ၂၀၁၉
နိရဉ္စရာ၊ မေလ ၈/ ၂၀၁၉
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာမှ ကျန်ရှိနေသေးသည့် ၈၃ ဦးထဲမှ ၃၅ ဦးကို ယနေ့ ညနေ ၃ နာရီက ပြန်လည် လွတ်ပေးလိုက်သည်ဟု သတင်းရရှိသည်။
၆ ဦးကိုမူ ရေတပ်သင်္ဘောဖြင့် ယမန်နေ့ ညဉ့်အချိန်က စစ်တွေသို့ ယူဆောင်သွားကြောင်း ဒေသခံများက ပြောကြားသည်။
၎င်း ၆ ဦးအထဲမှ ၄ ဦးမှာ ယခုအခါ စစ်တွေမြို့ အမှတ် (၁) ရဲစခန်းသို့ရောက်ရှိနေပြီဖြစ်ကြောင်း ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဦးသန်းနိုင်က အတည်ပြု ပြောကြားသည်။
“ အခု စစ်တွေ အမှတ်(၁) ရဲစခန်းကို ရောက်တာက ၄ ယောက်ဗျာ။ သူတို့ကို မနေ့က ရေတပ်သင်္ဘောနဲ့ ယူလာပြီး အမှတ်(၁) ရဲစခန်းကို လွဲလိုက်တယ်လို့ သိရပါတယ်” ဟု ဦးဦးသန်းနိုင်က နိရဉ္စရာ သတင်းဌာ နသို့ ပြောကြားသည်။
၎င်းတို့ ၄ ဦးမှာ ညီချေ (ခ) မောင်မောင်နိုင် (၂၄) နှစ် (ဘ) ဦးစောသာ၊ စောဝင်းကျော် (၂၃) နှစ် (ဘ) ဦးကျော် သန်း၊ မောင်ညီညီဌေး (ခ) အောင်မျိုးလိူင် (၂၁) နှစ် (ဘ) ဦးသာဖြူ နှင့် မောင်သိန်းအေးမောင် (၁၇) နှစ် (ဘ) ဦးလှမောင်သိန်းတို့ ဖြစ်ကြသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းသို့ ဆက်သွယ်မေးမြန်းရာ သူက “ ၄ ယောက်က အေအေလို့ ဝန်ခံတယ်။ ကျန် ၂ ယောက်က သံသယရှိတယ်။ ဒါကြောင့် သူတို့ ၆ ဦးကို စစ်ဆေးဖို့ စစ်တွေကို ပို့လိုက်တာ ဖြစ်ပါတယ်။ နေဗီနဲ့ ပို့ မပို့ ဆိုတာကတော့ လမ်းကြုံရင်တော့ ပို့နိုင်ပါတယ်” ဟု ပြောကြားသည်။
၎င်းပြင် ဖမ်းဆီးထားသူများအထဲမှ ၃၅ ဦးကို ညနေ ၃ နာရီက ပြန်လွတ်ပေးလိုက်ကြောင်း၊ ကျန် ၄၀ ကျော် ကိုလည်း ဆက်လက်စိစစ်ပြီး လွတ်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၊ကျောက်တန်းတွင် လူပေါင်း ၂၇၅ ဦးအား ဧပြီ ၃၀ ရက်နေ့က စာ သင်ကျောင်းတွင် ခေါ်ယူထိန်းသိမ်း စစ်ဆေးခဲ့ပြီး မေလ ၂ ရက်နေ့ ညဉ့် အချိန် ၂ နာရီခန့်တွင် စိတ်မနှံ့သူ တစ်ဦး ထအော်ရာမှ စစ်တပ်မှ ပစ်ခတ်၍ ၆ ဦးသေဆုံးကာ ၈ ဦး ဒဏ်ရာရရှိခဲ့သည်။
၎င်းနောက်ပိုင်း ဖမ်းဆီးထိန်းသိမ်းထားသူများကို တစ်သုတ်ပြီး တစ်သုတ် လွတ်ပေးခဲ့ရာ ယနေ့အချိန်ထိ လူပေါင်း ၄၂ ဦးကျန်ရှိနေသေးကြောင်း သိရသည်။
Link : FB
No comments:
Post a Comment