ဗွီအိုအေ (မြန်မာပိုင်း)
26 သြဂုတ်၊ 2020
26 သြဂုတ်၊ 2020
၂၀၁၇ အောက်တိုဘာ ၁၆ တုန်းက ရိုဟင်ဂျာ ဒုက္ခသည်များ ထထွက်ပြေးလာစဉ်
မြန်မာ လုံခြုံရေးတပ်ဖွဲ့တွေက သိန်းချီတဲ့ ရိုဟင်ဂျာတွေအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ တိုက်ခိုက်ခဲ့ တာ ၃ နှစ် ပြည့်မြောက်ချိန်မှာပဲ အဲဒီ တိုက်ခိုက်မှုအတွက် တာဝန်ရှိသူတွေကို အပြစ်ပေးအရေးယူဖို့နဲ့တိုက် ခိုက်မှုကြောင့် သေဆုံး၊ ထိခိုက်၊ ဒုက္ခရောက်ခဲ့ရသူ အတွက် တရားမျှတမှုရနိုင်အောင် လုပ်ဆောင်ပေးဖို့ အမေရိကန် ပြည် ထောင်စုက ထပ်မံတောင်းဆို လိုက်ပါတယ်။ ဒါ့အပြင် ရခိုင် ပြည်နယ်ထဲ နောက်ထပ်ဖြစ် ပွားနေတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ ရပ်ဆိုင်းဖို့ကိုလည်း တိုက်တွန်းလိုက်ပါတယ်။
ဒုက္ခသည်တွေနဲ့ နိုင်ငံတွင်း အိုးအိမ်စွန့်ခွာထွက်ပြေးရသူတွေ မိမိ ဆန္ဒအလျောက်၊ ဂုဏ်သိက္ခာ ရှိရှိနေရပ် တွေ ကို ပြန်နိုင်ရေး သင့်လျော်တဲ့ အစီအမံတွေ ချမှတ်ပေးဖို့နဲ့ Kofi Annan ဦးဆောင်တဲ့ အကြံပေးကော်မ တီ အစီရင်ခံစာပါတိုက်တွန်းချက်တွေကို အလေးအနက် အကောင်အထည်ဖော်ပေးဖို့မြန်မာ အာဏာပိုင် တွေကို တိုက်တွန်းကြောင်းလည်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ဌာန ပြောခွင့်ရ Morgan Ortagus ရဲ့ ဩဂုတ်လ ၂၅ ရက်နေ့ ရက် စွဲနဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
၂၀၁၇ ခုနှစ်က စလို့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းဖြစ်ပွားခဲ့တဲ့ အကျပ်အတည်း ဒဏ်တွေကို ခံစားခဲ့ရသူတွေကို လူသားချင်း စာနာမှု အကူအညီ အမေရိကန် ဒေါ်လာ ၉၅၁ သန်း အမေရိကန် ပြည်ထောင်စု က အထောက်အပံ့ပေးခဲ့ကြောင်း၊ ဒုက္ခသည် ၈၆၀၀၀၀ ကျော်ကို လက်ခံပေးထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ကျေးဇူးတင်ရှိကြောင်းနဲ့ ရိုဟင်ဂျာ အကျပ်အတည်း ပြေလည်မှုရစေရေး တခြား နိုင်ငံတွေကလည်းကြိုးပမ်း ပေးဖို့ တောင်းဆိုကြောင်း သ တင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရက်စက်ကြမ်းကြုတ်မှုတွေကို ကျူးလွန်တဲ့သူတွေကို အပြစ်ပေး အရေးယူရာမှာ အမေရိကန် ပြည်ထောင်စု အနေနဲ့ မြန်မာ စစ်တပ် ထိပ်တန်း ခေါင်းဆောင်တွေကို ဘဏ္ဍာရေးနဲ့ ဗီဇာ ပိတ်ပင်တားမြစ်ချက်တွေနဲ့ ဒဏ်ခတ် အရေး ယူထားကြောင်း၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ စုံစမ်း စစ်ဆေးရေး ယန္တရားကို ထောက်ခံသလို နိုင်ငံတကာတရားရုံး ICJ ရဲ့ တရားစီရင်ရေးကိစ္စတွေမှာ မြန်မာနိုင်ငံအနေနဲ့ အပြည့်အဝ ပါဝင် ဆောင် ရွက် ဖို့ တိုက်တွန်းကြောင်းလည်း ဖော်ပြထားပါတယ်။
အမေရိကန် ပြည်ထောင်စုအနေနဲ့ အာဏာရှင်စနစ်ရဲ့ ဆိုးမွေတွေကို ကျော်လွှားနိုင်ဖို့နဲ့ ဒီမိုကရေစီနဲ့ ငြိမ်း ချမ်းရေးကို ရရှိဖို့ကြိုးစားနေတဲ့မြန်မာပြည်သူပြည်သားတွေနဲ့အတူ လက်တွဲ အလုပ်လုပ်ကိုင်သွားမှာ ဖြစ်တယ်လို့လည်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။
ရန်ကုန်မြို့က အမေရိကန် သံရုံးကလည်း လွန်ခဲ့တဲ့ ၃နှစ်က ရခိုင်မြောက်ပိုင်းကနေ နေရပ်စွန့်ခွာထွက်ပြေး ရတဲ့သိန်းနဲ့ချီတဲ့ပြည်သူတွေ အခုအချိန်အထိ ဒုက္ခ ခံစားနေရဆဲ ဖြစ်လို့ စိတ်မကောင်း ဖြစ်မိကြောင်းနဲ့ ငြိမ်း ချမ်းရေးကို ရှာဖွေနေတဲ့ ပြည်သူတွေရဲ့ လက်တွဲဖော် အဖြစ် အမေရိကန် ပြည်ထောင်စုအနေနဲ့ ဆက်လက် ရပ်တည်သွားမယ်လို့လည်း ကြေညာထားပါတယ်။

No comments:
Post a Comment