RFA
RFA Burmese
2023.05.24
အမှန်တကယ် ထုချေလွှာ တင်ရမယ့်ရက်ဟာ ၂၀၂၃ ခုနှစ်၊ ဧပြီ ၂၄ ရက်ဖြစ်ပြီး စစ်ကောင်စီဘက်က အဆင်သင့် မဖြစ်သေးတာကြောင့် ၂၀၂၄ ခုနှစ်ထဲအထိ ရွှေ့ဆိုင်းပေးဖို့ အရင်ဆုံး တောင်းဆိုခဲ့တာပါ။ ဒါကြောင့် တရားရုံးက တစ်လနောက်ဆုတ်ပြီး မေလ ၂၄ ရက် ဒီနေ့မှာ ထုချေလွှာတင်သွင်းဖို့ ဆုံးဖြတ်ထားပြီးသား ဖြစ်ပါတယ်။
"ICJ ဘက်က အမြန်ဆုံး ဆုံးဖြတ်ချက် မချနိုင်ဘူးဆိုရင်တော့ ကျွန်တော်တို့ ရိုဟင်ဂျာ ဘက်ကနေ ဆုံးရှုံးစရာတွေ အခက်အခဲတွေ ဖြစ်မယ်လို့ မျှော်လင့် ထားပါတယ်ခင်ဗျ”ICJ တရားရုံးက အခုလို အကြိမ်ကြိမ် ရွှေ့ဆိုင်းပေးနေတာဟာ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ထားတဲ့ စစ် ကောင်စီကို အချိန်ရအောင် အခွင့်အရေးပေးသလို ဖြစ်နေတယ် လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇား ဒုက္ခသည် စခန်း အမှတ် (၁၂) မှာ ခိုလှုံနေ တဲ့ ရိုဟင်ဂျာဒုက္ခသည်တစ်ဦးက RFA ကို ပြောပါတယ်။
“အဲလိုပုံစံနဲ့ ရွှေ့လိုက်တာပေါ့။ ကျွန်တော်တို့မှာ စိတ်ပျက်တယ်လေ။ စစ်ကောင်စီကို အချိန် ပေး၊ အခွင့်အရေး ပေးတယ်။ နောက်တစ်ခုက သူတို့တွေ မဟုတ်တာတွေ တင်ပြဖို့အတွက် အချိန် ရနေတာလေ။ အဲဒါ မကောင်း ဘူးလေ၊ နိုင်ငံတကာတရားရုံး တစ်ခုအနေနဲ့ ပထမအကြိမ် ပေးတယ်၊ ဒုတိယအကြိမ် ပေးတယ်ဆိုတာ ဒါသိက္ခာ ကျ စရာလေ ဒါ ကျွန်တော်တို့ ကိုယ်တိုင်လည်း တရားရုံးအပေါ် တစ်ခုခု စိုးရိမ်တဲ့ပုံစံ ဖြစ်သွားပြီ”
လတ်တလော မုန်တိုင်းဒဏ်ခံထားရတဲ့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ဒါးပိုင်ဒုက္ခသည်စခန်းက ရိုဟင်ဂျာ ဒုက္ခသည် တစ်ဦးကလည်း ICJ အနေနဲ့ ဒီအမှုကို အမြန်ဆုံး ဆုံးဖြတ်ချက်မချနိုင် ရင် ရိုဟင်ဂျာတွေအတွက် နစ်နာဆုံးရှုံးမှု တွေ ထပ်ဖြစ်လာလိမ့်မယ်လို့ RFA ကို ပြောပါ တယ်။
“နောင် ဒီလိုမျိုးအချိန်ပေးနေရင်တော့ ပိုများတဲ့ အခက်အခဲတွေကို ခံရလိမ့်မယ်လို့ ကျွန်တော် တို့ ယူဆထား ပါ တယ်ခင်ဗျ။ ဒီလိုမျိုး အချိန်ပေးနေရင်တော့ ICJ ဘက်က အမြန်ဆုံး ဆုံးဖြတ်ချက် မချနိုင်ဘူး ဆိုရင်တော့ ကျွန် တော်တို့ ရိုဟင်ဂျာဘက် ကနေ ဆုံးရှုံးစရာတွေ အခက်အခဲတွေ ဖြစ်မယ်လို့ မျှော်လင့်ထားပါတယ်ခင်ဗျ”
လူမျိုးတုံးသတ်ဖြတ်မှု စွဲချက်ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို စစ် ကောင် စီက အသုတ်လိုက် ပြန်ခေါ်ယူဖို့ ကြိုးစားနေချိန်မှာပဲ မေလ ၁၄ ရက်နေ့က ရခိုင်ပြည်နယ်ကို ဝင် ရောက်ခဲ့တဲ့ အားပြင်း မိုခါမုန်တိုင်း ကြောင့် ရိုဟင်ဂျာဒုက္ခသည် ၁၁၇ ဦး သေဆုံးကြောင်း စစ်ကောင်စီက မေလ၁၉ ရက် နေ့ က ထုတ်ပြန်ထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့ သေဆုံးတဲ့ ရိုဟင်ဂျာ ၄၀၀ ကျော်ရှိတယ်လို့ ထုတ်ပြန်ပါ တယ်။ RFA အနေနဲ့ နှစ်ဖက်စလုံးကထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေကို သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။
