လွတ်လပ်တဲ့အာရှအသံ
January 09, 2019
ရခိုင်နဲ့ ရခိုင်တိုင်းရင်းသား မျိုးနွယ်စုဝင်တွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့ ရခိုင်အခြေစိုက် နိုင်ငံရေးပါတီတွေ၊ လူမှုအသင်းအဖွဲ့တွေနဲ့ စိတ်ပါဝင်စားသူတွေပါဝင်တဲ့ အစည်းအဝေး ဖိတ်ကြားလွှာကို တွေ့ရစဉ် Photo: Arakan National Party
အဲဒီဆွေးနွေးပွဲမှာ နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး ပြီးခဲ့တဲ့ ဇန်နဝါရီလ ၇ ရက်နေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားချက်တွေ၊ စစ်ဘေးဒုက္ခသည်တွေကို မူလနေရာမှာ ပြန်လည် အခြေချနေထိုင် နိုင်ရေးနဲ့ ရခိုင်ပြည်နယ်အတွင်း ငြိမ်းချမ်ရေးရရှိဖို့ အရေးတွေကို အဓိကထားဆွေးနွေး သွား မယ်လို့ ရခိုင်အမျိုးသားပါတီ ဒုတိယ ဥက္ကဋ္ဌ ဒေါ်အေးနုစိန်က RFA ကိုပြောပါတယ်။
ရက္ခိုင့်တပ်မတော် AA ကို ရခိုင်ပြည်သူတွေ မထောက်ခံဖို့နဲ့ AA ကို ပြန်လည်တိုက်ခိုက်တဲ့အခါ ရဟတ် ယာဉ်သုံးစွဲခွင့်ကို အစိုးရက ခွင့်ပြုပေးထားကြောင်းတွေကို ဦးဇော်ဌေးက သတင်းစာရှင်းလင်းပွဲမှာ ပြော ကြားခဲ့ပါတယ်။
လာမယ့် ဇန်နဝါရီလ ၁၂ ရက်နေ့မှာကျင်းပမယ့် ဆွေးနွေးပွဲကနေ ရခိုင်ပြည်နယ်မှာ လက်ရှိဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေနဲ့ စစ်ဘေးဒုက္ခသည်တွေအရေးကို အဖြေရှာသွားနိုင်မယ်လို့ ယုံကြည်ကြောင်းလည်း ဒေါ်အေးနု စိန်က ပြောပါတယ်။
ဆွေးနွေးပွဲကို ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ မြိုနဲ့ ဒိုင်းနက် တိုင်းရင်းသားပါတီတွေကိုလည်း တက်ရောက်ဖို့ ဖိတ် ကြားထားတယ်လို့ သိရပါတယ်။
ရခိုင်အမျိုးသားပါတီ ANP က သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး ပြောကြားချက်တွေအပေါ် ကန့်ကွက်ကြောင်း ကြေညာချက်တစ်စောင်ကိုလည်း မနေ့က ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။

Link : Here

No comments:
Post a Comment