B B C
ဘီဘီစီ မြန်မာပိုင်း
06 ဒီဇင်္ဘာ 2019
ရက္ခိုင့်တပ်မတော် စစ်ဦးစီးချုပ် ဇနီးနဲ့ သားသမီးများ အဖမ်းခံရ
ရက္ခိုင့်တပ်မတော် (AA) ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ ယောက္ခမ ဖြစ်သူ ရခိုင်လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှကို ဘီဘီစီက မေးကြည့်တော့ " အခုပဲ အဲဒီသတင်းကြားလို့စိတ်မကောင်းဖြစ်နေတာ ။ ကိုယ့် သမီးတယောက် အဖမ်းခံရတော့ စိတ်မကောင်းဖြစ်တာပေါ့။ အဲဒီထဲ မြေးလေးနှစ်ယောက်လည်း ပါတယ်။" လို့ ဘီဘီစီကို အတည်ပြုပါတယ်။
အခု ဖမ်းခံရသူ စစ်ဦးစီးချုပ်ရဲ့ ဇနီးဖြစ်သူ မဇာဇာ နဲ့ သားသမီးတို့ကို မြန်မာနယ်စပ် မဲဆိုင်မှာ ရဟတ်ယာဉ်နဲ့ သယ်ဆောင် သွားတာတွေ့ပြီး မြန်မာပြည်ကို ပြန်ပို့မယ်လို့ ယူဆရကြောင်း ထိုင်းနိုင်ငံက ရခိုင်အသိုင်းအ ဝိုင်းက ပြောဆိုပါတယ်။
ဖမ်းဆီးခံရသူ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ဖမ်းခံရသူ သားသမီးတွေအနက် သမီးဖြစ်သူမှာ စောပြည့်သျှင်မှာ အသက် ၁၁ နှစ်အရွယ်ရှိပြီး သားဖြစ်သူ မှာ အသက် တစ်နှစ်ကျော်ရှိပါတယ်။
ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ညီဖြစ်သူ ကိုအောင်မြတ်ကျော် အပါအဝင် ဆယ်ဦးကို ရက္ခိုင့်တပ်မတော် အေအေ ကို ငွေကြေးထောက်ပံ့တယ်ဆိုပြီး အကြမ်းဖက် ဥပဒေနဲ့ အမှုဖွင့် ဖမ်းဆီးခဲ့ပါတယ်။
ဒါ့အပြင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ ညီမဖြစ်သူ နဲ့ ယောက်ဖဖြစ်သူ ကိုကျော်နိုင်တို့ကိုလည်း ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်လာစဉ်မှာပဲ မင်္ဂလာဒုံလေဆိပ်မှာ ဖမ်းဆီးခဲ့ပြီး မရမ်းကုန်းတရားရုံးမှာ အကြမ်းဖက် ဥပဒေ နဲ့ တရားစွဲဆိုထားပါတယ်။
ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ယောက်ခမဖြစ်သူ ရခိုင်လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှကတော့ " အန်ကယ် ဘယ် သူ့ဘက်ကမှ မရပ်တည်ဘူး အမှန်တရားဖက်ကပါ ရပ်တည်မယ် ဒါဥပဒေအတိုင်းသွားရမှာပဲ။ အန်ကယ် ကိုယ့်အလုပ်ပဲ ကိုယ်ဆက်လုပ်မယ် ။ အနာဂတ်ကို ဘယ်သူမှ မပိုင်ဘူး " ဟု ဆိုပါတယ်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို ဆက်သွယ်မေးမြန်းကြည့်တဲ့ အခါမှာတော့ ရဲမှူးကြီး မျိုးအောင်က ဒီကိစ္စကို မသိရှိရ သေးကြောင်း ပြောဆိုပါတယ်။
Link : Here

No comments:
Post a Comment