တရားရုံးက ဘာကြောင့် အခုလို ရက်ရွှေ့လိုက်တယ်ဆိုတာ အတိအကျ မသိရပေမယ့် မိုခါမုန်တိုင်းကြောင့် ထု ချေလွှာတင်မယ့်ရက်ကို ထပ်ရွှေ့ပေးဖို့ စစ်ကောင်စီဘက်က တင်ပြခဲ့တာ ဖြစ်နိုင်တယ်လို့ ရိုဟင်ဂျာ အရေးလှုပ် ရှားသူတွေနဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်း ကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။ ပြီးခဲ့တဲ့နှစ်က ICJ တရားရုံးထိ သွားရောက်ချေပခဲ့ တဲ့ စစ်ကောင်စီရဲ့ အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးဝန်ကြီး ဦးကိုကိုလှိုင် နဲ့ ရှေ့နေချုပ် ဒေါ်သီတာဦး တို့ကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် လည်း လက် ခံဖြေဆိုခြင်း မရှိပါဘူး။
စစ်တပ်အရာရှိဟောင်းတွေနဲ့ စုဖွဲ့ထားတဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦး ကတော့ အစကတည်းက ထုချေလွှာတင်ဖို့ ၂၀၂၄ အထိ အချိန် ၁၀ လ တောင်း ထားတာ ကို အခု သုံးလပဲ ရွှေ့ဆိုင်းပေးတာက လုံလောက်မှု မရှိသေးဘူးလို့ RFA ကို ပြောပါတယ်။

“ဒါသူတို့ဘက်က နစ်နာတယ်။ ရုံးတော်ဘက်က ဒါကို ကြန့်ကြာအောင်လုပ်လေ တရားမျှတရရှိဖို့အတွက် ကြန့် ကြာလေပေါ့နော်။ ဆိုတော့ ဒီဟာက ဘယ်လိုအခြေအနေ မျိုးမှာမှ မဖြစ်သင့်ဘူးပေါ့ နော်။ ရိုဟင်ဂျာတွေ အ နေနဲ့ကတော့ ဒါကို ကမ္ဘာသိအောင် ပြောဖို့ လိုလိမ့်မယ်ဗျ”
ICJ တရားရုံးက အခုလို ခဏခဏ ရက်ရွှေ့နေတာဟာ ထမ်းဆောင်ရမယ့် တာဝန်ကို ပျက်ကွက်နေတာလို့ ဆွီ ဒင်နိုင်ငံအခြေစိုက် ဥပဒေပညာရှင် ဦးအောင်ထူး က ပြောပါတယ်။
“ICJ ရဲ့ အဓိက ပြသာနာက ဘာလဲဆိုတော့ ထမ်းဆောင်ရမယ့်တာဝန်ကို ပျက်ကွက် သွားတယ်လို့ ယူဆတယ်။ ဆိုလိုချင်တာကတော့ စစ်ကောင်စီဟာ တိုင်းပြည်ကို ကိုယ်စားပြုတဲ့ အစိုးရမဟုတ်ဘူး။ တကယ်တော့ စစ် ကောင် စီဟာ နိုင်ငံတကာ ရာဇဝတ်ကောင်တွေ။ တိုင်းပြည်ကို ကိုယ်စားပြုတဲ့ အစိုးရတစ်ရပ်အနေနဲ့ ICJ က အမှုစစ်ဆေး လက်ခံပေးလိုက်တာဟာ ဒါက ICJ ကိုယ်တိုင်က နိုင်ငံတကာ ဥပဒေအခြေခံကို ချိုးဖောက်ရာ ရောက်သွားတယ်”
အမှုအတွက် နှစ်ဖက်စလုံးက အပြန်အလှန်လျှောက်လဲခဲ့ပြီးနောက် တရားရုံးက လူမျိုးတုံးသတ်ဖြတ်မှု စွဲချက်ကို တရားဝင် လက်ခံလိုက်ပြီး ဆက်လက်စစ်ဆေးဖို့ ပြီးခဲ့တဲ့နှစ်က ဆုံးဖြတ်ပြီး ဆက်လက်စစ်ဆေးနေတာ ဖြစ်ပါ တယ်။
Link : Here
No comments:
Post a Comment