နိရဉ္စရာ
နိရဉ္စရာ၊ မေလ ၁၆/ ၂၀၁၉
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ရွှေပြည်ကျေးရွာမှ ရာအိမ်မှူး ဦးသိန်းစောအောင် (၄၅) နှစ်ကို တပ်က ခေါ်ဆောင်သွားသဖြင့် မိသားစုများအနေဖြင့် အထူးစိုးရိမ်နေကြသည်ဟု သူ၏ ဇနီးဖြစ်သူ ဒေါ်မိုးမိုးရီက နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။
“မနေ့က စစ်တပ်တွေ ရွာကို ရောက်လာနေတယ်။ ကျွန်မအိမ်ရှင်လည်း အိမ်မှာရှိပါတယ်။ ကျွန်မတို့က ရွာမှာ ဈေးဆိုင်ကြီးဖွင့်ထားပါတယ်။ ဈေးဆိုင်တွေက ဝန်တွေကို ဆိုင်မှာထားသလို အိမ်အောက်မှာ ထား ပါ တယ်။ ကျွန်မတို့က အနီးအနားက ဆိုင်အသေးလေးတွေကိုလည်း ရောင်းပါတယ်။ သူတို့က ကျွန်မ တို့ အိမ်ကို လာဝိုင်းပါတယ်။ ပီးရင် ဆိုင်ပစ္စည်းတွေကို ကျွန်မတို့ ဈေးဆိုင်အနီးမှာ စုပုံပါတယ်။ ဓာတ်ပုံရိုက် ပါတယ်။ ကျွန်မယောင်္ကျားကိုလည်း ဓာတ်ပုံရိုက်ပါတယ်။ ပီးရင် ညနေ ၅ နာရီကျော်မှာ ကျွန်မယောင်္ကျားကို သူတို့ စခန်းချတဲ့ ဘုန်းကြီးကျောင်းကို ခေါ်သွားပါတယ်။ အခုသူ့ကို ခေါ်သွားတော့ ကျွန်မတို့ အရမ်းစိုး ရိမ်နေရပါတယ်” ဟု ဒေါ်မိုးမိုးရီက ပြောသည်။
မနေ့ က စစ်တပ်နှင့် အတူ ရွာထဲသို့ ဝင်လာရာတွင် ရဲတပ်ဖွဲ့ဝင် ၄ ဦးပါဝင်ပြီး ရာအိမ်မှူး အပါအဝင် အနီး အနားရှိ အိမ်တစ်ချို့ကိုလည်း ဝင်ရောက်ရှာဖွေမှု ပြုလုပ်ခဲ့ကြောင်း၊ ၎င်းအား မနေ့က ညနေ ၅ နာရီမှ စစ် တပ်က ခေါင်း ဆောင်သွားပြီး သူတို့နှင့်အတူထားကြောင်း၊ သူ့မှာ ကျန်းမာရေး မကောင်းကြောင်း၊ သူမ လည်း ကျန်းမာရေး ကောင်းသူ မဟုတ်ကြောင်း ၎င်းက ပြောကြားသည်။
“ ဒီနေ့ မနက် တစ်ကြိမ် ကျွန်မယောင်္ကျားကို ခေါ်ပြီး အိမ်ကို လာပါတယ်။ ပစ္စည်းတစ်ချို့နဲ့ ကျွန်မ ယော င်္ကျား ကို ဓာတ်ပုံရိုက်တယ်။ ပီးရင် ပစ္စည်းတစ်ချို့ကို ယူဆောင်သွားပါတယ်။ ဆိုင်ပစ္စည်း ၄ သိန်း ၅ သိန်း ဖိုးလောက်ယူသွားပါတယ်။ ရေသန့် ၂ အိတ်၊ မာမန်း ခေါက်ဆွဲဖာ ၂၅ ဖာ၊ ငရုတ်မှုန့်၊ ဆားတစ်အိတ်၊ ဓာတ်ဆားထုပ်၊ ငါးပိ၊ ဟင်းချိုမှုန့် စတဲ့ ပစ္စည်းတွေကို ယူသွားပါတယ်။ ယူသွားတဲ့ အကုန်လုံးပစ္စည်းကို ချက်ချင်းတော့ မမှတ်မိပါ” ဟု ဒေါ်မိုးမိုးရီက ပြောဆိုသည်။
ယနေ့ နံနက် ၁၀ နာရီက ရွှေပြည်ကျေးရွာ ရာအိမ်မှူး ဦးသိန်းစိုးအောင်ကို စစ်ကြောင်းနဲ့ အတူ မျောက် တောင် ရွာဘက်ကို ခေါ်ဆောင်သွားကြောင်း မျက်မြင် ရပ်ရွာလူကြီး တစ်ဦးက ပြောသည်။
“ သူတို့မိသားစုက ရွာမှာ ဆိုင်ကြီးဖွင့်ပြီးရောင်းပါတယ်။ မနေ့က ညနေ ၅ နာရီခွဲမှာ သူ့အိမ်အိမ်ကို မသ င်္ကာလို့ဆိုပြီး ဝင်ရောက် ရှာဖွေတာတွေ လုပ်ပါတယ်။ ရွာကလူတွေကိုလည်း မှတ်ပုံတင်ကို ဘုန်းကြီး ကျောင်း ကို ယူလာပြရမယ်ဆိုလို့ သွားပြကြပါတယ်။ ရွာက အိမ်ခြေ ၆၀၀ ကျော်လောက်ရှိတော့ ၂၀၀ ကျော်လောက်ပြလိုက်ပီးတဲ့ နောက်မှာ နောက်ထပ် လူတွေ ပြစရာမလိုလိုက်တော့ပါဘူး။
ဒီနေ့မနက်ကတော့ ရာအိမ်မှူးကို ရွာရဲ့ အထက်ပိုင်း မျောက်တောင်ရွာဘက်ကို ခေါ်သွားပါတယ်။ ကြိုးချည်ပြီး မဟုတ်ပါ။ ဒီအတိုင်း ခေါ်သွားတာပါ” ဟု ၎င်းရပ်လူကြီးက ပြောကြားသည်။
မည်သည့်အတွက်ကြောင့် ခေါ်ဆောင်သွားကြောင်း တိတိကျကျ မသိရသေးကြောင်း မိသားစုများက ပြောသည်။
FB Link : Here
No comments:
Post a Comment